ထိုင်းနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး not so obvious 115.164.93.110 (ဆွေးနွေး) ၏ တည်းဖြတ်မူ 568007 ကို ပြန်လည်ပယ်ဖျက်လိုက်သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
အရေးမကြီးNo edit summary
စာကြောင်း ၅၉ -
'''ထိုင်းနိုင်ငံ''' သည် အရှေ့တောင်အာရှ တွင်ပါဝင်ပြီး ရုံးသုံးအမည်အားဖြင့် ထိုင်းဘုရင့်နိုင်ငံ ({{Lang-en|Kingdom of Thailand }}) ဟုခေါ်ဝေါ်သည်။ ထိုင်းနိုင်ငံအား ယခင်က သယာမ် ({{Lang-en| Siam}} <small>ဆီယမ်</small>) ဟု ခေါ်ဆိုခဲ့ကြသည်။ အင်ဒိုချိုင်းနားကျွန်းဆွယ် အလယ်ပိုင်း အရှေ့တောင်အာရှ ကုန်းမကြီးတွင် တည်ရှိသည်။ မြောက်ဘက်တွင် [[မြန်မာနိုင်ငံ]]နှင့် [[လာအိုနိုင်ငံ]] ၊ အရှေ့ဘက်တွင် [[လာအိုနိုင်ငံ]] နှင့် [[ကမ္ဘောဒီးယားနိုင်ငံ]]၊ တောင်ဘက်တွင် ထိုင်းပင်လယ်ကွေ့ နှင့် [[မလေးရှားနိုင်ငံ]]၊ အနောက်ဘက်တွင် ကပ္ပလီပင်လယ် နှင့် တောင်ဘက်စွန်းတွင် [[မြန်မာနိုင်ငံ]] တို့ တည်ရှိသည်။ ပင်လယ်ရေပိုင်နက် အနေနှင့် အရှေ့တောင်ဘက် ထိုင်းပင်လယ်ကွေ့တွင် [[ဗီယက်နမ်နိုင်ငံ]]နှင့် လည်းကောင်း၊ အနောက်တောင်ဘက် ကပ္ပလီပင်လယ်တွင် [[အင်ဒိုနီးရှားနိုင်ငံ]] နှင့် [[အိန္ဒိယနိုင်ငံ]] တို့နှင့် လည်းကောင်း ထိစပ်လျက် ရှိသည်။
 
ထိုင်းနိုင်ငံအား ၂၀၁၄ ခုနှစ် မေလ စစ်တပ်မှ အာဏာသိမ်းယူပြီးနောက် ငြိမ်းချမ်းရေး နှင့် ငြိမ်ဝပ်မှု အမျိုးသား ကောင်စီမှ အုပ်ချုပ်လျှက် ရှိသည်။<ref name="ThailandPM">{{cite news|title=Thailand's Junta Chief Chosen as Prime Minister|url=http://www.bangkoknews.net/index.php/sid/224959611|date=21 August 2014|accessdate=21 August 2014|publisher=Thailand News.Net}}</ref> ထိုင်းနိုင်ငံ၏ ဘုရင်မင်းဆက်အား မဟာ[[ဝဇိရာလင်္ကရဏ]]ဘုရင်မှ ဦးဆောင် အုပ်ချုပ်ပြီး ၂၀၁၆ ခုနှစ်မှစ၍ ရာမ ၁၀ သို့မဟုတ် ချက်ကရီမင်းဆက်၏ ဒသမမြောက် ဘုရင် အဖြစ် အုပ်ချုပ်လျှက် ရှိသည်။ ၂၀၁၆ ဒီဇင်ဘာ ၁ရက်မှ စတင် အုပ်ချုပ်ခဲ့ခြင်း ဖြစ်သည်။
 
