အိုင်ဖုန်း: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၂၄၉ -
၂၀၁၂ ခုနှစ် ပထမ ၃ လပတ်တွင် အက်ပဲလ်ကုမ္ပဏီ နှင့် ဆမ်ဆောင်း ကုမ္ပဏီ တို့ ၂ ခုပေါင်းသည် ၉၉ ရာခိုင်နှုန်းအထိ ဈေးကွက်ဝေစု ရယူထားသည်။ တခြား ၁ ရာခိုင်နှုန်းကို အက်ချ်တီစီ ကုမ္ပဏီ မှ ရရှိသည်။ တခြား မိုဘိုင်း ကုမ္ပဏီများဖြစ်သော ဘလက်ဘယ်ရီ၊ အဲလ်ဂျီ၊ ဆိုနီ၊ မိုတိုရိုလာ နှင့် နိုကီယာတို့သည် အရှုံးများ ပေါ်နေသည်။ မိုဘိုင်းလုပ်ငန်းတစ်ခုလုံးမှာ တိုးတက်လျက်ရှိပြီး ၂၀၁၀ ခုနှစ်တွင် သန်း ၅၃၀၀ ရှိရာမှ ၂၀၁၂ ခုနှစ်တွင် သန်း ၁၄၄၀၀ အထိ တိုးတက်ခဲ့သည်။ ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့ အရောက်မှာတော့ အက်ပဲလ်ကုမ္ပဏီမှ အိုင်ဖုန်းတစ်ခုထဲက ရောင်းအားသည် မိုက်ခရိုဆော့ ကုမ္ပဏီ တစ်ခုလုံး၏ ဝင်ငွေထက် ကျော်လွန်ခဲ့သည်။ (ဒေါ်လာ သန်းပေါင်း ၁၇ ၄၀၀)
 
၂၀၁၂ ခုနှဏ်ခုနှစ် အိုင်ဖုန်း၅ နှင့် အိုင်ဖုန်း၄အက်စ် တို့ဟာ အလုံးရေ ၂၇.၄ သန်း နှင့် ၁၇.၄ သန်း အသီးသီးရောင်းရပြီး အရောင်းရဆုံး မိုဘိုင်းဟန်းဆက်များ ဖြစ်ခဲ့သည်။ တတိယနေရာတွင် ဆမ်ဆောင်းကုမ္ပဏီ မှ ဂလတ်ဆီ အက်စ်၃ မှာ အလုံးရေ ၁၅.၄ သန်းဖြင့် တတိယ အရောင်းရဆုံး ဟန်းဆက်ဖြစ်သည်။
 
အန်းဒရွိက် လည်ပတ်မှုစနစ် နှင့် ယှဉ်ပြိုင်မှုတွေဟာ ပိုမိုပြင်းထန်လာခဲ့သည်။ ဒီအချိန်မှာ အက်ပဲလ် ဟာ သူတို့ရဲ့ အိုင်အိုအက်စ် (iOS) လည်ပတ်မှုစနစ် အဆင့်မြှင့်တင်မှုတွေကို အချိန်နှင့် တပြေးညီ ထောက်ပံ့ပေးနိုင်သော စက်ပစ္စည်းတိုင်း ရရှိနိုင်အောင် ဆောင်ရွက်ခဲ့ပြီး သုံးစွဲသူများကို ဆွဲဆောင်ခဲ့သည်။ အန်းဒရွိက်လည်ပတ်မှုစနစ် မှာတော့ ကုမ္ပဏီအချင်းချင်း လိုအပ်ချက်များနဲ့ အဆင့်မြှင့်တင်မှုများ ရရှိရန် နှောင့်နှေးလျက်ရှိသည်။ သို့သော်လည်း ၂၀၁၃ ခုနှစ်မှာ အက်ပဲလ် ရဲ့ အိုင်ဖုန်းဈေးကွက်ဟာ ၁၃.၁ ရာခိုင်နှုန်းအထိ ကျခဲ့သည်။