အင်းဝမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-၀ပမ် +ဝမ်, -ဥ် +ဉ်, -ဩ +ဩ, -ဪ +ဪ, -့် + ့်, -စျ +ဈ, -၀ေ +ဝေ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ို +ဝို, -၀ူ +ဝူ, -၀ဲ +ဝ
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၁၇ -
 
== အင်းဝ​မြို့ သမိုင်း ==
အင်းဝ​မြို့ကို စတင်တည်ထောင်သူမှာ [[အင်းဝ​မင်းဆက်]]ကို စတင်တည်ထောင်သူ [[သတိုးမင်းဖျား]] ဖြစ်သည်။ ၁၃၆၅မှ အစပြုသည့် အင်းဝ​မင်းဆက် တစ်လျောက်လုံးတွင် အင်းဝ​မှာ မြန်မာ မင်းနေပြည်တော်အဖြစ် အောက်ပြည်အရပ် ရာမညမှ [[မဂဒူး မင်းဆက်]]နှင့် စစ်ပြိုင်ပြုခဲ့ကြသည်။ အင်းဝ​မင်းဆက်မှ ဒုတိယမင်းဆက်ဖြစ်သူ [[မင်းကြီးစွာစော်ကဲ]]မှသည် စတုတ္ထမြောက် မင်းဆက်ဖြစ်သူ ဘုရင်[[ပထမမင်းခေါင်|မင်းခေါင်]] လက်ထက်များအထိ [[ဟံသာဝ​တီ]] မွန်ဘုရင် [[ရာဇာဓိရာဇ်]] နှင့် [[အင်းဝ​-ဟံသာဝ​တီ အနှစ်လေးဆယ်စစ်]] ကို တိုက်ခိုက်ခဲ့ကြသည်။ နောက်ဆုံးမင်းဖြစ်သည့် [[ရွှေနန်းကျော့ရှင်နရပတိ]] လက်ထက် အင်းဝ​၏ အင်အားသြဇာအင်အားဩဇာ ယုတ်လျော့ ကျဆင်းချိန်တွင် အင်အား ကြီးမားလာသည့် [[မိုးညှင်းစလုံ]] နှင့် ၄င်း၏သား [[သိုဟန်ဘွား]]တို့က အင်းဝ​ကို သိမ်းပိုက်လိုက်ပြီး ရွှေနန်းကျော့ရှင်လည်း ကျဆုံးလေသည်။ ထိုနောက် သိုဟန်ဘွားမင်းပြုရာ ရက်စက်လွန်းလှသဖြင့် မြန်မာအမတ် မင်းကြီးရန်နောင်က ဦးဆောင်လုပ်ကြံလိုက်သည်။ မင်းကြီး ရန်နောင်အား မှုးမတ်တို့က နန်းအပ်သော်လည်း အခြား ရှမ်းစော်ဘွား တစ်ဦးဖြစ်သည့် အုန်းဘောင်ခုံမှိုင်းအား နန်းအပ်ရန် မှာကြားခဲ့ပြီး ရဟန်းပြုကာ တောထွက်သွားခဲ့သည်။ [[ဘုရင့်နောင်]] ဟံသာဝ​တီတွင် နန်းတက်ပြီးနောက်တွင် အင်းဝ​ကို သိမ်းပိုက်ကာ ညီတော် မင်းရဲကျော်ထင်အား သတိုးမင်းစောဘွဲ့ဖြင့် အင်းဝ​ဘုရင်ခံအဖြစ် နန်းအပ်ကာ အုပ်ချုပ်စေသည်။ ဘုရင့်နောင်နောက် [[နန္ဒဘုရင်]] လက်ထက်တွင် ဖြစ်ပေါ်လာသည့် နိုင်ငံတော်ပြိုကွဲမှု၏ အစမှာလည်း အင်းဝ​မှပင် ဖြစ်ရသည်။ နန္ဒဘုရင် နှင့် သတိုးမင်းစောတို့ ဆွေမျိုးများ အချင်းချင်း မသင့်မြတ်ရာမှ ဟံသာဝ​တီနှင့် အင်းဝ​တို့ စစ်ပြုရာ အင်း၀ဘုရင် သတိုးမင်းစော ကျဆုံးပြီးနောက် နန္ဒဘုရင်က မင်းလက်ယာ၊ ၄င်းလွန်လျှင် သားတော် မင်းရဲကျော်စွာ တို့ကို နန်းအပ်သည်။ နောက်ပိုင်းတွင် ပြည်တွင်းရေး မငြိမ်သက်မှုများကြောင့် အင်းဝ​မှ မင်းရဲကျော်စွာလည်း ဟံသာဝ​တီသို့ ပြန်လည်ခေါ်ဆောင်ခံရကာ အင်းဝ​မှာ မင်းလစ်လပ်နေခဲ့ပြီး မြို့ပျက်ကြီးသဖွယ် နှစ်အတန်ကြာနေခဲ့ရသည်။
[[File:innwa3.gif | right | thumb| အင်းဝ​မြို့တံခါး]]
ထိုနောက် [[ညောင်ရမ်းမင်းဆက်]]ကို တည်ထောင်သူ [[ညောင်ရမ်းမင်းတရားကြီး]]ကလည်း ၁၆၀၀တွင် အင်းဝ​ကို သိမ်းပိုက်မင်းပြုရာမှ အင်းဝ​မှာ မင်းနေပြည်တော် ဖြစ်ပြန်သည်။ သို့ရာတွင် ညောင်ရမ်းမင်းဆက်မှ [[အနောက်ဖက်လွန်မင်း]] လက်ထက်တွင် အောက်ပြည်အရပ်ကို သိမ်းသွင်းရန် နန်းသက် တစ်လျောက်လုံးနီးပါးမျှ [[ဟံသာဝ​တီ]]တွင် နန်းစိုက်နေခဲ့ရသည်။ [[သာလွန်မင်း]] (၁၆၂၈-၁၆၄၈)လက်ထက်ရောက်မှ အင်းဝ​သည် မင်းနေပြည်တော်အဖြစ် ပြန်လည် ရောက်ရှိလာရသည်။ ညောင်ရမ်းမင်းဆက် နောက်ဆုံးအချိန်များတွင် မင်းများ ညံ့ဖျင်းသည်ကြောင့် တစ်ကြောင်း၊ ရာသီဥတု ဖောက်ပြန်သည်ကြောင့် တစ်ကြောင်း တိုင်းပြည်အနှံ့ မငြိမ်မသက် ဖြစ်လာပြီး နောက်ဆုံးတွင် ဟံသာဝ​တီမှ ဆင်ဝန် ဦးအောင်လှက ဗြမိုင်းဓိရာဇာဘွဲ့ဖြင့် မင်းပြု ပုန်ကန်သည်။ ပုန်ကန်မှု အောင်မြင်ပြီး အင်း၀ကို သိမ်းပိုက်ကာ အင်း၀ဘုရင် [[မဟာဓမ္မရာဇာဓိပတိ]](၁၇၃၃-၁၇၅၂) ကို ဟံသာဝ​တီသို့ အကျယ်ချုပ်ဖြင့် ခေါ်ဆောင်ထားရှိခဲ့သည်။ (နောက်ပိုင်းတွင် ကွပ်မျက်ခဲ့သည်။)