ဆင်ဖြူမရှင်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၉၇ -
 
ပစ္စည်း များကို ပြန်ရရေးနှင့် ပတ်သက်၍ သမိုင်းဆရာ တစ်ဦးက ‘ဥပဒေအရ ပြောရလျှင် ရှုံးနိမ့်သူတို့သည် အောင်နိုင်သူတို့၏ လက်ခုပ်ထဲမှ ရေပမာ ဖြစ်ဩဖင့် သနားသဖြင့် ပေးကမ်းသော အရာမှ အပ အခြားမည်သည့်အရာကိုမျှ ပိုင်ဆိုင်ခွင့် မရှိပေ’ ဟု ဆိုသည်။
ထိုအတောအတွင်း ထားဝယ်တွင် အင်္ဂလိပ် အုပ်စိုးမှုကို ဆန့်ကျင်သော ပုန်ကန်မှုသည် ၁၈၈၅၁၈၈၇ ခုနှစ်တွင် ပေါ်ပေါက်ခဲ့လေသည်။ ထိုပုန်ကန်မှုတွင် ဆင်ဖြူမရှင်မိဖုရားကြီးက အားပေးအားမြှောက်မှု ရှိရမည်ဟု အင်္ဂလိပ်က ယုံကြည်၍ ဆင်ဖြူမရှင် မိဖုရားကြီး၊ သမီးတော်ကြီး စုဘုရားကြီးနှင့် မြိတ်မြို့၌ အပို့ခံနေရသည့် ( ၂၁ ) နှစ်အရွယ် ကောလင်းမင်းသားတို့ကို ရန်ကုန်သို့ ခေါ်ဆောင်လာခဲ့လေသည်။ ရန်ကုန်မှ တစ်ဆင့် ပင်လယ်လမ်းမှ ခေါ်ဆောင်သွားရာ ကာလကတ္တားသို့ ၁၈၈၅၁၈၈၇ ခု၊ ဇွန်လ ( ၁၀ ) ရက်တွင် ဆင်ဖြူမရှင် တို့ အဖွဲ့ ရောက်ရှိခဲ့လေသည်။ မိဖုရားကြီးက ကာလကတ္တားတွင် ပင် နေထိုင်လိုသော်လည်း ဘုရင်ခံချုပ်က ရတနာဂီရိရောက်လျှင် သီးသန့်စံအိမ်တစ်ဆောင်ဖြင့် ထားမည် ဖြစ်သည်ဟု အကြောင်းပြန်သည်။ ပင်လယ်ခရီး မသွားလို၊ မောသည်ဟု ဆိုသဖြင့် သူတို့ကို ကာလကတ္တားမြို့တွင် နှစ်လခန့် ဆိုင်းထားပြီးမှ မီးရထားဖြင့် ဘုံဘေမြို့သို့ ခေါ်ဆောင်၍ ဘုံဘေသင်္ဘောဖြင့် သီပေါမင်း ရှိရာ ရတနာဂီရိသို့ ပို့ပေးရာ ၁၈၈၅၁၈၈၇ ခု၊ ဩဂုတ်လ (၂၂ ) ရက်နေ့တွင် ရတနာဂီရိသို့ ဆိုက်ရောက်ကြလေသည်။
 
ဆင်ဖြူမရှင်မိဖုရား သည် တစ်နှစ်ခန့် ရတနာဂီရိတွင် နေထိုင်ပြီးနောက် ရန်ကုန်သို့ ပြန်လာ၍ [[ဘုရင်ခံအိမ်တော် (ရန်ကုန်)|ဘုရင်ခံ စံအိမ်တော်]] အနီး ဝင်ဆာလမ်း ( ယခု ရှင်စောပုလမ်း ) တွင် အိမ်တစ်လုံး ဝယ်၍ နေထိုင်ခဲ့လေသည်။ (သမိုင်းကထိက ဒေဆိုင်း၏ စာအုပ်တွင် ဘုရင်ခံအိမ်တော်အနီး ဘောင်ဒရီလမ်း ) ( ယခု ဓမ္မစေတီလမ်း ) တွင် အိမ်ဝယ်နေသည်ဟု ရေးသားထားလေသည်။) ဆင်ဖြူမရှင်နှင့် အတူနေသော သမီးတော် အကြီး စုဖုရားကြီးသည် မယ်တော်ထံမှ ခွင့်ပြုချက်ဖြင့် အထက်မြန်မာနိုင်ငံ ပြန်ကြွ၍ မင်းကွန်းတွင် သီလရှင်ဝတ်၍ နေထိုင်ရာ မင်းကွန်းတွင် ဆင်ဖြူမရှင် မိဖုရားကြီး နတ်ရွာစံပြီး နောက် ( ၂ ) နှစ် အြကာ ၁၉၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၂၅ ) ရက်နေ့တွင် ဘဝတစ်ပါးသို့ ပြောင်းသွားခဲ့လေသည်။ ဆင်ဖြူမရှင် မိဖုရားကြီးကား ရန်ကုန်စံအိမ်တော်တွင် သက်တော် ( ၇၈ ) အရွယ်၌ လူကြီး ရောဂါဖြင့် ၁၉၀၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ( ၂၆ ) ရက်နေ့တွင် နတ်ရွာစံသောအခါ သီပေါမင်းက မယ်တော် ထားခဲ့သည့် ပစ္စည်းများကို တောင်းဆိုသည်။ သူ့တောင်းဆိုချက်ကို ဆိုင်ရာတို့ကလည်း အသိအမှတ်ပြုကြသည်။ သို့ရာတွင် ဆင်ဖြူမရှင်တွင် ကြွေးမြီများ အများအြပားကျန်ရစ်ခဲ့ပြီး ဈာပနစရိတ်မှာလည်း ကြီးလွန်းလှသည်။ ထို့ကြောင့် ကြွေးမြီများ နုတ်လိုက်သည့်အခါ တွင် ဘာမှ မကျန်တော့ပေ။