နတ်ဘုရားအမျိုးမျိုးတို့ကိုကိုးကွယ်ခြင်း: တည်းဖြတ်မှု မူကွဲများ

→‎နတ်ဘုရားအမျိုးမျိုးတို့ကိုကိုးကွယ်ခြင်း: ဟိန္ဒူဘာသာတွင် နတ်ဘုရား Demigod ကိုးကွယ်မှု မရှ်ိပါ။
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
→‎အိန္ဒိယဘာသာရေးများ: ဟိန္ဒူဘုရားများပါ။နတ်ဘုရားမဟုတ်ပါ။နတ်ဘုရား ကဏ္ဍအောက် ဘုရားတွေကို မထည့်သင့်ပါ။God သည် ထာ၀ရဘုရားရှင် Lord သည် လူသားဇာတိခံဘုရားရှင် Demigod သည် နတ်မင်း နတ်ဘုရားဖြစ်တယ်။ကွဲပြားပါစေ။ မြန်မာဝီကီပီဒီယာက နိုင်ငံတကာအဆင့်မှီ အင်္ဂလိပ် ဝီကီပီဒီယာကို တလွဲလုပ်နေတယ်။
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၃၁ -
ရှေးခေတ်ဂရိတို့သည် အဓိက ဘုရားများနှင့်နတ်သမီး (၁၃)ပါး တို့ကိုအသိအမှတ်ပြုလက်ခံခဲ့ကြသည်။ ၎င်းတို့ ၏ အမည်မှာ ဇူး ၊ ဟီရာ ၊ ပိုစိုက်ဒွန် ၊ အပိုလို ၊ အာတီးမစ် ၊ အေးဖရိုဒိုက် ၊ အေရက်စ် ၊ ဒီအိုနီးဆပ် ၊ ဟပ်ဖေးစတပ် ၊ အေသီနာ ၊ ဟာမက်စ် ၊ ဒီမီတာ နှင့် ဟက်စ်ရှာ တို့ဖြစ်သည်။ သို့သော်လည်း အမျိုးမျိုးသော ဘုရားငယ်များကိုလည်း ကိုးကွယ် ကြသည်။ မြို့များ မတူညီသလို မြို့အလိုက် ကိုးကွယ်သည့်နတ်ဘုရားများလည်း မတူညီကြပါ။ တစ်ခါတစ်ရံတွင် အရည်အသွေးဂုဏ်ပုဒ်အလိုက် ဒေသသဘာဝများကို ခွဲခြားသတ်မှတ်ထားသည်။ ရှေးခေတ်ဂရိတို့၏ နတ်ဘုရားအမျိုးမျိုးများကို ကိုးကွယ်မှုသည် ဂရိတိုင်းပြည်ကိုကျော်လွန်၍ ပျံ့နှံ့သွားခဲ့ရာ အာရှမိုင်းနား ရှိ အိုင်အိုနီးယား ကမ်းခြေများနှင့် ကျွန်းများသို့လည်းကောင်း ၊ မက်နာဂရေစီယာ (စစ္စလီကျွန်းနှင့် အီတလီတောင်ပိုင်း)သို့လည်းကောင်း ၊ ရောက်ရှိသွားပြီး၊ မြေထဲပင် လယ် အနောက်ဘက်ခြမ်းမှ ဂရိ၏ကိုလိုနီနယ်ပယ်များဖြစ်သော မာဆေး ကဲ့သို့သော နေရာများအထိ ပျံ့နှံ့သွားသည်။ ဂရိဘာသာရေးသည် Etruscan (အီတလီနိုင်ငံ ၏ အနောက်ဘက်ရှိ ရှေးဟောင်းဒေသ)ကိုးကွယ်ခြင်းနှင့် ယုံကြည်မှု ကို နောက်ပိုင်း ရောမဘာသာရေးဖြစ်လာရန် ပုံသွင်းဆောင်ရွက်ခဲ့သည်။
 