ထိုင်းနိုင်ငံသည် ၁၉၈,၀၀၀ စတုရန်းမိုင် (၅၁၃,၀၀၀ စတုရန်းကီလိုမီတာ) ကျယ်ဝန်းသဖြင့် ကမ္ဘာပေါ်တွင် ၅၁ ခုမြောက် အကြီးဆုံး နိုင်ငံ ဖြစ်သည်။ ကမ္ဘာပေါ်တွင် ၂၀ ခုမြောက် လူဦးရေ အများဆုံး နိုင်ငံဖြစ်ပြီး လူဦးရေ ၆၆ သန်း ရှိသည်။ မြို့တော်နှင့် အကြီးဆုံးမြို့မှာ [[ဘန်ကောက်မြို့]] ဖြစ်ပြီး ထိုင်းနိုင်ငံ၏ နိုင်ငံရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ကုန်ထုတ်လုပ်ငန်း နှင့် ယဉ်ကျေးမှု အချက်အခြာ ဌာန တစ်ခု ဖြစ်သည်။ လူဦးရေ၏ ၇၅-၉၅% အထိမှာ ထိုင်းလူမျိုးများ ဖြစ်ကြပြီး အဓိက ဒေသအလိုက် လူမျိုးအုပ်စုကြီး ၄ မျိုးရှိပြီး အလယ်ပိုင်းထိုင်း၊ အရှေ့မြောက်ထိုင်း (ခေါင်(လောင်)အီစန်)၊ မြောက်ပိုင်းထိုင်း (ခေါင်မောင်း) နှင့် တောင်ပိုင်းထိုင်းတို့ ဖြစ်ကြသည်။ တရုတ်သွေး သိသာစွာ ပါရှိသော တရုတ်ထိုင်းလူမျိုးမှာ လူဦးရေ၏ ၁၄% ရှိပြီး တရုတ်သွေး အနည်းငယ် ပါဝင်သော ထိုင်းလူမျိုးမှာ လူဦးရေ၏ ၄၀% အထိ ရှိသည်။<ref name="Theraphan">{{Cite journal |author=Theraphan Luangthongkum |authorlink1=Theraphan Luangthongkum|title=The Position of Non-Thai Languages in Thailand |work=Language, Nation and Development in Southeast Asia |publisher=ISEAS Publishing |year=2007 |page=191}}</ref> ထိုင်းမလေး လူမျိုးမှာ လူဦးရေ၏ ၃% ရှိပြီး ကျန်ရှိသောသူများမှာ မွန်၊ ခမာ နှင့် အမျိုးမျိုးသော တောင်ကုန်းနေလူမျိုးစုများ ဖြစ်ကြသည်။ နိုင်ငံ၏ ရုံးသုံးဘာသာစကားမှာ ထိုင်းဘာသာစကား ဖြစ်ပြီး အဓိက ကိုးကွယ်သည့် ဘာသာမှာ ထေရဝါဒ ဗုဒ္ဓဘာသာ ဖြစ်၍ လူဦးရေ၏ ၉၅% ခန့်မျှ ကိုးကွယ်ကြသည်။
စာကြောင်း ၆၉ -
 
ဤအမည်သည် မြန်မာဘာသာ သျှမ်းနှင့်တူညီသည်။ သို့သော် မြန်မာပြည်တွင် သျှမ်နှင့် အနွယ်တူ လူမျိုးများစွာရှိကြပြီး ထိုသူတို့က သူတို့ဘာသာအရ တိုင်ဟုခေါ်ကြပြီး မြန်မာလူမျိုးတို့က ရှမ်းဟုခေါ်ကြသည်။ ထိုနည်းတူ မြန်မာတို့ကိုလည်း မန့်ဟု ခေါ်ကြသည်။
 
<br />
 
===သယာမ် ဆိုသော အမည်===
Line ၁၀၅ ⟶ ၁၀၃:
 
