ဂျူးဒဏ္ဍာရီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး KaungKhantNaing03 (ဆွေးနွေး) ၏ တည်းဖြတ်မူ 574566 ကို ပြန်လည်ပယ်ဖျက်လိုက်သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
→‎ရေကြီးရေလျှံမှု ဇာတ်လမ်း: ဟိန္ဒူဘုရားသည် နတ်ဘုရား မဟုတ်ပါ။
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၆၈ -
ဂျက်နစ်စစ်တွင်လာသော ရေကြီးမှုအကြောင်း ဇာတ်လမ်းသည် ကမ္ဘာအနှံ့တွင် ပြောဆိုကြသော ရှေးကျသည့် ရေကြီးမှု ဇာတ်လမ်းပုံပြင်များနှင့် တူညီမှုများရှိသည်။ ဂစ်ဂါမက်ရှ် ကဗျာလင်္ကာရှည်တွင် မှတ်တမ်းတင်ထားသော ကမ္ဘာ့ရေကြီးမှုနှင့်ပတ်သက်သော မက်ဆိုပိုတေးမီးယား ဒဏ္ဍာရီသည် ဤဇာတ်လမ်းနှင့် တူညီမှုအများဆုံးအနက်က တစ်ခုဖြစ်သည်။ (ဂျက်နစ်စစ် ၆:၅–၂၂) ဘုရားရှင်က လူသားတို့အပြစ်ကြောင့် ကမ္ဘာကို ရေကြီးစေ၍ အသစ်တဖန် ပြန်လည်စတင်စေရန် ဆုံးဖြတ်တော်မူသည်။ နိုအာ (Noah) ခေါ်သောသူသည် မှန်ကန်သောသူဖြစ်၍ လူတို့အကြားတွင် အပြစ်တင်မထိုက်သော ပုဂ္ဂိုလ်လည်းဖြစ်သည်။ ဘုရားရှင်က နိုအာအား လှေကြီးတစ်စီး တည်ဆောက်ရန် ညွှန်ကြားတော်မူ၏ ။ ထိုလှေတွင် ၎င်းမိသားစုနှင့်အတူ တိရစ္ဆာန်တိုင်းမှ အနည်းဆုံး အကောင်နှစ်ကောင်ကို တင်ဆောင်ရန်ဖြစ်သည်။ ရေကြီးမှုကြီးဖြစ်၍ ကမ္ဘာကို ရေထုများ ဖုံးလွှမ်းသွားသည်။ ရက်ပေါင်းလေးဆယ်ကြာသော် နိုအာက ကျီးနက်တစ်ကောင်ကို လွှတ်၍ ရေထုအောက်သို့ ကျ မကျ စစ်ဆေးစေသည်။ ထို့နောက် ချိုးငှက်ကို လွှတ်ပြန်၍ ထိုသို့ စစ်ဆေးခြင်းကို ပြုစေသည်။ ထိုလှေကြီးမှ ထွက်လာခဲ့ပြီးနောက် နိုအာက ဘုရားရှင်ကို ယစ်ပူဇော်မှုပြုသည်။ ဘုရားရှင်က ကျေနပ်ချိုမြိန်သော အနံ့အရသာကို ရရှိ၍ ကမ္ဘာလောကကို မည်သည့်အခါမျှ ရေဖြင့် မဖျက်ဆီးဟု ကတိထားတော်မူသည်။ ထို့ကတိတော်ကို သက်တန့်ဖြင့် ပုံဖော်၍ ပြသသည်။ ထိုနည်းတူစွာ မက်ဆိုပိုတေးမီးယား ဂစ်ဂါမက်ရှ် လင်္ကာတွင်<ref>''The Epic of Gilgamesh'', p. 108-13</ref> လူသားတို့၏ အော်ဟစ်ဆူညံသံများက နတ်များကို အနှောင့်အယှက်ဖြစ်စေသဖြင့် နတ်များက ရေကြီးမှုဖြစ်စေခဲ့သည်။ နတ်ဘုရားတစ်ပါးက Utnapishtim ခေါ်တွင်သည့် အမျိုးသား စ်ဦးကို လှေတစ်စီးဆောက်ရန် သတိပေးကာ ထိုလှေတွင် မိသားစုနှင့် တိရစ္ဆာန်များကို ခေါ်ဆောင်ရန်လည်း ပြောကြားသည်။ ရေလွှမ်းမိုးမှုဖြစ်ပြီးနောက် Utnapishtim က ချိုးငှက်၊ ပျံလွှား၊ ထို့နောက် ကျီးနက် တို့ကို လွှတ်ကာ ရေထု အောက်သို့ ကျဆင်း မဆင်း စစ်ဆေးစေသည်။ လှေမှထွက်လာပြီးသော် Utnapishtimသည်လည်း ယစ်ပူဇော်မှုကို နတ်ဘုရားများအား ပြုသည်။ ထိုနတ်ဘုရားများက ချိုမြိန်သော အနံ့ရရှိကြ၍ ရေထုလွှတ်မိခြင်းကို နောင်တရကြသည်။
 
အခြားသော ရှေးဟောင်း ရေလွှမ်းမိုးသည့် ဒဏ္ဍာရီကိုသမိုင်းကို [[ဟိန္ဒူဒဏ္ဍာရီ]] မှ မတ်ဆယ( Matsya) ငါး ဇာတ်လမ်းဖြစ်သည်။ ထိုဇာတ်လမ်းပုံပြင်အရ<ref>Translation of the Hindu scripture ''Matsya'' 1:11–35 in ''Classical Hindu Mythology'', p. 71-74</ref> ဗိဿနိုး (ဗစ်ရှ်နူး) နတ်ဘုရားသည်ဘုရားသည် ငါးအသွင်ယူ၍ ရှေးဘိုးဘေးတစ်ဦး မာနု ကို ရေလွှမ်းမှုတစ်ခုဖြစ်မည့်အကြောင်း သတိပေးခဲ့သည်။ ကမ္ဘာမြေပေါ်မှ ရှိရှိသမျှ တိရစ္ဆာန်များကို လှေအတွင်း၌ ခေါ်ဆောင်ရန်လည်း ပြောကြား၏ ။ သမ္မာကျမ်းနှင့် မက်ဆိုပိုတေးမီးယား လင်္ကာတို့နှင့် မတူဘဲ ဤရေကြီးမှုကြီးသည် ဘုရားရှင်ကဲ့သို့သော သဘာဝလွန် စွမ်းအားတစ်ခုက ဖန်တီးခြင်းမဟုတ်ချေ။ ထိုအစား ဤရေကြီးမှုသည် ဟိန္ဒူဒဏ္ဍာရီ၌ သံသရာသဘော ဖြစ်ပျက်တတ်သည့် ဖျက်ဆီးခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်း စကြာဝဠာ ဖြစ်စဉ်တစ်ခုသာ ဖြစ်သည်။
 
===အမျိုးသားရေးနှင့်ဆိုင်သော ဒဏ္ဍာရီ ===