ဇာဂနာ(ရုပ်ရှင်နှင့် သဘင်ပညာရှင်): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Linked flag of Myanmar to SVG version
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၄၉ -
သူရ၏ ပထမဦးဆုံး အောင်မြင်ချိန်သည် ကောလိပ်တွင် ကျောင်းတက်နေသော အချိန်ဖြစ်သည်။ ထိုစဉ်က သူရသည် ဇာဂနာ အမည်ဖြင့် ရန်ကုန်သက္ကသိုလ် အငြိမ့်သဘင်ပွဲတစ်ခု၌ ဖျော်ဖြေခဲ့သည်။ သူသည် တက္ကသိုလ်ကျောင်း ဌာန အသီးသီးမှ ကျောင်းသားများ ပေါင်းစပ်ကာ မြကျွန်းသာ အမည်ရှိသည့် အငြိမ့်အက အဖွဲ့တစ်ခု တည်ထောင်ခဲ့သည်။ ထို့နောက် မိုးနတ်သူဇာ အမည်ဖြင့် ပြဇာတ်အဖွဲ့ တစ်ခုစုစည်းခဲ့ပြီး၊ ကျောင်းသားများ နှစ်ပတ်လည်တွေ့ဆုံပွဲများတွင် ကပြဖျော်ဖြေခဲ့သည်။ မြန်မာ့ရုပ်မြင်သံကြားတွင် သူ၏ အဖွဲ့သားများ အငြိမ့်ကပြမှုအား ထုတ်လွှင့်ခဲ့ပြီးနောက်၊ ပို၍နာမည်ကြီးလာခဲ့သည်။
 
သွားဘက်ဆိုင်ရာ ပညာရပ်များ လေ့လာပြီးနောက်၊ သူသည် အနုပညာ အငြိမ့်လောကသို့ ခုန်ဝင်ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် မြပုန္ဒမာ အငြိမ့်အဖွဲ့ အမည်ဖြင့် မြန်မာ့ရုပ်မြင်သံကြားတွင် မကြာခဏ ထုတ်လွှင့်ခဲ့သည်။ ဇာဂနာ၏ တွေးတောကြံဆ နိုင်မှုများ နှင့် စစ်အစိုးရ၏ မအောင်မြင်သော လုပ်ရပ်များကို ပြက်လုံးများဖြင့် သန်းနှင့်ချီသော ပြည်သူများရှေ့တွင် တင်ဆက်ပြသ နိုင်ခဲ့သဖြင့် လူအများမှ အံ့သြခဲ့ကြသည်။အံ့ဩခဲ့ကြသည်။ သူ၏ နာမည်အကြီးဆုံးဖြစ်သည့် “သူတောင်းစား ညီလာခံ” ပြဇာတ်၏ ပြက်လုံးများသည် စစ်အာဏာရှင် နေဝင်း နှင့် သူ့၏ လက်ပါးစေများကို အရွဲ့တိုက်ထားခြင်းကြောင့် ပြည်သူ့အကြိုက်ဖြစ်ခဲ့သည်။ သူငယ်ချင်းများအနေနှင့် သူ၏ စစ်အာဏာရှင် ဆန့်ကျင်ရေးပြက်လုံးများ လွှင့်ထုတ်နေသော်လည်း စစ်အစိုးရမှ ဒုက္ခပေးခြင်း၊ ထောင်ကျခြင်းများ မရှိခဲ့သဖြင့် အံ့သြခဲ့ကြသည်။အံ့ဩခဲ့ကြသည်။
==အငြိမ့်သဘင် နှင့် ဇာဂနာ==
မြန်မာပြည်တွင် အငြိမ့်သဘင်လောကကို ပြန်လည်ခေတ်စားလာအောင် လုပ်ပေးနိုင်ကြသူများတွင် ဇာဂနာသည့် အဓိက ပါဝင်သော အနုပညာသမားတစ်ယောက်ဖြစ်သည်။ [[အငြိမ့်]]ဆိုသည်မှာ မင်းသမီး တစ်ယောက် (သို့) နှစ်ယောက်တို့ နှင့် လူရွှင်တော် လေးယောက် (သို့) ငါးယောက်တို့ဖြင့် ကပြဖျော်ဖြေသော အနုပညာလုပ်ငန်းဖြစ်သည်။ လူရွှင်တော်သည် ပုံမှန်အားဖြင့် မင်းသမီး ကဖို့ရန်ပြင်ဆင်နေသောအချိန်တွင် ပြက်လုံးထုတ်ကာ လူအများရယ်အောင် ပြုလုပ်ကြသူများဖြစ်သည်။ ထိုအချိန်က အငြိမ့်သည် မြို့ကြီးပြကြီးများတွင် ပျောက်ကွယ်လု နည်းပါးဖြစ်နေသော အနုပညာရပ်တစ်ခုဖြစ်၍ ဇာဂနာပါဝင်လာပြီးနောက်ပိုင်း ပြန်လည် သစ်ဆန်းလာခဲ့သည်။