== သမိုင်း ==
ထိုင်းနိုင်ငံတွင် ယခုလက်ရှိမှစ၍ ရေတွက်လျှင် လွန်ခဲ့သော နှစ်ပေါင်း ၄၀,၀၀၀ ကျော်မှစ၍ လူတို့ နေထိုင်ခဲ့သော သက်သေ အထောက်အထားများရှိပြီး မဲဟောင်ဆောင်ရှိ သမ်လော့ဒ်ကျောက်ဂူတွင် ကျောက်ခေတ် လက်မှုပစ္စည်းများကို တွေ့ရသည်။ အခြားသော အရှေ့တောင်အာရှ နိုင်ငံများကဲ့သို့ပင် ထိုင်းနိုင်ငံသည် အိန္ဒိယနိုင်ငံမှ ဘာသာရေးနှင့် ယဉ်ကျေးမှုတို့ များစွာ လွှမ်းမိုးမှု ရှိပြီး အေဒီ ၁ ရာစု ဖူနန်ဘုရင့်နိုင်ငံတော် မှစ၍ ခမာအင်ပိုင်ယာ ခေတ် အထိ ဖြစ်သည်။ <ref>[http://www.britannica.com/EBchecked/topic/589625/Thailand/274233/History?anchor=ref509754 Thailand. History]. ''Encyclopædia Britannica''</ref> ထိုင်းနိုင်ငံသည် အစောပိုင်း နှစ်များတွင် ခမာ အင်ပိုင်ယာ၏ အုပ်ချုပ်မှုအောက်တွင် ရှိပြီး ခမာအင်ပါယာတွင် ဟိန္ဒူတို့၏ ရိုးရာများ ခိုင်မာစွာ အမြစ်တွယ်နေသဖြင့် ထိုလွှမ်းမိုးမှုများကို ယနေ့တိုင် ထိုင်းတို့ကြားတွင် တွေ့ရှိနိုင်သေးသည်။
 
[[File:WatChaiwatthanaram 2295b.JPG|thumb|250px|အယုဓယရှိ ဝပ်ချိုင်ဝပ်သန်နရန်၏ အပျက်အစီးများ]]
Line ၁၁၈ ⟶ ၁၁၆:
[[File:Innocent XI Dec 1688.jpg|thumb|250px| ထိုင်းသံတမန်မှ ၁၆၈၈ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး အင်နိုဆန့် ၁၁ သို့ စာချွန်လွှာပေးအပ်စဉ်]]
အယုဒ္ဓယပြည်၏ ချဲ့ထွင်မှုသည် မီနမ်ဒေသ တဝိုက်တွင် ဗဟိုပြုခဲ့ပြီး မြောက်ပိုင်း တောင်ကြားများတွင်မူ လန်နပြည်နှင့် အခြားသော ထိုင်းမြို့ပြနိုင်ငံ အသေးစားများက အုပ်ချုပ်ခဲ့သည်။ ၁၄၃၁ ခုနှစ်တွင် အယုဒ္ဓယတို့မှ အန်းကောမြို့ကို ကျူးကျော်ဝင်ရောက်ပြီးနောက်တွင် ခမာတို့က အန်းကောကို စွန့်ခွာခဲ့ကြသည်။ <ref>"[http://www.washingtonpost.com/wp-dyn/content/article/2010/04/12/AR2010041203198.html Science news: What happened at Angkor Wat]". ''The Washington Post''. 13 April 2010.</ref> ထိုင်းတို့သည် အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသော တရုတ် နှင့် အိန္ဒိယမှ အစပြု၍ ပါရှားပြည် နှင့် အာရပ်နိုင်ငံများနှင့် ကုန်သွယ်မှုများ ဆက်လက်ပြုလုပ်ခဲ့သည်။ အယုဒ္ဓယသည် အာရှရှိ အစည်ကားဆုံး ကုန်သွယ်ရာ နေရာ တစ်ခု ဖြစ်လာခဲ့သည်။ ဥရောပ ကုန်သည်များသည် ၁၆ ရာစု အစောပိုင်းမှ စတင်ရောက်ရှိလာခဲ့ပြီး ပထမဆုံး ရောက်ရှိလာသူမှာ ပေါ်တူဂီမြို့စား အေဖွန်ဆို ဒီ အယ်လ်ဘာကာကီ၏ သံတမန် ဖြစ်ပြီး ၁၅၁၁ ခုနှစ်တွင် စတင်ရောက်ရှိခဲ့ကာ နောက်ပိုင်းတွင် ပြင်သစ်၊ ဒတ်ချ်နှင့် အင်္ဂလိပ်တို့ ရောက်ရှိလာခဲ့သည်။ ၁၇၆၅-၁၇၆၇ မြန်မာဘုရင် ကုန်းဘောင် [[ဆင်ဖြူရှင်မင်း]] နှင့် ဖြစ်သော ယိုးဒယား-မြန်မာစစ်ပွဲတွင် အယုဒ္ဓယအား မီးတင်ရှို့ ဖျက်ဆီးခြင်းခံခဲ့ရသည်။
 
