ကော့သောင်းမြို့: တည်းဖြတ်မှု မူကွဲများ

No edit summary
→‎မြို့ပတ်ဝန်းကျင်: အကြောင်းအရာပေါင်းထည့်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၄၀ -
 
==မြို့ပတ်ဝန်းကျင်==
ကော့သောင်းသည် စည်ကားလှသော ငါးဖမ်းဆိပ်ကမ်းတစ်ခုဖြစ်သည်။ ဖမ်းဆီးရမိသော ငါးအများဆုံးကို ဈေးကောင်းရသော ရနောင်းတွင် သွားရောက်ရောင်းချကြလေသည်။ ကော့သောင်းမြို့တွင်း၌ မြန်မာ ကရင် မွန် ရခိုင် တရုတ် မလေး အိန္ဒိယ ဆလုံနှင့်ဆလုံ၊ ပသျှူး နှင့် ယိုးဒယားလူမျိုးများ အပါအဝင် လူမျိုးပေါင်းစုံနေထိုင်ကြသည်။ ဗုဒ္ဓဘာသာဘုရားစေတီပုထိုးများ ဘုန်းကြီးကျောင်းများ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများနှင့် ဗလီဝတ်ကျောင်းများ အသီးသီးရှိသည်။ သယ်ယူပို့ဆောင်ရေးတွင် အဓိကနည်းလမ်းတစ်ခုဖြစ်နေသည့် မော်တော်ဆိုင်ကယ်များကို အငှားယဉ်အဖြစ်အသုံးပြုနိုင်၍ ကားများကို အတွေ့ရနည်းလှပေသည်။ လှေကားထစ်များသဖွယ် တည်ဆောက်တားပုံရသည့် လူနေအိမ်ခြေထူထပ်လှသော ကော့သောင်းမြို့မြစိမ်းရောင် သစ်တောများဖုံးလွှမ်းထားသည့် တောင်ကုန်းများက ဝန်းရံထားကြသည်။ အိမ်ခြေများသည် မြို့ပြင်ဘက်သာမက တောင်ခြေတောင်ကုန်းငယ်များတိုင်အောင် ပျံနှံနေကြသည်။ ကုန်းမြင့်အထက်ပိုင်းနေရာများတွင် ဘုရားစေတီများတည်ရှိနေကြပြီး [ပြည်တော်အေးစေတီ]ရှိပြီးအဝေးရှိတောင်ကုန်းငယ်တစ်ခုခြေရင်းတွင် လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော် တစ်ဆူတည်ရှိနေသည်။
[[File:Kawthoung11.jpg|thumb||left|ပြည်တော်အေးစေတီတော်]]