တိုင်းပြည်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ် |
→တိုင်းပြည်: စာလုံးပေါင်း ပြင်ခဲ့သည် စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ် |
||
စာကြောင်း ၁ -
'''နိုင်ငံ''' (သို့) တိုင်းပြည်ဆိုသည်မှာ [[ပထဝီနိုင်ငံရေး]]နှင့် [[နိုင်ငံတကာနိုင်ငံရေး]]အရ နေရာ သတ်မှတ် ပိုင်းခြားထားသော အုပ်ချုပ်ခွင့်ရ နယ်မြေ ဖြစ်သည်။ နိုင်ငံတော်ဟူသော အခေါ်အဝေါ်နှင့် ထိုစကားလုံးနှင့်တွဲ၍ပါလာသော လူတို့၏စိတ်တွင်းမှ ခံစားချက်၊ခံယူချက်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များမှာ မိုးပေါ်မှကျလာသည်မဟုတ်ပဲ အုပ်ချုပ်သူလူတန်းစားများမှ ဆယ်စုနှစ်၊ရာစုနှစ်ပေါင်းများစွာ ပြုစုပျိုးထောင်လာခဲ့သော အရာတခုဖြစ်သည်။ လူအများအား နိုင်ငံတော်ဟူသော ဝေါဟာရအောက်တွင် တစည်းတလုံးထဲဖြစ်စေရေးအတွက် ပြောဆိုသောဘာသာစကားကို တတ်နိုင်သမျှတခုတည်းဖြစ်စေခြင်း၊ လူမျိုးစုနွယ်များ အသွယ်သွယ်ဖြစ်နေသည်ကို တတ်နိုင်သမျှ ကွဲပြားမှုနည်းအောင်ပြုလုပ်ခြင်းများမှာ အခြေခံကျသော
ထိုကဲ့သို့သော နိုင်ငံတခုအတွင်း၌ နိုင်ငံတော်တခုတည်းဟူသော ခံယူချက်ဖြစ်လာစေရေး အတွက် ထိုနိုင်ငံဟုခေါ်တွင်သော လူမျိုးစုများတခုထက်ပို၍ရှိနေနိုင်သော နယ်နမိတ်တခုအတွင်း၌ရှိနေသောလူအများနှင့် သဟဇာတဖြစ်အောင် နှစ်ပေါင်းများစွာ ပုံမှန်ထိန်းသိမ်းစောင့်ရှောက်ထားသော နိုင်ငံအုပ်ချုပ်ဖွဲ့စည်းပုံစနစ်တခု(Political Institution)ရှိရန်လိုအပ်၏။ ထိုကဲ့သို့ နိုင်ငံဖွဲ့စည်းပုံအဆောက်အအုံသည် ထိပ်ဆုံးမှ အုပ်ချုပ်သူခေါင်းဆောင်တဦးတည်း၏ တွေးခေါ်ကြံစည်ပုံ၊ အကောင်အထည်တခုတည်းအပေါ်တွင် တည်မှီမနေသင့်ပဲ ခေါင်းဆောင်သူကွယ်လွန်သွားသော်လည်း ကျန်ရှိနေသောစနစ်ကို လူအများက ဆက်လက်လိုက်နာနေစေရန် လိုအပ်၏။ ယူဂိုဆလားဗီးယားခေါင်းဆောင်ကြီး ဂျိုးဇစ်တီးတိုး(Josip Tito)သည် သူ၏နိုင်ငံကို တည်ဆောက်ရာတွင် အမှီအခိုကင်းသော နိုင်ငံအုပ်ချုပ်ဖွဲ့စည်းပုံစနစ်တခုကို ပြုစုပျိုးထောင်ခြင်းထက် သူ၏အတွေးအခေါ်နှင့် ထင်မြင်ယူဆများကို အခြေပြုကာ နိုင်ငံကို သူ၏အယူအဆအားစမ်းသပ်သည့် ပုံစံမျိုးဖြင့် အုပ်ချုပ်ခဲ့သောကြောင့် သူသေဆုံးပြီးသည့် နောက်ပိုင်းဆယ်စုနှစ်တခုကျော်ရုံသာရှိသေးသော ကာလပြီးသည့်နောက် အစိတ်စိတ်အမွှာမွှာကွဲလိုက်သည့် နိုင်ငံများမှာ ဆိုဗီယက်ပြည်ထောင်စုကွဲပုံနှင့် သူမသာကိုယ်မသာရှိလှသည်။ ကွဲပြားသွားသော ဖြစ်စဉ်များအတွင်းဖြစ်ပေါ်ခဲ့သော သွေးချောင်းစီးမှုများမှာလည်း ကြောက်ခမန်းလိလိရှိလှသည်။ လျို့ဝှက်ကူးယူအသံဖမ်းထားသော တိတ်ခွေများမှအစပြု၍ ဖြစ်ပွားခဲ့သော ဝါတားဂိတ်အရှုပ်တော်ပုံ(watergate scandal)တွင် အဓိကစွပ်စွဲခံရကာ နာမည်ပျက်၍ နုတ်ထွက်ခဲ့ရသော အမေရိကန်သမ္မတ ရစ်ချက်နစ်ဆင်လက်ထက်ရှိ အမေရိကန်ပြည်ထောင်စုတွင် နစ်ဆင်နုတ်ထွက်ပြီးနောက် တက်လာသော သမ္မတ ဂျွန်ဆင်သည် ရွေးကောက်ပွဲနိုင်၍တက်လာသောသမ္မတမဟုတ်သောလည်း လွှတ်တော်များအတည်ပြုသမ္မတသာဖြစ်သော ဂျွန်ဆင်ကို နိုင်ငံသာများက အထူးတလည်ကန့်ကွက်မနေပဲ လက်ခံလိုက်ကြပြီး အမေရိကန်ပြည်ထောင်စုကြီးမှာလည်း မပြိုကွဲသွားခဲ့ပါ။ ယူဂိုဆလပ်မှ တီးတိုး၏အခြေအနေနှင့် ယှဉ်ပြရခြင်းမှာ သိပ်မဆိုင်သလိုရှိသော်လည်း ထိုအမေရိကန်ပြည်ထောင်စုတွင် ကြုံရသောအခြေအနေကိုကြည့်ခြင်းအားဖြင့် လူပုဂ္ဂိုလ်အပေါ်မူတည်မှမရှိပဲ နှစ်ပေါင်းများစွာထိန်းသိမ်းလာခဲ့သော အမေရိကန်၏ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံ၏အမြင့်ဆုံးခေါင်းဆောင်ဖြစ်သည့် သမ္မတထက် ပို၍အရှိန်အဝါကြီးနေဆဲဖြစ်ပြီး နစ်ဆင်ပြုတ်သွားသော်လည်း တရားဥပဒေစိုးမိုးမှုယိုင်ဆင်းမသွားပဲ ဆက်လက်ဩဇာရှိနေဆဖြစ်သည်ကိုကြည့်၍ ဖွဲ့စည်းအုပ်ချုပ်ပုံအဆောက်အအုံရေရှည်ခိုင်မြဲစေရေးမှာ ခေါင်းဆောင်ကောင်းရှိရေးထက် ပို၍အရေးကြီးကြောင်းသိနိုင်ပါသည်။
|