ဂျိန်းဘာသာ: တည်းဖြတ်မှု မူကွဲများ

added translated text (lead section from enwiki), not an easy work to write Sanskrit words in myanmar, if mistakes r found, fix pls.
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၇ -
 
အဓိကဘာသာရေး ယုံကြည်ချက်များမှာ အဟိံသဝါဒ (ahiṃsā, မညှင်းဆဲခြင်း) ၊ အနေကန္တဝါဒ (anekāntavāda, ဘက်ပေါင်းစုံမှ ရှုမြင်ခြင်း) ၊ အပါရိဂရာဟ (aparigraha, သံယောဇဉ်၊ တွယ်တာမှု မရှိခြင်း) ၊ ခြိုးခြံစွာကျင့်ခြင်း (asceticism, ကာမဂုဏ်မမှီဝဲခြင်း) စသည်တို့ဖြစ်ကြသည်။
 
ဂျိန်းဘာသာအယူဝါဒကို စတင်ထူထောင်သူများ ချမှတ်ခဲ့သော အထူးခြိုးခြံစွာကျင့်ရသော တပဿီဓူတင်အကျင့်များထက်ပို၍ တင်းကျပ်သောအကျင့်မျိုးကို တွေ့နိုင်ရန် ခဲယဉ်းပေမည်။
 
ဘာသာရေးကိုင်းရှိုင်းသော ဂျိန်းဘာသာဝင်များသည် အောက်ပါ အချက်ငါးခုကို လိုက်နာကြသည်။ အဟိံသ၊ အမှန်တရား (satya, သစ္စာ) ၊ အစေယ (asteya, မခိုးယူခြင်း)၊ ဗြဟ္မစာရီအကျင့် (brahmacharya)၊ အပါရိဂရာဟ (ပိုင်ဆိုင်မှုမရှိခြင်း) တို့ဖြစ်ကြသည်။ ဤမူများသည် ဂျိန်းဘာသာဝင်တို့၏ လူမှုယဉ်ကျေးမှုကို များစွာသောနည်းလမ်းများဖြင့် အကျိုးသက်ရောက်ရာ နေမှုထိုင်ရာ၌ သက်သက်လွတ်စားသောက်ခြင်းများကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ Parasparopagraho Jīvānām (ပါရာစပရောပါဂရာဟို ဂျိဝါနမ်) သည် ဂျိန်းဘာသာ၏ ဆောင်ပုဒ်ဖြစ်၍ အနက်မှာ နာမ်(ဝိဉာဉ်)တစ်ခုသည် အခြားနာမ်(ဝိဉာဉ်)ကို ကူညီဆောင်မရန် (သို့) အချင်းချင်း အထောက်အပံ့ အမှီသဟဲပြုရန် ဖြစ်သည်။ နမောကာရ မန္တန်သည် အခြေခံအကျဆုံး ဘုရားစာဖြစ်၏ ။