 
၁၇၆၇ ခုနှစ် အယုဒ္ဓယပြည် မြန်မာတို့လက်သို့ ကျရောက်သွားသော အခါတွင် မဟာတက်ဆင် ဘုရင်သည် ထိုင်းနိုင်ငံ၏ မြို့တော်ကို သွန်ဘူရီ (Thonburi) သို့ ၁၅ နှစ်ခန့်မျှ ရွှေ့ပြောင်းခဲ့သည်။ ၁၇၈၂ ခုနှစ် ကျကရီ မင်းဆက် မဟာရာမ ၁ ဘုရင်လက်ထက်တွင် ဘန်ကောက်ကို မြို့တော်အဖြစ် တည်ထောင်ပြီးချိန်တွင် ယခုလက်ရှိ ရတနာကိုဆင် ခေတ် စတင်ခဲ့သည်။ ဗြိတိန်နီကာ စွယ်စုံကျမ်း ၏ အဆိုအရ ၁၇ ရာစုမှ ၁၉ ရာစု အထိ ထိုင်းနှင့် မြန်မာတို့၏ အုပ်ချုပ်မှု အောက်တွင် ရှိသော အချို့သော ဒေသများတွင် လူဦးရေ၏ ၄ ပုံ ၁ ပုံမှ ၃ ပုံ ၁ပုံ အထိမှာ ကျွန်များ ဖြစ်ကြသည် ဟု ဆိုသည်။<ref>[http://www.britannica.com/blackhistory/article-24156 Slave-owning societies]. ''Encyclopædia Britannica''.</ref><ref>[https://web.archive.org/web/20101009132129/http://kyotoreviewsea.org/slavery4.htm Slavery in Nineteenth-Century Northern Thailand]. Kyoto Review of South East Asia.</ref>
Line ၁၃၀ ⟶ ၁၂၇:
၁၉၁၇ တွင် သယာမ်နိုင်ငံသည် ပထမကမ္ဘာစစ် မဟာမိတ်များတွင် ဝင်ရောက်ခဲ့ပြီး ပထမကမ္ဘာစစ် အောင်နိုင်သူ တစ်ဦး အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။ ၁၉၃၂ ခုနှစ်တွင် စစ်ဘက်နှင့် အရပ်ဘက် အရာရှိများပါဝင်သော ခါနာရတ်ဆာဒွန် အဖွဲ့၏ သွေးထွက်သံယို မဖြစ်ပွားသော တော်လှန်ရေး တစ်ခု ဖြစ်ပွားခဲ့ပြီးနောက် အာဏာ လွှဲပြောင်းမှု ဖြစ်ခဲ့ကာ ပရာဂျာဒီပေါက် ဘုရင်မှ သယာမ် ပြည်သူတို့အား ပထမဆုံး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲခွင့် ပေးအပ်လိုက်ရပြီး ရာစုနှစ်များစွာ ကျင့်သုံးခဲ့သော သက်ဦးဆံပိုင် ဘုရင်စနစ် ပြီးဆုံး ခဲ့သည်။
 
၁၉၃၉ ခုနှစ်တွင် နိုင်ငံ၏ အမည်အား သယာမ်မှ ထိုင်းလန်း ဟု ပြောင်းလဲ ခဲ့ကြသည်။ပြောင်းလဲခဲ့ကြသည်။
 
===ဒုတိယကမ္ဘာစစ်===
Line ၂၀၆ ⟶ ၂၀၃:
 
