နရဲစွမ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၂၉ -
ဘုရင့်နောင်မင်းတရားကြီးသည် မဟာသမ္မာရာဇမင်းအား သစ္စာပေးပြီး အယုဒ္ဓယကို စားစေပြီးလျှင် ယိုးဒယား-မြန်မာစစ် (၁၅၆၈-၇၀) လည်း ပြီးလေသည်။ ပဲခူးတွင် ၆နှစ်ကြာပြီး ၁၅၇၀ ခုနှစ်တွင် မင်းသားနရာဇ်နှင့် မင်းသားဖြူတို့လည်း အယုဒ္ဓသို့ ပြန်လာခဲ့လေသည်။ မြန်မာပြည်တွင် နေထိုင်စဉ်က "မြန်မာတို့၏အကောင်းဆုံးသော စစ်ပညာများကို လေ့ကျင့်သင်ကြားခွင့်ရခဲ့သည်"၊ ထို့ပြင် မြန်မာ မင်းညီမင်းသား၊ မင်းဆွေမင်းမျိုးများအား သင်ကြားပေးသည့် အဋ္ဌာရဿ ပညာတို့ကိုလည်း သင်ကြားခွင့်ရခဲ့သည်။ မင်းသား နာရာဇ်သည် စစ်ရေးတွင် ကျွမ်းကျင်သည်သာမက ဉာဏ်ရည်လည်းမြင့်မားလေသည်။ အထွေထွေဗဟုသုနှင့် ပက်သက်၍လည်း အထူး လေ့လာတတ်မြောက်လာခဲ့သည်။
 
မဟာသမာရာဇမင်းသည် နရာဇ် အသက် ၁၅နှစ် အရွယ်တွင် နရဲစွမ်ဘွဲ့‌ပေး၍ ဥပရာဇာပြုကာ ပိဿလောက်မြို့ကိုစားစေသည်။
နရဲစွမ်သည် ၎င်း၏ခမည်းတော်၊ ပဲခူးဘုရင်တို့နှင့် ပူးပေါင်းကာ လင်းဇင်းမြို့တော် ဗီယက်ချင်းအား သိမ်းပိုက်ရန် ကြိုးစားသော်လည်း ကျောက်ရောဂါဖြစ်၍ ပြန်လာခဲ့ရသည်။ ထို့နောက် ၎င်း၏ မိဖများထံ အလည်အပတ်သွားရောက်ချိန် အယုဒ္ဓယ၌ ချန်ကစမ်နန်းတော်အား တည်ဆောက်ခဲ့လေသည်။
 
၁၅၈၁ ခုနှစ်တွင် ဘုရင်နောင်နတ်ရွာစံပြီးနောက် နန္ဒဘုရင် နန်းတတ်လာခဲ့သည်။ ထိုအချိန် ဦးရီတော် အင်းဝမြို့စား သတိုးမင်းစောက ၁၅၈၃ ခုနှစ်တွင် ပုန်ကန်လေသည်။ နန္ဒဘုရင်လည်း ပြည်၊ တောင်ငူ၊ ဇင်းမယ်၊ ဗီယက်ကျင်းနှင့် အယုဒ္ဓယဘုရင်တို့အား အကူအညီပေးရန် ဆင့်ဆိုလေသည်။