သူရဿတီ: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး Restoring (reverted 2 edits) စာတွဲ: လက်ဖြင့် နောက်ပြန်ပြင်ခြင်း |
→သူရဿတီ: မင်းတို့က ဟိန္ဒူကို အသေနှိမ့်ချ စော်ကားပါလားဟ 😆 စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ် |
||
စာကြောင်း ၁ -
[[File:067 Sarasati Devi (9014129960).jpg|thumb|သူရဿတီ]]
{{wiktionary}}
'''သူရဿတီ'''သည် ပညာရေး၊ ဂီတနှင့် အနုပညာနာယကလုပ်သော
သူရဿတီ ဟူသောအမည်မှာ သက္ကတဘာသာ စကား၊ သရသွတိ ကိုပါဠိမှပြန်ကာ မြန်မာအသံဖြင့် ခေါ်ဝေါ်ထားသော အမည် ဖြစ်သည်။ သက္ကတပုဒ်သရကို သရသ်နှင့်ဝတိဟူ၍ ပုဒ်ခွဲနိုင်သည်။ အချို့ပညာရှင်တို့က သရသ်၌ “သ”သည်အတူတကွဖြစ်ခြင်း၊ “ရသ်”သည် ရေဟူသောအနက် ချိုမြိန်ခြင်းဟူသော အနက်ဖြစ်သည်။“ဝတိ”မှာရှိသည်။ ပိုင်ဆိုင်သူဟူသောအနက်ဖြစ်သည်။ ထို့ကြောင့် သရသွတိ ကို “ရေနှင့်အတူတကွရှိသော”နတ်သမီး၊ ချိုသာစွာ ပြောဆိုလေ့ရှိသော နတ်သမီးဟု မှတ်ဖွယ်ရှိသည်။ သရသွတိသည် ယခုခေတ် ပန်ဂျပ်ပြည်နယ်ရှိ ဆရဆွတိမြစ်ကို စောင့်သောနတ်ဖြစ်သည် ဟု အချို့ကယူဆကြသည်။
{{Infobox
| title = သူရဿတီ
Line ၁၆ ⟶ ၁၅:
|caption = သူရဿတီ.
}}
== ကိုးကွယ်မှု ==
မြန်မာဗုဒ္ဓဘာသာဝင်အချို့၏ဘုရားစင်တွင်၎င်း၊ အချို့ဘုရားရင်ပြင်ပေါ်တွင်၎င်း တည်ထားကိုးကွယ်ကြသည်။ ကိုးကွယ်သူများက [[ပိဋကတ်သုံးပုံ]] စောင့်နတ်သမီး၊ ပညာရေးကို စောင့်သောနတ်သမီး ဟု အယူရှိကြသည်။ သရသွတိသည် ဖန်ဆင်းရှင် ဗြဟ္မာ၏ ကြင်ယာတော်နတ်သမီး တစ်ပါး ဖြစ်သည်ဟု ခံယူလာကြသည်။ စာပေပညာနှင့် နှုတ်မှုပညာများကို စောင့်ရှောက်သည်ဟု လည်းယုံကြည်ခဲ့ကြသည်။ မြန်မာတို့၏ ကိုးကွယ်မှုတွင်ကား၊ သူရဿတီသည် တန္တရဝါဒီ မဟာယာနဂိုဏ်းသား တို့မှ တစ်ဆင့် ပုဂံခေတ်ကတည်းက နေရာရလာခဲ့သော နတ်သမီးဖြစ်သည်။ ပုဂံခေတ်အနော်ရထာ လက်ထက်၌ ရွှေစည်းခုံဘုရား တံတိုင်းအတွင်းတွင် နတ်ရုပ်အချို့ ထားရှိသည်။ ထိုခေတ် လူတို့ ယုံကြည်ကိုးကွယ်သော နတ်များသည် ဗုဒ္မမြတ်စွာကို ရိုကျိုးရှိခိုးသူများဖြစ်သည်။ စောင့်ရှောက်ရသူများ ဖြစ်သည်ဟူသော အဓိပ္ပာယ်ပေါက်အောင် အနော်ရထာက ကြံဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ရွှေစည်းခုံဘုရား၏ တံတိုင်းအတွင်း ထားသောနတ်ရုပ်(၃၇)ခု အနက် သူရဿတီသည် အမှတ်စဉ်(၉)တွင်ပါဝင်သည်။ နတ်ဝတ်တန်ဆာဆင်ကာ ဟင်္သာငှက်ပေါ်တွင် ထိုင်၍ လက်နှစ်ဘက်၌ ကြာပန်းကိုကိုင်နေဟန်ဖြင့် သူရဿတီကိုထုလုပ်ထားသည်။ [[ဟင်္သာ]]ငှက်သည် ရေတွင် ကျက်စားသော ငှက်ဖြစ်ခြင်းကြောင့် ရေကိုပိုင်သူ မြစ်စောင့်နတ်၊ သူရဿတီ ၏စီးတော်ယာဉ် အဖြစ်သတ်မှတ်ထားခြင်းဖြစ်ဟန် တူသည်။ ဗြဟ္မာ၏ကြင်ယာတော် သူရသွတိကို မြန်မာတို့က သူရဿတီ ဟုအသံထွက်ပြောင်းလဲခေါ်ဝေါ်ကာ '''ပိဋကတ်သုံးပုံစောင့် နတ်သမီး'''ဟုယူဆကိုးကွယ်ကြသည်။ သူရဿတီသည် အတတ်ပညာ ကျက်သရေမင်္ဂလာ တို့ကိုပေးနိုင်သည် ဟုယုံကြည်ကြသည်။ သူရဿတီ ဂါထာ၊ သူရဿတီ မန္တန်၊ သူရဿတီ အင်း၊ သူရဿတီမှော် စသည်ဖြင့် အစီအရင် အမျိုးမျိုးပြုလုပ် ဆောင်ရွက်ကြသည်။ <ref>(မြန်မာစွယ်စုံကျမ်း အတွဲ (၁၃)စာ-၁၆၈-၁၆၉)</ref>
|