ထိုင်းနိုင်ငံသည် နိုင်ငံတကာနှင့်သာမက ဒေသတွင်း အဖွဲ့အစည်းများတွင် အပြည့်ပါအဝ ပါဝင်လျက်ရှိသည်။ ၎င်းသည် အမေရိကန်ပြည်ထောင်စု၏ နေတိုးအဖွဲ့ဝင်နိုင်ငံမဟုတ်သော အဓိက မဟာမိတ် နှင့် အထူး ၃၀၁ အစီရင်ခံစာ ပါ ဦးစားပေး စောင့်ကြပ်ကြည့်ရှုခံရသူ စာရင်းတွင် ပါဝင်သည်။ [[အရှေ့တောင်အာရှနိုင်ငံများအသင်း]] (အာဆီယံ)တွင် တက်ကြွစွာပါဝင်လျက်ရှိသည်။ အခြားအာဆီယံ အဖွဲ့ဝင်နိုင်ငံများဖြစ်သော [[အင်ဒိုနီးရှားနိုင်ငံ|အင်ဒိုနီးရှား]]၊ [[မလေးရှားနိုင်ငံ|မလေးရှား]]၊ [[ဖိလစ်ပိုင်နိုင်ငံ|ဖိလစ်ပိုင်]]၊ [[စင်ကာပူနိုင်ငံ|စင်္ကာပူ]]၊ [[ဘရူနိုင်းနိုင်ငံ|ဘရူနိုင်း]]၊ [[လာအိုနိုင်ငံ|လာအို]]၊ [[ကမ္ဘောဒီးယားနိုင်ငံ|ကမ္ဘောဒီးယား]]၊ [[မြန်မာနိုင်ငံ|မြန်မာ]] နှင့် [[ဗီယက်နမ်နိုင်ငံ|ဗီယက်နမ်]] နိုင်ငံတို့အကြား ဆက်ဆံရေးနီးကပ်စွာရှိပြီး ၎င်းတို့၏ နိုင်ငံခြားရေး ဝန်ကြီးများနှင့် စီးပွားရေး ဝန်ကြီးများသည် နှစ်စဉ် အစည်းအဝေး ကျင်းပလေ့ ရှိကြသည်။ ဒေသတွင်းနိုင်ငံများနှင့် စီးပွားရေး၊ ကုန်သွယ်ရေး၊ ဘဏ်ကိစ္စရပ်များ၊ နိုင်ငံရေး၊ ယဉ်ကျေးမှုကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်မှုမှာ တိုးတက်လျှက်ရှိသည်။ ၂၀၀၃ ခုနှစ်တွင် ထိုင်းနိုင်ငံသည် အာရှ-ပစိဖိတ် စီးပွားရေး ကော်ပိုရေးရှင်း အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခဲ့သည်။ ထိုင်းနိုင်ငံ၏ ယခင် လက်ထောက်ဝန်ကြီးချုပ်ဖြစ်သော ဒေါက်တာ ဆူပါချိုင်း ပနစ်ပက်ဒိုင်သည် ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေး ညီလာခံ အဖွဲ့တွင် လက်ရှိ အထွေထွေအတွင်းရေးမှူးချုပ် အဖြစ် ဆောင်ရွက်လျှက်ရှိသည်။ ၂၀၀၅ ခုနှစ်တွင် ထိုင်းနိုင်ငံသည် အရှေ့အာရှ နိုင်ငံများအစည်းအဝေး သို့ စတင်တက်ရောက်ခဲ့သည်။
 
 
မကြာသေးမှီနှစ်များတွင် ထိုင်းနိုင်ငံသည် နိုင်ငံတကာစင်မြင့်တက်တွင် ပိုမိုတက်ကြွစွာ လှုပ်ရှားပါဝင်လာခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံမှ ခွဲထွက်ကာ [[အရှေ့တီမောနိုင်ငံ|အရှေ့တီမော]] လွတ်လပ်ရေးရလာသောအခါ နိုင်ငံတကာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်အတွက် ထိုင်းနိုင်ငံ၏ ပထမဦးဆုံးအကြိမ်အနေဖြင့် စစ်တပ်များ ပြည်ပသို့ထောက်ပံ့ပို့ပေးခဲ့သည်။ အဆိုပါ တပ်ဖွဲ့ဝင်များသည် ယခုအခါ ကုလသမဂ္ဂငြိမ်းချမ်းရေး တပ်ဖွဲ့များအဖြစ် ဆက်လက်တည်ရှိနေသေးသည်။ နိုင်ငံတကာနှင့် ဆက်ဆံရေးတိုးမြင့်စေရန် ရည်ရွယ်ကာ ထိုင်းနိုင်ငံသည် အမေရိကန်ပြည်ထောင်စု အဖွဲ့အစည်း (Organization of American States)၊ ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (Organization for Security and Cooperation in Europe) တို့နှင့် စတင်ထိတွေ့ဆက်ဆံခဲ့သည်။ ဆက်လက်၍ [[အာဖဂန်နစ္စတန်နိုင်ငံ]] နှင့် [[အီရတ်နိုင်ငံ]]ပြန်လည်ထူထောင်ရေးအတွက်လည်း လုံခြုံရေးစစ်တပ်များကို စေလွှတ်ခဲ့သည်။
 
