ဂေါ်ဒင် လုစ်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၃၈ -
ငါးထောင်တည်မည့် နိမိတ်တည်း" ဟူ၍ ရေးစပ်ထားခဲ့ပြီး ဂေါ်ဒင်လုစ်အမည်အား ဝေဠုဟုခေါ်ဆိုခဲ့သည်။ ဤအမည်မှာ လုစ်၏ ဇနီးဖြစ်သူ ဒေါ်တီတီလုစ်၏ အဘိုးလေး တောင်ခွင်သာသနာပိုင်ဆရာတော်မှ ပညတ်ပေးသည့် မြန်မာအမည်ဖြစ်သည်။ လုစ်၏ တပည့်ရင်းဖြစ်သူ ပုဂံကျောက်စာအရာရှိ မွန်ဘိုကေ က ဆရာအလွမ်းပြေအဖြင့် နဂါးရုံဘုရား၌ ဆရာလုစ်သို့ ကဗျာရေးထိုးထားခဲ့သည်။<ref name="autogenerated1" />
 
==လုစ် လက်ရွေးစင် (The Luce Collection)==
လုစ်၏ လက်ရေးမူများတွင် အမျိုးမျိုးသော အကြောင်းအရာများ ပါဝင်သည်။ ၎င်းတို့အား ဩစတေးလျအမျိုးသားစာကြည့်တိုက်တွင် သေတ္တာ ပေါင်း ၃၂ လုံး၊ ဖိုင်ပေါင်း ၂၂ ဖိုင်အတွင်း ထည့်သွင်း သိမ်းဆည်းထားသည်။ ကျယ်ပြန့်သောစာရင်းရရှိနိုင်ပါသည်။ ဆယ်ခုတွင်ယေဘုယျ စာပေးစာယူပါရှိသည်။ လုစ်လက်ရွေးစင် တွင် စာအုပ်ပေါင်း ၂၀၀၀ကျော်ပါဝင်သည်။ မြန်မာပြည်အကြောင်းအား အဓိကတွေ့ရပြီး အရှေ့တောင်အာရှ၏ ယဉ်ကျေးမှုအကြောင်းများ၊ စာပေနှင့် သမိုင်းအကြောင်းအရာ မြောက်များစွာ ပါဝင်သည်။ အမျိုးသား ကျမ်းကိုးစာရင်းဒေတာဘေ့စ်ပေါ်သို့ ခေါင်းစဉ်များအား စာရင်းပြုစုထားသည်။
ဗုဒ္ဓဘာသာ ဒီဂျစ်တယ်အရင်းအမြစ် ဗဟိုဌာနတွင် လုစ်၏ မထုတ်ဝေခဲ့သည့် မှတ်စုစာအုပ်အစုစုတို့ကို ထပ်ပေါင်းအနေဖြင့် အွန်လိုင်ပေါ်တွင် တင်ထားပေးလေသည်။ ထိုအထဲတွင် ဗမာပြည် ကျောက်စာများအား ကူးယူထားသည့် စာများ ပါဝင်သည်။ မူရင်းအား လန်ဒန်တက္ကသိုလ်ရှိ SOAS တွင်ထိန်းသိမ်းထားသည်။<ref>[https://digital.soas.ac.uk/AA00000924/00002/citation G. H. Luce Papers<!-- ဘော့က ထုတ်ပေးသော ခေါင်းစဉ် -->]</ref><ref>https://www.tbrc.org/#!rid=P2KG200019</ref>