အကြောက်လွန်ခြင်း: တည်းဖြတ်မှု မူကွဲများ

rearranged and added some facts
အရေးမကြီးNo edit summary
စာကြောင်း ၂ -
 
== အဓိပ္ပာယ်ဖွင့်ဆိုချက် ==
'''ကြောက်ရွံ့ခြင်းစိတ်ရောဂါ''' (phobic states)''' အကြောင်းရှင်းရလျှင် အကြောက်လွန်ခြင်းဆိုသည်မှာ အခြေအနေအပေါ်မူတည်ပြီး ကြောက်သင့်ကြောက်ထိုက်သည်ထက် လွန်ကဲစွာကြောက်ခြင်း၊ အများနားလည်အောင် အကျိုးအကြောင်းနှင့် မဖြေရှင်းနိုင်တော့ပဲ အဆမတန်ကြောက်ခြင်း၊ မိမိကိုယ်ကို ထိန်းချုပ်၍မရလောက်အောင်ကြောက်ခြင်း၊ ကြောက်လန့်စရာဟုထင်သော အရာဝတ္ထု၊ အခြေအနေ၊ ပတ်ဝန်းကျင်တွေ့လျှင် ရှောင်ရှားခြင်းတို့ဖြစ်ကြသည်။<ref name="mmtimes" />
 
