ခရုစုတ်ငှက်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၄ -
 
== ခရုစုတ်ငှက်များအား ခွဲခြားခြင်း ==
{{main|မိန်းမလက်သည်း}}
ရှေးမြန်မာတို့က မိန်းမလက်သည်းဟု ခေါ်သော ခရုစုတ်ငှက်မှာ ပထမ မျိုးစဉ်တွင် ပါဝင်သော နျူမင်နိယပ် အာကွာတာငှက်ဖြစ်သည်။ အင်္ဂလိပ်အခေါ်အားဖြင့် ကာလျူးဟု ခေါ်သည်။ ရခိုင်တိုင်းတွင်း ဤငှက်ကလေးမျိုးကို ပါဏဗေဒပညာရှင်တို့က စနိုက်ငှက်နှင့် မျိုးတူဟု ပြဆိုကြသည်။ ထိုငှက်မျိုးတွင် နှုတ်သီးသည် ရှည်၍ အောက်ဖက်သို့ စိုက်ကာ ကွေးနေတတ်သည်။ အချို့သော ခရုစုတ်ငှက်တို့၏ နှုတ်သီးမှာ ၈ လက်မအထိ ရှည်သည်။ ခြေတံလည်း ရှည်သည်။
 
ဤငှက်သည် အလျား ၂၃ လက်မခန့် ရှိ၍ ပျံသန်းနေစဉ် ဖြူဖွေးသော နောက်ပိုင်းကို ထင်ရှားစွာ တွေ့မြင်နိုင်သည်။ အသံမှာ ကျယ်လောင်၍ သာယာပေသည်။ တေးလည်း ဆိုတတ်သည်။ သို့သော် မြန်မာနိုင်ငံ၌ကား ထိုငှက်သည် တေးကို တစ်ပိုင်းတစ်စသာ ဆိုတတ်၍ ထိုတေးသံကို ညဖက်တွင်သာ ကြားရတတ်သည်။ “ကွပ်၊ ကွပ်” ဟုလည်းကောင်း၊ “ကရူး၊ ကရူး” ဟုလည်းကောင်း အော်တတ်သည်။
ဤခရုစုတ်ငှက်မျိုးသည် မြစ်ကမ်းခြေတစ်လျှောက်ရှိ လဟာပြင်တွင် ကျက်စားလေ့ရှိသည်။ အလွန်သတိရှိ၍ လူအနားကပ် မခံချေ။ ပျံသန်းရာတွင် လျှင်မြန်သည်။ သို့သော် တောင်ပံချင်း ဖြည်းညှင်းစွာ ရိုက်၍ ပျံတတ်သည်။ ရေတိမ်ထဲတွင် လမ်းလျှောက်၍ အစာရှာဖွေသည်။ ယင်းတို့သည် အုပ်သင်းဖွဲ့၍ နေမြဲဖြစ်သော်လည်း၊ တစ်ကောင်ချင်း နေသည်ကိုလည်း မကြာမကြာ တွေ့ရတတ်သည်။ ရေကောင်းစွာ ကူးနိုင်သည်။ သို့သော် ချောင်းမြောင်းကို ဖြတ်သည့်အခါမှာ ရေကူး၍ သွားလေ့ရှိသည်။
အဆိုပါ ခရုစုတ်ငှက်မျိုးသည် အခြားနိုင်ငံ၌ သားပေါက်၍ မြန်မာနိုင်ငံသို့ ဆောင်းရာသီကျမှ လာရောက် ကျက်စားလေ့ရှိသည်။ စစ်တောင်းမြစ်ဝ တစ်ဝိုက်တွင်မူ မေလမှ ဇူလိုင်လအတွင်းတွင် တစ်ကြိမ်၊ အောက်တိုဘာလတွင် တစ်ကြိမ်တွေ့ရ၍ ရန်ကုန်မြို့ကို တစ်ခါတစ်ရံ ဖြတ်သန်းပျံတတ်သည်ကို သိရလေသည်။ ဧရာဝတီမြစ်ရိုးတစ်လျှောက်နှင့် မြင်းခြံတစ်ဝိုက်တွင် ဆောင်းရာသီ၌ အများအပြား တွေ့ရ၍၊ မိုးဥတုတွင် နှစ်ကောင်ချင်း နေထိုင်သည်ကိုလည်း တွေ့ရတတ်သည်။ မေမြို့နှင့် မြစ်ကြီးနား တစ်ဝိုက်တွင် ငှက်များ အသိုက်ပြောင်း၍ ပျံလာသည်ကို တွေ့ရတတ်သည်။
 
== ခရုစုတ်အဖြူ ==