မျိုးမြင့်ညိမ်း: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး ပုံအရွယ်အစားနှင့် ပုံစာထည့်သွင်းခြင်း
စာကြောင်း ၃၂ -
၁၉၈၁ စာတည်းချုပ်ဦးမြလှိုင် တည်‌ထောင်‌သော [[‌ပေဖူးလွှာမဂ္ဂဇင်း]]တွင် အယ်ဒီတာအဖြစ် တာဝန် ထမ်း‌ဆောင်သည်။ ၁၉၈၃ တွင် [[မ‌ဟေသီမဂ္ဂဇင်း]]၊ ၁၉၈၅ တွင် သတင်းလွှာဂျာနယ်၊ ၁၉၈၄ တွင် သတင်းမဂ္ဂဇင်းတို့တွင် အယ်ဒီတာအဖြစ် ပူးတွဲတာဝန် ထမ်း‌ဆောင်သည်။
 
[[File:Arrest of three activists .jpg|thumb|275x275px|မင်းလူ၊ မျိုးမြင့်ညိမ်း၊ စိန်လှိုင်(ဝဲမှယာ)]]
 
၁၉၈၈ လူထုလှုပ်ရှားမှုတွင် စာ‌ပေနှင့်အနုပညာရှင်များအဖွဲ့၌ ပါဝင်ခဲ့ပြီး ၁၉၈၈ တွင် [[အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်]] မှတ်တမ်းလွှာစာ‌စောင် အုပ်ချုပ်‌ရေးအယ်ဒီတာအဖြစ် တာဝန်ယူသည်။
စာကြောင်း ၃၈ -
၂ဝဝ၁ ခုနှစ်တွင် က‌နေဒါနိုင်ငံ the Canadian Journalists for Freedom of Expression (CJFE) မှ လွတ်လပ်စွာ‌ရေးသားခွင့်ဆိုင်ရာ စာ‌ပေဆု ချီးမြင့်သည်။ ၂ဝဝ၂ ခုနှစ်တွင် နိုင်ငံတကာ စာနယ်ဇင်းသမားများ၏ လက်မှတ်‌ရေးထိုး‌တောင်းဆိုမှုကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာပီနဲရိုးမှ မြန်မာနိုင်ငံအစိုးရသို့ ‌ပေးအပ်ခဲ့ပြီး‌နောက် ‌ဖေ‌ဖော်ဝါရီ ၁၃ ရက်တွင် [[သာယာဝတီအကျဉ်း‌ထောင်]]မှ လွတ်‌မြောက်ခဲ့သည်။ အကျဉ်း‌ထောင်မှ လွတ်‌မြောက်ခဲ့ပြီး‌နောက် အစ်ကိုဖြစ်သူ အယ်ဒီတာချုပ် [[ဝင်းငြိမ်း|ဦးဝင်းငြိမ်း]]၏ တာဝန်‌ပေး ချက်အရ ‌ရွှေအမြု‌တေမဂ္ဂဇင်းတွင် အမည်‌ဖော်ပြခြင်းမခံရ‌သော အယ်ဒီတာတာဝန်ယူသည်။ အလင်းတန်းဂျာနယ်တွင် ၂ဝဝ၄ ခုနှစ်မှစ၍၎င်း၊ ဖူးငုံဆယ်‌ကျော်သက်မဂ္ဂဇင်းတွင် ၂ဝဝ၃ ခုနှစ်မှ စ၍‌သော်၎င်း တာဝန်ယူခဲ့သည်။ အကျဉ်း‌ထောင်မှ လွတ်‌မြောက်ပြီး ၁ဝ နှစ်အကြာ ၂ဝ၁၂ ခုနှစ်တွင် မြန်မာအင်ဒီပဲန်ဒင့်သတင်း ဂျာနယ်ကို ထူ‌ထောင်ပြီး တာဝန်ခံအယ်ဒီတာအဖြစ် ‌ဆောင်ရွက်လျက်ရှိပြီး ‌ရွှေအမြု‌တေမဂ္ဂဇင်း၊ ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းနှင့် အလင်းတန်းဂျာနယ်တို့ကိုပါ တာဝန်ခံအယ်ဒီတာအဖြစ် ‌ဆောင်ရွက်လျက် ရှိသည်။
 
[[File:Editor of Independent Journal.jpg|thumb|270x270px|အင်ဒီပဲန်ဒင့်ဂျာနယ်တိုက်တွင် တွေ့ရသော မျိုးမြင့်ညိမ်း(ထိုင်နေသူ)ဖြစ်သည်။]]
[[File:Editor of Independent Journal.jpg|thumb]]
 
[[ပဲန်မြန်မာ]]စင်တာကို မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာစေရန် အဓိက ကြိုးပမ်းခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် [[ပဲန်မြန်မာ]]စင်တာကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့သည်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် ပထမအကြိမ်နှစ်ပတ်လည် ညီလာခံတွင် ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည် ။ သက်တမ်း(၃)နှစ်ပြည့်မြောက်သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ထပ်မံရွေးကောက်ခံခဲ့ရပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။