== [[အိန္ဒိယနိုင်ငံ|အိန္ဒိယ]]ဘာသာရေးများ ==
 
'''ဟိန္ဒူအယူဝါဒ'''
 
၁။တစ်ဆူတည်းသောဘုရားကို ကိုးကွယ်မှုအပေါ် ဟိန္ဒူအမြင်။
ဘာသာရေးဟိန္ဒူအယူဝါဒသည် ကျယ်ပြန့်သည့်အကြောင်းအရာ တစ်ခုဖြစ်ပြီး ၊ တစ်ဆူတည်းသောဘုရားကို ကိုးကွယ်မှု နှင့် နတ်ဘုရားအမျိုးမျိုးတို့ကိုကိုးကွယ်မှုတို့၏ အမှီသဟဲပြုမှုများနှင့် နှစ်မျိုးစလုံးတို့၏ အမျိုးမျိုးကွဲပြား နေခြင်းများနှင့် ရောထွေး နေခြင်းတို့ကို ဖုံးအုပ်လွှမ်းခြုံထားသည်။ ထို့ကြောင့် သာမန်ကိုးကွယ်မှုသည် နတ်ဘုရားအမျိုးမျိုးတို့ကိုကိုးကွယ်မှုများဖြစ်ပြီး ၊ ထို အချိန်မှာပင် ဟိန္ဒူတွေးခေါ်ပညာရှင်များနှင့် ဘာသာရေးဆရာများသည် တစ်မျိုးတည်းသော နတ်ဘုရားအနှစ် သာရပါပြီး ၊ လူသားထက်ကျော်လွန် စိတ္တဇဆန်သော ရုပ်ပစ္စည်းများကိုးကွယ်ခြင်းကို အကြောင်းပြထောက်ခံထား သည်။ ဤနတ်ဘုရားအနှစ်သာရသည် ဗြဟ္မာ သို့မဟုတ် အတ်မန် တို့ကို အမြဲရည် ညွှန်းထားသည်။ သို့သော် ဤပြည့်စုံ သော နတ်ဘုရားအနှစ်သာရ၏ သဘာဝကိုနားလည်သိမြင်ခြင်းသည် ဝိဒါန်တ (Vedanta) ကဲ့သို့သော ဟိန္ဒူအတွေးအခေါ်ဓလေ့ထုံးတမ်းများကို တစ်တန်းတစ်စားတည်း သိမြင်ခြင်းဖြစ်သည်။ များစွာသော ဟိန္ဒူများသည် ဗြဟ္မာကြီးမှဆင်းသက်လာသည့် အမျိုးမျိုးသောနတ်ဘုရားများကို ယုံကြည်ကိုးကွယ်ကြ သည်။ အများစုသည် နတ်ဘုရားတစ်ပါးပါးကို ပုဂ္ဂိုလ်ရေးယုံကြည်မှုအရဖြစ်စေ ၊ ရိုးရာအစဉ်အလာကြောင့်ဖြစ်စေ၊ ဗြဟ္မာကြီး၏ ကိုယ်စားအဖြစ် ကိုးကွယ်ကြသည်။
 
