မော်လမြိုင်မြို့: တည်းဖြတ်မှု မူကွဲများ

proper introduction added
added clarification
စာကြောင်း ၁၂၈ -
 
=== အေဒီ ၁၈ မှ ၁၉ ရာစု ===
[[ကုန်းဘောင်မင်းဆက်]] ထူထောင်သော [[အလောင်းမင်းတရား]] သည် ယိုးဒယား([[ထိုင်းနိုင်ငံ|ထိုင်း]]) သို့ ချီတက်တိုက်ခိုက်ပြီးနောက် ပြန်လည်ဆုတ်ခွာစဉ် မကျန်းမမာ ဖြစ်ကာ မော်လမြိုင်အနီး မုတ္တမကျေးကင်းရွာ၌ ခရစ်နှစ် ၁၇၆၀ မေ ၁၁ တွင် နတ်ပြည်စံတော်မူသဖြင့် [[ရွှေဘိုမြို့|ရွှေဘို]]နေပြည်တော်သို့ တော်ဝင်တပ်တော်များ ပြန်လာခဲ့ကြသည်။ ထိုစဉ် စစ်သူကြီး ဗိုလ်ချုပ် [[မင်းခေါင်နော်ရထာ]] ခေါ် (မုဆိုးချုံ ဗိုလ်တွန်)သည် ရသမျှသော သုံ့ပန်းလူစုများနှင့် မော်လမြိုင်ကို ပြုပြင်ခဲ့လေသည်။ အလောင်းမင်းတရား၏ အရိုက်အရာကို ဆက်ခံသော [[နောင်တော်ကြီးမင်း]]က မင်းခေါင်နော်ရထာကိုပင် မြို့ပြတည်ထောင်ခြားနား၍ ပုန်ကန်သည် အထင်မှားခြင်းကို ခံခဲ့ရဖူးလေသည်။ တစ်ဖန် ပထမ အင်္ဂလိပ်- မြန်မာစစ်ပွဲတွင် စကြာဝန်ကြီးအား မော်လမြိုင်မြို့ကို ပြုပြင်ခိုင်းပြန်သည်။ တိုင်းပြည်မအေးချမ်းသဖြင့် ပြန်လည်ပျက်စီး ယိုယွင်းခဲ့ရပြန်သည်။
 
=== ကိုလိုနီခေတ် မော်လမြိုင်မြို့ (၁၈၂၄ မှ ၁၉၄၈) ===
[[File:Htaw Lay.jpg|thumb|မော်လမြိုင် စစ်ကဲ တရားသူကြီး [[မောင်ထော်လေး၊ စစ်ကဲ|မောင်ထော်လေး]] (ခရစ်နှစ် ၁၇၇၄ - ၁၈၆၇)|307x307px]]
ခရစ်နှစ် ၁၈၂၄-ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့သော [[ပထမအင်္ဂလိပ်မြန်မာစစ်|ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ]] အပြီး ခရစ် ၁၈၂၆ ခုနှစ်တွင် ဗြိတိသျှလက်အောင်သို့ [[ရန္တပိုစာချုပ်]]အရ အောက်မြန်မာနိုင်ငံကို ပေးလိုက်ရသောအခါ မော်လမြိုင်မြို့သည် အောက်မြန်မာပြည်၏ '''[[မြန်မာနိုင်ငံ၏ မြို့တော်များ စာရင်း|ပထမဆုံး မြို့တော်]]''' ဖြစ်လာခဲ့သည်။ ထိုစဉ် [[ကုန်းဘောင်မင်းဆက်]] (၁၁) ဆက်တွင် သတ္တမမြောက် ဖြစ်သော မြန်မာဘုရင် [[ဘကြီးတော်(စစ်ကိုင်းမင်း)|ဘကြီးတော်ဘုရား]]၏ အထင်မှားခြင်းကို ခံရသောအတွက်ကြောင့် [[မွန်လူမျိုး]] ဒလမြို့စား (မင်းကျော်သီဟဘွဲ့ခံကျော်ထင်သီဟသူဘွဲ့ခံ) စစ်ကဲစစ်ကဲကြီး [[မောင်ထော်လေး၊ စစ်ကဲ|မောင်​ထော်​လေး]] သည် အန္တရာယ်ရှောင်တိမ်းသည့်သဘောဖြင့် လှေကြီး လှေငယ်ပေါင်း ၂ဝ⁠ဝ ကျော်တွင် မွန်လူကြီး လူငယ်ပေါင်း တသောင်းကျော် ၂ သောင်းခန့်ကို တင်၍ ရေကြောင်းကူးလာရာ မော်လမြိုင်မြို့ဟောင်းသို့ ဆိုက်ရောက်လျှင် တအိမ်မျှမရှိ၊ တောခုတ်ရှင်းလင်း၍ အိမ်ရာအသီးသီး ဆောက်လုပ်နေထိုင်ကြသည်။ ထိုမှ တစတစ လူမျိုးခြားတို့နှင့် ဆက်ဆံလာခဲ့ရာမှ စည်ကားခဲ့လေသည်။
 
ခရစ်နှစ် ၁၈၃၆ ခုနှစ်တွင် မြန်မာနိုင်ငံ၏ [[မြန်မာနိုင်ငံ သတင်းစာများ|ပထမဦးဆုံးသတင်းစာ]] ဖြစ်သော "[[မော်လမြိုင်ခရော်နီကယ်]] သတင်းစာ(''The Maulmain Chronicle)''"ကို ဗြိတိသျှတို့သည် မော်လမြိုင်၌ စတင်ပုံနှိပ်ထုတ်ဝေခဲ့သည်။<ref>Banerjee, I. & Logan, S. ''Asian Communication Handbook 2008.'' AMIC, 2008. <nowiki>ISBN 978-981-4136-10-5</nowiki>.</ref> အမေရိကန်နှစ်ခြင်းကို စတင်တည်ထောင်သူ အဒိုနီရမ်ဂျပ်ဆင်'''('''[[ယုဒသန်]])သည် သူပြန်ဆိုသော မြန်မာ့ပထမဆုံးဓမ္မသစ်ကျမ်းကို ၁၈၃၂ ခုနှစ်တွင် မော်လမြိုင်၌ ပထမဦးဆုံးအကြိမ် ရိုက်နှိပ်ခဲ့သည်။ ၁၈၃၇ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် ဂျာမန်စူးစမ်းရှာဖွေသူ Johann Wilhelm Helfer မော်လမြိုင်ဆိပ်ကမ်းသို့ ဆိုက်ရောက်ခြင်းဖြင့် သူ့ကိုသမိုင်းတွင် မြန်မာနိုင်ငံသို့ရောက်ရှိသော ပထမဆုံး[[ဂျာမနီနိုင်ငံ|ဂျာမန်လူမျိုး]] ဖြစ်လာစေခဲ့သည်။<ref>Zollner, Hans-Bernd (2002). "Germans in Burma, 1837-1945". The Journal of Burma Studies. Northern Illinois University. 7: 34.</ref> ၁၈၅၂ ခုနှစ်တွင် ယုဒသန်၏ လက်ငုတ်ဖြစ်သော မြန်မာနိုင်ငံ၏ ပထမဦးဆုံး အင်္ဂလိပ်- မြန်မာအဘိဓာန်ကို ဆရာအီး၊ အေး၊ စတီဗင်က မော်လမြိုင်မြို့ အမေရိကန် သာသနာပုံနှိပ်တိုက်၌ ပထမအကြိမ် စက်တင်ပုံနှိပ် နိုင်ခဲ့လေသည်။