တစ်နည်းဆိုရသော် မြွေကိုမြင်လျှင်၊ အမြင့်သို့တက်လျှင်၊ တစ်ကိုယ်တည်းနေလျှင်၊ စက်လှေကား/ဓာတ်လှေကားကိုစီးလျှင်၊ လေယာဉ်စီးလျှင် ကြောက်လန့်သူများကိုတွေ့ရတတ်သည်။ လူစုလူဝေး၊ မှောင်မည်းခြင်း၊ မိုးခြိမ်းခြင်း၊ လျှပ်စီးလက်ခြင်းတို့ကို ကြောက်လန့်တတ်သူများလည်းရှိသည်။ သုတေသနပညာရှင်တို့သည် ယင်းဝေဒနာ၏ ဇာစ်မြစ်နှင့် စပ်လျဉ်း၍ အငြင်းပွားနေကြဆဲဖြစ်သည်။ မျိုးဗီဇအရ ဖြစ်လွယ်ခြင်းလော၊ ပတ်ဝန်းကျင်ကြောင့်လော၊ နေထိုင်ကြီးပြင်းခဲ့ရသည့် ဘဝကြောင့်လော၊ ထိတ်လန့်စရာ ကြုံခဲ့ဖူး၍လော၊ စိတ်ဖိစီးခြင်းကြောင့်လော၊ ယင်းအကြောင်းတရားတို့ စုပေါင်းရိုက်ခတ်ခြင်းကြောင့်လောဟူ၍ တွေးဆနေကြဆဲဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကမ္ဘာပေါ်၌ စိတ်ဝေဒနာအားလုံးတို့တွင် အတွေ့ရအများဆုံး ဝေဒနာဖြစ်လာသည်ဟု ဆိုနိုင်သည်။ အမေရိကန်ပြည်ထောင်စုတွင် ယင်းဝေဒနာ စွဲကပ်သူ ၁၃ သန်းကျော် ရှိနေ၍ [[အရက်စွဲရောဂါ]]ပြီးလျှင် ဒုတိယအများဆုံး တွေ့ရသည့် စိတ်ကျန်းမာရေးပြဿနာဖြစ်သည်။ သို့သော် အကြောက်လွန်ဝေဒနာသည် ဆိုက်ကိုစစ် (psychosis) ဆန်သောစိတ်ရောဂါမျိုးကားမဟုတ်ပါ။ လူနေမှုဘဝအမှန်နှင့် အဆက်ပြတ်ကာ ဆေးရုံတင်၍ ကုသခံရမည့် အဆင့်မျိုးမဟုတ်ပါ။
စာကြောင်း ၁၉ -
== အကြောက်လွန်ခြင်း အမျိုးအစားများ ==
အကြောက်လွန်ဝေဒနာ များစွာရှိသည့်အနက် ခွဲခြားကြည့်လျှင် အဓိကအုပ်စုကြီး ငါးမျိုးကို တွေ့ရသည်။
* အတွေ့ရ အများဆုံးမှာ '''သာမန်အကြောက်လွန်ခြင်း''' (specific phobia)''' ဖြစ်သည်။ အခြေအနေ သို့မဟုတ် အတွေ့အကြုံတစ်မျိုး၊ နှစ်မျိုးကို ကြောက်ခြင်းဖြစ်သည်။ အမြင့်မတက်ရဲခြင်းနှင့် စက်လှေကားကိုမစီးရဲခြင်း စသည်တို့ဖြစ်သည်။ အမြင့်ကြောက်သူများတချို့ လှေကားအထစ်ပေါ်များမှ အောက်သို့ငုံ့ကြည့်မိလျှင်ပင် ဒူးတုန်၊ ရင်ခုန်ဖြစ်ရသည့်အထိ ခံစားလာရသည်။ တချို့ဆို ရေပြင်ကျယ်ကိုကြောက်သဖြင့် ပင်လယ်ကမ်းခြေ အပန်းဖြေခရီးထွက်သည့်မိသားစုနှင့်ပင် မလိုက်တော့ပဲ တစ်ယောက်တည်းကျန်ရစ်နေတတ်သည်။<ref name="mmtimes" />
* '''တိရစ္ဆာန်အကြောက်လွန်ခြင်း''' (animal phobia)''' များသောအားဖြင့် မြွေနှင့်ပင့်ကူတို့ကို လန့်ကြသည်။ အချို့က ခွေး၊ ကြောင်နှင့် ငှက်ကိုပင် ကြောက်တတ်ကြသည်။ အချို့ဆို ပိုးဟပ်မြင်၍ မေ့လဲသွားသည်လည်းကောင်း၊ တီကောင်ကိုင်မိ၍ ဆွေ့ဆွေ့ခုန်နေသည်လည်းကောင်း ဖြစ်တတ်သည်။<ref name="mmtimes" /> တိရိစ္ဆာန်အကြောက်လွန်ခြင်းမှာမူ ကလေးဘဝကပင် စွဲကပ်တတ်သည့် သဘောရှိသည်။
* '''လူမှုရေးအကြောက်လွန်ခြင်း''' (social phobia)''' သည် စိတ်ကျဉ်းကျပ်ခြင်း၊ ရှက်ရွံ့ခြင်းတို့ကြောင့် ထိတ်လန့်နေခြင်း ဖြစ်သည်။ လူအများနှင့် ပေါင်းသင်းဆက်ဆံရမည်ကို ကြောက်ရွံ့ခြင်း (လူကြောက်ခြင်း)၊ ပရိသတ်ရှေ့၌ စကားမပြောရဲခြင်းမျိုး ဖြစ်သည်။ အချို့က လူအများရှေ့၌ မစားရဲကြချေ။ အချို့ကမူ တစ်စုံတစ်ယောက်၏ ရှေ့မှောက်၌ လက်မှတ်မထိုးရဲချေ။
* '''ရောဂါကြောက်ခြင်း''' (illness phobia) ဆိုသည်မှာ ရောဂါတစ်ခုအကြောင်း သိမှတ်ဖတ်ရှုခြင်း များလာသောအခါ မိမိမှာ ထိုရောဂါရှိနေပြီလားဟူ၍ ရောဂါအကြောင်းတွေးရင်း အကြောက်လွန်သည်ကို ဆိုလိုသည်။
* '''စွဲလမ်းလွန်ကြောက်ခြင်း''' (obsessional phobia)''' ဆိုသည်မှာ ပစ္စည်း အရာဝတ္ထုကို တိုက်ရိုက်ကြောက်ရွံ့ခြင်းမဟုတ်ပဲ ၎င်းမှတစ်ဆင့် နောက်ဆက်တွဲဖြစ်နိုင်သောအကျိုးဆက်ကိုသာ ကြောက်ရွံ့ခြင်းဖြစ်သည်။ ဉပမာတစ်ခုပြရသော် ခွေးကို မကြောက်လန့်ပဲ ခွေး (သို့မဟုတ်) ခွေးသွားရည်နှင့်ထိ၍ ရောဂါကူးစက်ခံရနိုင်သည်ဟု တွေးရင်း ခွေးကိုရှောင်ကြဉ်သည်ကို ဆိုလိုသည်။<ref name="mmtimes" />
* '''သွေးထွက်သံယိုအကြောက်လွန်ခြင်း'''တွင် သွေးမြင်လျှင် လန့်ခြင်း၊ နာမည်ကိုတွေး၍ လန့်ခြင်း၊ ဆေးကုသခံရမည့်အရေး၊ ခံတွင်းနှင့်သွားဆရာဝန်ထံ ပြသရမည့်အရေးကို ထိတ်လန့်ခြင်းတို့ပါ အကျုံးဝင်သည်။
* အရှုပ်အထွေးဆုံး ကြောက်လွန်ဝေဒနာပုံသဏ္ဌာန်ဖြစ်သည့် '''လေဟာကြောက်လွန်ခြင်း''' (Agoraphobia)''' ဖြစ်သည်။ အန္တရာယ်မရှိသော လူတစ်ဦး သို့မဟုတ် နေရာတစ်နေရာမှ ခွဲခွာ၍ သွားရမည်ကို စိုးရွံ့ခြင်းဖြစ်သည်။ ဗလာဟင်းလင်းပြင်ကွက်လပ်ကြီးထဲတွင် ကြောက်လန့်နေတတ်သည်။ အချို့သည် နှစ်ပေါင်းများစွာ အိမ်တွင်းအောင်းနေတတ်သည်။ အချို့သည် ကျောင်းသို့ စတင်ပို့ခံရသည့် ပထမဆုံးနေ့က သူငယ်တန်းကလေးငယ်ပမာ ခင်ပွန်းသည်ကိုဖြစ်စေ၊ အားထားစရာ ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ တွယ်ကပ်နေတတ်သည်။ အကြောက်လွန်ခြင်းအားလုံးတို့နှင့် ဆက်စပ်နေသော ဝေဒနာတစ်မျိုးမှာ ပိတ်လှောင်ကြောက်လွန်ခြင်းဖြစ်သည်။
 
လူမှုရေး အကြောက်လွန်ခြင်းမှအပ အခြားအကြောက်လွန် ဝေဒနာအားလုံးတို့သည် အမျိုးသားများထက် အမျိုးသမီးများတွင် ပိုမိုစွဲကပ်တတ်သည်။ အကြောက်လွန်ဝေဒနာတို့သည် အရွယ်မရွေး စွဲကပ်တတ်သော်လည်း အများစုသည် အသက် ၁၅ နှစ်မှ ၃ဝ ထိ အပိုင်းအခြား၌ စတင်စွဲကပ်တတ်သည်။