စာကြောင်း ၂၄၀ -
ကျနော် တင်ထားတဲ့ စစ်တုရင် ကစားသမားများပုံတွေမှာ လိုင်စင်ဘယ်လိုထည့်ရမလဲခင်ဗျ။ ကိုယ်တိုင်ရိုက်ဓာတ်ပုံမှ တင်လို့ရတာလား။ ကင်မရာ အချက်အလက်ထည့်ဖို့ဆိုရင် ဖုန်းကင်မရာနဲ့ ကိုယ်တိုင်ရိုက်ထားရင်ရော လိုင်စင်ခွင့်ပြုချက်ထည့်လို့ရပါသလားခင်ဗျ။ အခု Facebook ကနေတဆင့် ကာကယံရှင် စစ်တုရင်ကစားသမားနဲ့ ချိတ်ဆက်မေးမြန်း ခွင့်တောင်းပြီး ဓာတ်ပုံနှင့် အချက်အလက်များကို ရေးသားနေခြင်းဖြစ်ပါတယ်။ လမ်းညွှန်ပေးပါဦးခင်ဗျ။ ကျေးဇူးတင်ပါတယ်အစ်ကို {{unsigned2|08:42, 18 November 2020|NCAMyanmar}}
:{{Ping|NCAMyanmar}} ဝီကီမှာ ဘယ်လိုပုံတွေ တင်သင့်တယ်ဆိုတာကို အကျဉ်းပြောရရင် မူပိုင်ခွင့်ကင်းလွတ်တဲ့ပုံတွေတင်လို့ရပြီး မူပိုင်ခွင့်ရှိတဲ့ပုံတွေဆိုရင် [[WP:NFCCP|မူပိုင်ခွင့်ရှိသော အကြောင်းအရာ အသုံးပြုရခြင်း သတ်မှတ်ချက်]] ၁၀ ချက်နဲ့ ကိုက်ညီမှ တင်သင့်ပါတယ်။ မူပိုင်ခွင့် ကင်းလွတ်တာကို ပြန်ရှင်းရရင် မိမိကိုယ်တိုင်ရိုက်ကူထားတာကို အခမဲ့လိုင်စင်နဲ့ သတ်မှတ်လိုက်ရင် မူပိုင်ခွင့်ကင်းလွတ်ပါတယ်။ ဒါဆိုတင်လို့ရပါတယ်။ အခြားတစ်နေရာက ရယူထားတဲ့ပုံတွေ (ဖေ့ဘွတ်ခ်ကနေ ယူတာပဲဖြစ်ဖြစ်၊ တစ်နေရာရာကနေ ဒေါင်းလုပ်ထားတာပဲဖြစ်ဖြစ်) ကိ တင်ဖို့အတွက်ဆိုရင် အခမဲ့လိုင်စင်နဲ့ သတ်မှတ်ထားကြောင်း သက်သေပြနိုင်ရပါမယ် (ဥပမာ ရယူတဲ့ ဝဘ်ဆိုဒ်က မူပိုင်ခွင့် ဖော်ပြချက်လိုမျိုး)။ အသေးစိတ်ကိုတော့ [[ဝီကီပီးဒီးယား:ပုံများတင်ခြင်း]]၊ [[ဝီကီပီးဒီးယား:ပုံအသုံးပြုခြင်း မူဝါဒ]] တွေမှာ ဖတ်ကြည့်ပေးပါ။ (မူဝါဒတွေ ဘာသာပြန်တာ မပြည့်စုံသေးတဲ့အတွက် enwiki ဖက်က မူဝါဒကို ဖတ်မယ်ဆိုလဲ အတူတူပါပဲ။) [[User:Ninjastrikers|Ninja✮Strikers]] «[[User talk:Ninjastrikers|☎]]» ၁၂:၁၅၊ ၁၈ နိုဝင်ဘာ ၂၀၂၀ (UTC)

== လယုန်ပုံအတွက် လိုင်စင်အမှန်လေး သိပါရစေ။ ==

<gallery>
Moon rabbit logo used in Myanmar.jpg|ဆားမုန့်တွင် [[လ (ကမ္ဘာရံဂြိုဟ်)|လ]]နှင့်[[ယုန်]]အား တံဆိပ်အဖြစ် အသုံးပြုထားသည်ကို တွေ့မြင်ရစဉ်
</gallery>

နဂိုကတည်းက ကိုယ်ပိုင်ဖန်တီးမှု လိုင်စင် cc တွေအကြောင်း နားမလည်လို့ ကြုံတာရွေးပြီးတင်မိတာပါ။ ကိုယ်တိုင်ဖန်တီးမှုဆိုတာ ဘယ်အရာကိုမဆို ကိုယ်တိုင်ဓာတ်ပုံရိုက်တာသည်ပင်လျှင် ကိုယ်တိုင်ဖန်တီးတယ်လို့ပဲ နားလည်မိလို့ပါ။

ပုံတင်ရခြင်းရည်ရွယ်ချက်က မြန်မာနိုင်ငံမှာ လနဲ့ယုန်ကိုသုံးပြီး လိုဂိုအဖြစ် သတ်မှတ်လေ့ရှိတယ်ဆိုတာလေးပါပဲ။

အဲဒီပုံ ပြန်တင်ချင်ရင် logo (အခမဲ့မဟုတ် တရားမျှတစွာအသုံးပြုခြင်း) လိုင်စင် ကို ရွေးလို့ရလား

cc 4.0 နဲ့ upload လုပ်လို့မရရင် ပုံကို ဘယ်လိုင်စင်နဲ့ ရွေးတင်ရမှာလဲဆိုတာ ကျေးဇူးပြုပြီးစာပြန်ပေးပါ။

Thank you, admin.

--[[User:Ladybesttruthful|𝓛𝓪𝓭𝔂𝓫𝓮𝓼𝓽𝓽𝓻𝓾𝓽𝓱𝓯𝓾𝓵]] ([[User talk:Ladybesttruthful|✍✉]]) ၁၆:၀၈၊ ၂၇ နိုဝင်ဘာ ၂၀၂၀ (UTC)