ဟိန္ဒူအယူဝါဒကို ဆမတ်ထ (Smartha) ၏ အမျိုးတူအလိုက်ခွဲခြားပြရာတွင် ၊ ရှန်ကာရာ (Shankara) ရှင်းပြဖွင့်ဆိုထားသည့် အတ်ဝိတ်တ (Advaita) အတွေးအခေါ်သည် အရေအတွက်များစွာသော နတ်ဘုရားများ ကို ရိုသေခြင်းပြုရာတွင် ဗြဟ္မာကြီး၏တန်ခိုးတော်များဖြစ်သည်မှလွဲ၍မရှိဟု နားလည်သဘောပေါက်ခြင်းကို ခွင့်ပြုထား သည်။ ထိုကြောင့် ရှန်ကာအပါအဝင်မျိုးစုံသော ဝိဒါန်တ ကျောင်းများ၏အဆိုအရ ဟိန္ဒူအယူဝါဒတွင် အရေအတွက် များစွာသော နတ်ဘုရားများရှိသည်။ ၎င်းတို့မှာ ဗိဿနိုး ၊ သီဝ ၊ ဂနက်ရှ ၊ ဟာနူမန် ၊ လက်ချမီး နှင့် ကာလီ တို့ဖြစ်ကြသည်။ သို့သော် နတ်ဘုရားများ သည် ဗြဟ္မာကြီး၏ပုံစံအမျိုးမျိုးကို ခွဲခြားဖော်ပြထားသော နတ်ဘုရားများဖြစ်သည်။ သို့သော်လည်း များစွာသော ဝိဒါန်တတွေးခေါ်ပညာရှင်များကလည်း အားလုံးသော နတ်ဘုရားများအား အတ်မန် ပုံစံဖြစ်သော ဗြဟ္မာကြီး၏တန်ခိုးတော်ဖြင့် တစ်စုတစ်စည်းတည်းရှိစေသည်ဟု တွေးခေါ်ညွှန်ပြထားသည်။
 
စမတ်သာ ဘာသာရေးအုပ်စုနှင့်ခြားနားချက်တွင် ဝိတ်ရှန်အယူဝါဒ ၊ ရှိုက်ဗိုက် အယူဝါဒ နှင့် ရှက်အယူဝါဒ တို့သည် ရေမြေတောတောင်တိရစ္ဆာန်များ ကို စောင့်ရှောက် သည့် နတ်ဘုရားတစ်ဆူတည်း ကိုးကွယ်မှုကဲ့သို့ ပုဂ္ဂိုလ်ရေးနတ်ဘုရား ယုံကြည်မှုကို လိုက်နာကျင့်သုံးကြသည်။ သို့သော်လည်း ၎င်းတို့၏ ဗြဟ္မာကြီးအပေါ် နားလည်သဘောပေါက်မှုများသည် ကွဲပြားခြားနားလျက်ရှိ သည်။ ဝိတ်ရှနအယူဝါဒီတစ်ဦးသည် ဗိဿနိုး သို့မဟုတ် [[ကရစ်ရှနား]] နတ်ဘုရားသာ ကိုးကွယ်ထိုက်သည်ဟု လက်ခံယုံကြည်ထားပြီး အခြားသော နတ်ဘုရားများကိုးကွယ်မှုသည် နိမ့်ကျသည့် ကိုးကွယ်မှု သို့မဟုတ် ဗြဟ္မာကြီး၏ ချဲ့ထွင်ခြင်းများ သွင်ပြင်များတို့ကို ကိုးကွယ်ရန် တိုက်တွန်းဟြေဆိုမှုများဟု မှတ်ယူထားသည်။ များစွာသော ဝိတ်ရှနအယူဝါဒီတို့သည် သီဝနတ်ဘုရားကို ဗိဿနိုး နတ်ဘုရားအား ထိပ်ဆုံးမှ ကိုးကွယ်သူအဖြစ် မှတ်သားထားသည်။ ဆဒတ်ရှစ် (Sadashiv) နှင့် ရောထွေးရန်မလို ပါ။ ဆဒတ်ရှစ်ကို ဗိဿနိုး၏ချဲ့ထွင်ထားသူ တစ်ဦးဖြစ် မှတ်ယူသည်။ ရှိက်ဗိုက် ကိုးကွယ်သူများ၏ အနေအထား သည် ဝိတ်ရှနအယူဝါဒနှင့် များသောအားဖြင့် ဆင်တူသည်ဆိုသော်လည်း သီဝနတ်ဘုရားကို အထွတ်အမြတ်ကိုး ကွယ်ကြသည်။
== အရှေ့အာရှ ဘာသာရေးများ ==