အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်: တည်းဖြတ်မှု မူကွဲများ

စာတွဲ: နောက်ပြန်ပြင်ခဲ့ပြီး
အရေးမကြီး Removed contents that might give rise to Advocacy, propaganda...
စာတွဲ: လက်ဖြင့် နောက်ပြန်ပြင်ခြင်း
စာကြောင်း ၂၀၁ -
 
==== ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်း ====
၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကြေညာစာတမ်းပါ အဓိကရည်မှန်းချက် ၃ရပ်မှာ တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဖြစ်ထွန်းစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး၊ နှင့် ရေရှည်တည်တံ့ခိုင်မြဲမည့် လုံခြုံဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။<ref>https://thevoicejournal.com/news/6445</ref><ref>{{cite book |title= ရွေးကောက်ပွဲကြေညာစာတမ်း |publisher= အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |date= ၂၀၂၀}}</ref>
 
===== ကျန်းမာရေးနှင့် အားကစား =====
လူတိုင်းအရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိစေရေး (Universal Health Coverage) နှင့် ပြည်သူများအားလုံး ကျန်းမာသန်စွမ်းရေး (National Fitness) အတွက် ဦးတည်သည်။<ref>{{cite book |title= ရွေးကောက်ပွဲကြေညာစာတမ်း |publisher= အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |date= ၂၀၂၀}}</ref>
# (၁) လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးလွှမ်းခြုံမှု ရရှိစေရေးအတွက် အမျိုးသားကျန်းမာရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်။
# (၂) ဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်တန်းများကို တိုးချဲ့ဖွင့်လှစ်သင်ကြား၍ အရည်အသွေးပြည့်ဝသော ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုမွေးထုတ်ရန်။
# (၃) အရည်အသွေးပြည့်ဝသော ဆရာဝန်များ၊ သူနာပြု၊ သားဖွားနှင့် ကျန်းမာရေးဝန်ထမ်းများကို ပိုမိုမွေးထုတ်ရန် ဆေးတက္ကသိုလ်များတွင် နိုင်ငံတကာအဆင့်မီ [[မျှော်မှန်းရလဒ်အခြေပြု စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်း]] (Outcome-Based Integrated Curriculum) ဖြင့် သင်ကြားရန်။
# (၄) ပြည်သူများအား ပိုမိုအရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန်အတွက် အသုံးချသုတေသနများ ဆောင်ရွက်ရာတွင် ရန်ပုံငွေများ တိုးမြှင့်ချထား ဆောင်ရွက်ရန်။
# (၅) ဆေးရုံများတွင် လိုအပ်သည့် အခြေခံဆေးဝါးများနှင့် ဆေးပစ္စည်းကိရိယာများ ပြည့်စုံစေရေးအတွက် ဆေးနှင့် ဆေးပစ္စည်းများ ရန်ပုံငွေကို တိုးမြှင့်သုံးစွဲရန်။
# (၆) ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုလက်လှမ်းမီစေရေးအတွက် ဆေးရုံများ တိုးချဲ့ဖွင့်လှစ်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲအသစ်များ ဖွင့်လှစ်ခြင်းနှင့် အမျိုးမျိုးသော ကျန်းမာရေးဝန်ထမ်းများ အသစ်ခန့်ထားခြင်းတို့ကို ဆောင်ရွက်ရန်။
# (၇) ကျောင်းသားလူငယ်များတွင် ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝပုံစံ (Healthy Life Style) စွဲမြဲစွာ ကျင့်သုံးလာစေရေးအတွက် ကျောင်းကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်။
# (၈) အမျိုးသားအာဟာရဖွံ့ဖြိုးမှုဆိုင်ရာ စီမံကိန်းရေးဆွဲ၍ အာဟာရဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ရန်။
# (၉) မကူးစက်တတ်သော ရောဂါများဖြစ်သည့် ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကင်ဆာ၊ အဆုပ်ရောဂါ ဖြစ်ပွားမှုနှုန်း ကျဆင်းရေးအတွက် လက်တွေ့ကျပြီး ကျင့်သုံးလုပ်ကိုင်နိုင်မည့် လုပ်ငန်းများဆောင်ရွက်ရန်။
# (၁၀) ပြည်သူများ၏ ကျန်းမာရေးအသိပညာ စာတတ်မြောက်မှု (Health Literacy) မြင့်မားလာစေပြီး ကျန်းမာရေးနှင့် ညီညွတ်သော အပြုအမူများ ဖြစ်ထွန်းလာစေရေးအတွက် Mobile Table ဖုန်းများ အပါအဝင် နည်းလမ်းပေါင်းစုံဖြင့် အသိပညာပေးခြင်းလုပ်ငန်းများကို အလေးပေးဆောင်ရွက်ရန်။
# (၁၁) အရည်အသွေးပြည့်ဝသော တိုင်းရင်းဆေးပညာရှင်များ ပိုမိုမွေးထုတ်ရေးနှင့် တိုင်းရင်းဆေးသုတေသနကို ပိုမိုပြုလုပ်ရန်။
# (၁၂) ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အရည်အသွေး ပြည့်မီစေရေးနှင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဆောင်ရွက်ရန်။
 
=== ပါတီ ဖွဲ့စည်းပုံ ===