ကယ်လီဖိုးနီးယားပြည်နယ်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၉၆ -
[[File:Mission San Diego de Alcala in 1848.jpg|thumb|၁၈၄၈ မစ်ရှစ် စန်ဒီယေးဂိုး ဒီ အယ်လ်ကာလာ စတင်စဉ်။ ၁၇၆၉ ခုနှစ်တွင် စတင်ခဲ့သော ထိုမစ်ရှင်သည် ပထမဆုံး ကယ်လီဖိုးနီးယား မစ်ရှင်တစ်ခု ဖြစ်သည်။]]
 
ကယ်လီဖိုးနီးယားကမ်းရိုးတန်းအား ပထမဆုံး စွန့်စားသွားလာခဲ့ကြသူများမှာ ဟွမ် ရိုဒရီဂေ့ ကာဗရီဟိုး ဆိုသော ပေါ်တူဂီ ရေယာဉ်မှူး တစ်ဦးမှ ဦးဆောင်သော ရွက်လွင့်ခရီးသွားလာသည့် အဖွဲ့ဖြစ်ပြီး သူတို့သည် ၁၅၄၂ ခုနှစ် စက်တင်ဘာ ၂၈ရက်တွင် စန်ဒီယေးဂိုး ပင်လယ်အော်သို့ ဝင်ရောက်ခဲ့ကာ မြောက်ဘက်တွင် ဆန်မစ်ဂူရယ်ကျွန်းအထိ အနည်းဆံုး ရောက်ရှိခဲ့ကြသည်။{{sfn|Rolle|1987|pp=34–35}} ၁၅၇၉တွင် အင်္ဂလိပ်လူမျိုး ရေတပ်ဗိုလ်နှင့် စူးစမ်းရှာဖွေသူ ဖရန်စစ်ဒရိတ်မှ ကယ်လီဖိုးနီးယားကမ်းရိုးတန်း၏ တစိတ်တဒေသကို သိမ်းပိုက်ကြောင်း ကြေငြာခဲ့ကာ နောက်တွင် ဆန်ဖရန်စစ္စကိုမြို့ဖြစ်လာမည့် နေရာ၏ မြောက်ဘက်တွင် ကမ်းသို့ တက်ရောက်ခဲ့သည်။{{sfn|Rolle|1987|pp=40–41}} အမေရိကန်ပြည်ထောင်စု ဖြစ်လာမည့် နေရာသို့ အာရှသားတို့ ပထမဆုံး ခြေချခြင်းမှာ ၁၅၈၇ခုနှစ်တွင် ဖြစ်ပျက်ခဲ့ပြီး စပိန်သင်္ဘောနှင့် လိုက်ပါလာသော ဖိလစ်ပိုင်သင်္ဘောသားတို့ မော်ရိုပင်လယ်အော်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။<ref>{{cite book |first1=Linda C. |last1=Tillman |first2=James Joseph |last2=Scheurich |title=The Handbook of Research on Educational Leadership for Equity and Diversity|url= {{google books |plainurl=y |id=vSKAAAAAQBAJ|page=202}}|date=August 21, 2013|publisher=Routledge|isbn=978-1-135-12843-2|page=202}}</ref><ref>{{cite book|author=Huping Ling|title=Asian America: Forming New Communities, Expanding Boundaries|url= {{google books |plainurl=y |id=K-DdvbJM_gQC|page=109}}|date=April 29, 2009|publisher=Rutgers University Press|isbn=978-0-8135-4867-8|page=109}}</ref><ref>{{cite book |first1=Linda C. |last1=Tillman |first2=James Joseph |last2=Scheurich |title=The Handbook of Research on Educational Leadership for Equity and Diversity|url= {{google books |plainurl=y |id=vSKAAAAAQBAJ|page=202}}|date=August 21, 2013|publisher=Routledge|isbn=978-1-135-12843-2|page=202}}</ref><ref>{{cite book|author=Huping Ling|title=Asian America: Forming New Communities, Expanding Boundaries|url= {{google books |plainurl=y |id=K-DdvbJM_gQC|page=109}}|date=April 29, 2009|publisher=Rutgers University Press|isbn=978-0-8135-4867-8|page=109}}</ref> စီဘက်စတီးယန်း ဗစ်ကိုင်နိုသည် ကယ်လီဖိုးနီးယား ကမ်းရိုးတန်းအား နယူးစပိန်အတွက် ၁၆၀၂ ခုနှစ်တွင် စူးစမ်းသွားလာကာ မြေပုံ​ရေးဆွဲခဲ့ပြီး မြောက်ဘက် မန်ဒိုချီနို အငူအထိ ရွက်လွှင့်သွားလာခဲ့ကြသည်။ရွက်လွှင့်သွားလာခဲ့သည်။{{sfn|Rolle|1987|p=44}}
 
၁၆ရာစုတွင် ကယ်လီဖိုးနီးယား မြေပေါ်တွင် စူးစမ်းလေ့လာခြင်းများ ပြုခဲ့ကြသော်လည်း ရိုဒရီဂေ့၏ အယူအဆဖြစ်သည့် ကယ်လီဖိုးနီးယားသည် ကျွန်းဖြစ်သည် ဆိုသည်ကို ဆက်လက် စွဲကိုင်ထားကြဆဲ ဖြစ်သည်။ ထိုသို့သော အတွေးဖြင့် ပုံဖော်ထားမှုကို ဥရောပမြေပုံများတွင် ၁၈ ရာစု အထိ တွေ့ရသည်။<ref>{{cite web |url= https://exhibits.stanford.edu/california-as-an-island|title=California as an Island in Maps—Online Exhibits|website=Stanford University Libraries|access-date=June 15, 2016}}</ref>
 
၁၇၆၉-၇၀ ပေါ်တိုလာ စူးစမ်းရှာဖွေမှုအပြီးတွင် ယူနီပါရို ဆယ်ရာ ဦးဆောင်သော စပိန်သာသနာပြုအဖွဲ့များသည် စန်ဒီယေးဂိုးမှစတင်ကာ အော်လ်တာ ကယ်လီဖိုးနီးယား ကမ်းရိုးတန်းပေါ်နှင့် အနီးတစ်ဝိုက်တွင် ကယ်လီဖိုးနီးယား သာသနာပြု မစ်ရှင် ၂၁ ခုကို စတင်တည်ထောင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် စပိန်စစ်တပ်များသည် ပရယ်စီဒီယိုဟု ခေါ်သော ခံတပ်အချို့နှင့် ပျူဗလိုဟုခေါ်သော မြို့ငယ် ၃ ခုကို တည်ဆောက်ခဲ့သည်။ ဆန်ဖရန်စစ္စကို သာသနာပြုမစ်ရှင်သည် ဆန်ဖရန်စစ္စကိုမြို့တော် ဖြစ်လာခဲ့ပြီး အခြား ပျူဗလို နှစ်ခုမှာ လော့အိန်ဂျယ်လိစ် နှင့် ဆန်ဂျို့စ် အဖြစ် တိုးတက်ပြောင်းလဲလာခဲ့သည်။ အခြားသော ပိုမိုသေးငယ်သည့် မြို့တော်များနှင့် မြို့များမှာ စပိန်သာသနာပြုစခန်းများနှင့် ပျူဗလိုတို့၏ ပတ်ဝန်းကျင်တွင် ပေါ်ထွန်းလာခဲ့ပြီး ယနေ့တိုင်အောင် ကျန်ရှိနေဆဲ ဖြစ်သည်။
 
===မက္ကဆီကန်တို့ အုပ်ချုပ်ခြင်း===