 
ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ် လက်ထက်တွင် [[တရုတ်နိုင်ငံ]]၊ ဩစတြေးလျနိုင်ငံ၊ ဘာရိန်းနိုင်ငံ၊ [[အိန္ဒိယနိုင်ငံ]] နှင့် [[အမေရိကန်ပြည်ထောင်စု]] တို့နှင့် လွတ်လပ်စွာ ကုန်သွယ်မှု စာချုပ်များ ချုပ်ဆိုနိုင်ခဲ့သည်။ သို့သော်လည်း သက်ဆင်သည် နိုင်ငံတကာနှင့် မပြိုင်ဆိုင်နိုင်သော ထိုင်းလုပ်ငန်းများကို ပျက်စီးစေရမည် ဆိုသဖြင့် ဝေဖန်ခြင်းခံခဲ့ရသည်။<ref>{{cite web|url=http://www.ftawatch.org/ |title=FTA Watch Group website |publisher=Ftawatch.org |accessdate=25 April 2010}}</ref>
Line ၃၆၁ ⟶ ၃၅၆:
 
ဘန်ကောက်ရှိ ကုန်တိုက်ကြီးများတွင် နိုင်ငံတကာနှင့် ဒေသခံ အမှတ်တံဆိပ် အမျိုးမျိုးတို့ကို ဝယ်ယူရရှိနိုင်သည်။ မြို့တော်၏ မြောက်ဘက်တွင် ဘီတီအက်စ် ခေါ် မိုးပျံရထားနှင့် မြေအောက်ရထားတို့ဖြင့် သွားရောက်နိုင်သော ချပ်တူချပ် စနေတနင်္ဂနွေ ဈေးရှိသည်။ ၎င်းသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ဈေးပင် ဖြစ်နိုင်ပြီး အိမ်သုံး ပစ္စည်းမှ စ၍ အသက်ရှင်သော (တစ်ခါတရံ မျိုးသုဉ်းလုနီးဖြစ်သော) တိရစ္ဆာန်များ ကို ဝယ်ယူရရှိနိုင်သည်။ <ref>[http://cms.iucn.org/index.cfm?uNewsID=850 IUCN – Home]. Cms.iucn.org (24 April 2008). Retrieved on 16 September 2010.</ref> ပရာတူနမ်ဈေးတွင် အဝတ်အထည် နှင့် ပတ်သက်သော ကုန်ပစ္စည်းများကို ရောင်းချသည်။ ဆီလုံ ရပ်ကွက်နှင့် ခေါက်ဆန်လမ်းရှိ ညဈေးများမှာ ကမ္ဘာလှည့်ခရီးသွားများ အတွက် ရည်ရွယ် ဖွင့်လှစ်ထားပြီး တီရှပ်၊ လက်မှုပစ္စည်းများ၊ နာရီ အတု နှင့် နေကာမျက်မှန် များ စသည်တို့ကို ရောင်းချသည်။ ဘန်ကောက်မြို့ ပတ်ဝန်းကျင်တွင် ဒမ်မနန် ဆာဒူဝပ် ကဲ့သို့သော ရေပေါ်ဈေးများကို တွေ့ရှိနိုင်သည်။ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ သို့ လည်ပတ်ရာတွင် မြို့ဟောင်းအတွင်းရှိ ရာချာဒါမနမ် လမ်းမပေါ်တွင် တည်ခင်းသော တနင်္ဂနွေ လမ်းလျှောက် ညနေ လမ်းဘေးဈေး သည် ဈေးဝယ်ရန် အတွက် ရည်ညွှန်းကြသော နေရာ ဖြစ်သည်။ ထိုဈေးမှ ဒေသခံများ နှင့် နိုင်ငံခြားသားများကို ဆွဲဆောင်မှု ပေးနိုင်သည်။ ချင်းမိုင် ညဈေးမှာ ကမ္ဘာလှည့် ခရီးသွားများအတွက် ဦးတည်ရောင်းချသော ဈေးဖြစ်ပြီး မြို့ရိုးဟောင်းနေရာ၏ အရှေ့ဘက်ရှိ တိုက်အချို့မှစ၍ မြစ် အထိ ဖြန့်ကျက် တည်ရှိသည်။
 
