အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
citation added
စာကြောင်း ၃၇ -
ပါတီသည် [[ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၊ ၁၉၉၀|၁၉၉၀ ရွေးကောက်ပွဲ]]တွင် ပါလီမန် မဲဆန္ဒနယ် နေရာများတွင် ရာခိုင်နှုန်းအမြောက်အမြား အနိုင်ရခဲ့သည်။ သို့သော် အုပ်ချုပ်နေသည့် နဝတ အစိုးရမှ အသိအမှတ်မပြုခဲ့ပေ။ ၂၀၁၂ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် [[မြန်မာနိုင်ငံ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ|ကြားဖြတ်ရွေးကောက်ပွဲ]] ဝင်ရောက်ယှဉ်ပြိုင်ရာတွင် မဲဆန္ဒနယ် ၄၅ နေရာတွင် ၄၃ နေရာဖြင့် အနိုင်ရရှိခဲ့သည်။ [[အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၅|၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ]]၌ သောင်ပြို ကမ်းပြို အနိုင်ရရှိခဲ့ပြီး အစိုးရအာဏာကို ရယူနိုင်ခဲ့သည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူ့လွှတ်တော် အမတ်နေရာ ၂၃၈ နေရာ နှင့် ပြည်ထောင်စုလွှတ်တော်တွင် ၃၄၈ နေရာ ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်ရန် လိုအပ်သော အမတ်အရေအတွက်ကို ကျော်လွန်ခဲ့ပြီး အရပ်သားသမ္မတအဖြစ် [[ထင်ကျော်၊ ဦး|ဦးထင်​ကျော်]]ကိုတင်​မြှောက်ခဲ့သည်။ ၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် သမ္မတ ဦးထင်ကျော် နုတ်ထွက်ပြီးနောက် NLD ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်သော [[ဝင်းမြင့် (နိုင်ငံတော်သမ္မတ)|ဦးဝင်းမြင့်]]ကို [[ပြည်ထောင်စုလွှတ်တော်]] နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြောက်ပွဲ၌ မဲအများဆုံးရရှိကာ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ၁၀ ဦးမြောက် [[မြန်မာနိုင်ငံ၏ သမ္မတ|နိုင်ငံတော်သမ္မတ]]အဖြစ် တင်​မြှောက်ခဲ့သည်။
 
၂၀၂၀ မတိုင်မီ NLD အစိုးရ၏ သက်တမ်းအတွင်း ရခိုင်အရေးကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံတကာဖိအားသည် NLD အစိုးရအပေါ် ဝေဖန်မှုများကပို၍ ကျယ်လောင်လာခဲ့သည်။<ref>https://news-eleven.com/article/137493</ref> ထို့အပြင်၂၀၂၀ တွင်ရိုက်ခတ်သော ကိုဗစ်ကပ်ရောဂါကာလ အစပိုင်းတွင် အကောင်းဆုံးကိုင်တွယ် ဖြေရှင်းနိုင်သောကြောင့် WHOမှပင် ချီးကျူးခဲ့ရသော်လည်း နောက်ပိုင်းကာလတွင် NLDအစိုးရ၏ စီမံခန့်ခွဲမှုအားနည်းချက်များကြောင့် ရောဂါကူးဆက်မှု ပိုမိုများပြားလာခဲ့ပြီး ဝေဖန်သံများကျယ်လောင်လာခဲ့သည် ။ဝေဖန်သံများကျယ်လောင်လာခဲ့သည်။<ref>https://www.irrawaddy.com/in-person/country-chief-urges-myanmar-sustain-amazing-covid-19-response.html</ref><ref>https://news-eleven.com/article/198379</ref><ref>https://burmese.voanews.com/a/rangoon-mandalay-election-commission-covid-19/5668751.html</ref>
 
NLD သည် NLD-LA (National League for Democracy-Liberated Areas) နှင့် ကွဲပြားခြားနားသည်။ ၎င်း NLD-LA သည် [[အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)]] ဟု ခေါပြီး၊ ထိုင်းနိုင်ငံနယ်စပ်နှင့် အခြား နိုင်ငံများတွင် ဖွဲ့စည်းထားသည်။