 
[[File:Historic City of Ayutthaya-111233.jpg|thumb|[[ကမ္ဘာ့အမွေအနှစ်နေရာ]] ဖြစ်သော အယုဓျာ သမိုင်းဝင် ဥယျာဉ်မှ ဗုဒ္ဓ၏ ဦးခေါင်းတော် ဝပ် မဟာသပ်]]
ပြည့်တန်ဆာ လုပ်ငန်းနှင့် လိင်မှုဆိုင်ရာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှာလည်း ထိုင်းနိုင်ငံစီးပွားရေး၏ တရားဝင် မကြေငြာသော်လည်း လူအများသိကြသည့် အစိတ်အပိုင်း ဖြစ်သည်။ ထိုင်းနိုင်ငံအား ပြည်ပရှိ အထူးအဆန်း အနေနှင့် ကမ္ဘာလှည့် ခရီးသွားများအား ဆွဲဆောင်သည့် ကမ်ပိန်းလည်း ရှိခဲ့သည်။<ref>Ocha, Witchayanee. "Transsexual emergence: gender variant identities in Thailand." ''Culture, Health & Sexuality''14.5 (2012): 563–75. Web.</ref> ယဉ်ကျေးမှုဆိုင်ရာ ပတ်ဝန်းကျင်သည် ဆင်းရဲမွဲတေမှုနှင့် ပေါင်းစပ်လိုက်ပြီး ငွေကြေးဖြင့် မြူဆွယ်မှုများ ရှိလာသည့် အခါတွင် ပြည့်တန်ဆာလုပ်ငန်း နှင့် လိင်မှုဆိုင်ရာ ခရီးသွားလုပ်ငန်းတို့သည် ထိုင်းနိုင်ငံတွင် ဖွံ့ဖြိုးလာခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ထုတ်ဝေသော ခန့်မှန်းမှု တစ်ခု အရ နှစ်စဉ် ထိုလုပ်ငန်းမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၄.၃ ဘီလီယံ အထိ သို့မဟုတ် ထိုင်း စီးပွားရေး၏ ၃% အထိ ရှိသည်ဟု ခန့်မှန်း ထားသည်။ <ref name=legal>[http://www.theage.com.au/articles/2003/11/26/1069825832486.html?oneclick=true Thailand mulls legal prostitution.] ''[[The Age]]'', 26 November 2003</ref> ချူလာလောင်ကောင်း တက္ကသိုလ်မှ ထိုင်းနိုင်ငံ၏ တရားမဝင် စီးပွားရေး အပေါ်တွင် ပြုလုပ်ခဲ့သော သုတေသန တစ်ခု အရ ၁၉၉၃ မှ ၁၉၉၅ ခုနှစ် အတွင်း ပြည့်တန်ဆာလုပ်ငန်းသည် ထိုင်းနိုင်ငံ ဂျီဒီပီ၏ ၂.၇% ခန့် ရှိမည်ဟု ခန့်မှန်းခဲ့သည်။<ref>Pasuk Phongpaichit [http://pioneer.netserv.chula.ac.th/~ppasuk/illegaleconomy.doc Thailand's illegal economy and public policy]. Seminar paper delivered at the Centre of Southeast Asian Studies, Kyoto University, Nov 1999</ref> ကမ္ဘာလှည့်ခရီးသွားတို့၏ သုံးစွဲငွေ အနည်းဆုံး ၁၀% သည် လိင်မှုဆိုင်ရာ ဖျော်ဖြေရေး လုပ်ငန်းတွင် အသုံးပြုမည်ဟု ခန့်မှန်းရသည်။<ref>{{cite web|last1=Martin|first1=Lorna|title=Paradise Revealed|url=http://www.taipeitimes.com/News/feat/archives/2006/01/25/2003290710/4|website=Taipei Times|accessdate=29 January 2015}}</ref>