အသောကမင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Paipaing7 (ဆွေးနွေး) ၏ ပြင်ဆင်မှုများကို Thar Htwe Zan ၏ နောက်ဆုံးတည်းဖြတ်မူသို့ နောက်ပြန် ပြန်ပြင်ခဲ့သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
အရေးမကြီး fix link
စာကြောင်း ၃၂ -
[[File:Indian_relief_from_Amaravati,_Guntur._Preserved_in_Guimet_Museum.jpg|thumb|right|အသောကမင်းကြီး အုတ်ခွက်ရုပ်]]
== အသောကမင်းကြီး ==
[[အိန္ဒိယ]]နိုင်ငံ၏သားကောင်းရတနာ ဘုရင်တစ်ပါးဖြစ်သော အသောကမင်းကြီးသည် [[ခရစ်ယာန်ဘာသာ|ခရစ်တော်]] မပေါ်မီ ၂၆၈ ခုနှစ်တွင် အိန္ဒိယထီးနန်းကို ဆက်ခံခဲ့သည့် ဧကရာဇ် မင်းတစ်ပါးဖြစ်သည်။ သမိုင်းမှတ်တမ်းဝင်ဘုရင်များအနက် အောင်ပွဲရပြီးနောက် စစ်ကိုစွန့်ပယ်ခဲ့သော တစ်ဦးတည်းသော စစ်ဘုရင်ဖြစ်သည်ဟု စာရေးဆရာကြီး [[ဝဲလ်၊ အိပ်ချ်၊အိပ်ချ် ဂျီ|အိပ်ချ်ဂျီဝဲလ် ဝဲလ်]] ကဆိုထားသည်။ စစ်ကို စွန့်ပယ်ခဲ့သော အသောကမင်းသည် [[ဗုဒ္ဓဘာသာ]] ကို သက်ဝင်ယုံကြည်ခဲ့သည်။ [[ဗုဒ္ဓသာသနာ]]ကို လူအများသက်ဝင်ယုံကြည်လာစေရန် ကြိုးပမ်းခဲ့သော ပုဂ္ဂိုလ်ကြီးလည်းဖြစ်သည်။ အသောကမင်းကြီး၏ ဘဝနှင့်ခံယူချက်များအား သူပိုင်သော နယ်မြေအတွင်းတွင် ရေးထိုးထားသော ကျောက်စာများတွင်တွေ့ရှိနိုင်သည်။ ထိုကျောက်စာများအနက်မှ အချို့အား အိန္ဒိယနိုင်ငံ အနှံ့အပြားတွင် ယနေ့တိုင်တွေ့ရှိ နိုင်သေးသည်။ ဤကျောက်စာများ၏ ပထဝီအနေအထားအရ အသောကမင်းကြီး၏ နယ်ပယ်အကျယ်အဝန်းကို နှောင်းလူများခန့်မှန်းခွင့် ရခဲ့ကြသည်။
 
အသောကမင်းကြီးသည် ဗုဒ္ဓ၏ဓမ္မကို မိမိ၏ဘာသာရေးဒဿနအဖြစ် လက်ခံခဲ့ပြီးနောက် တိုင်းသူပြည်သားများအား မှန်ကန်သစ္စာရှိမှု၊ သနားကြင်နာမှု၊ အကြမ်းမဖက်မှု စသည့်တရားများဖြင့် အုပ်ချုပ်ခဲ့သည်။ တင်းကြပ်လွန်းသော ဥပဒေများကို လျှော့ချပေးခြင်း၊ တိရိစ္ဆာန်ဘေးမဲ့ဂေဟာများ ဆောက်လုပ်ပေးခြင်း၊ လမ်းများဖောက်ပေးခြင်း၊ ဆည်မြောင်းတာတမံများ ဆောက်လုပ်ပေးခြင်း စသည်တို့ကို တိုင်းသူပြည်သားများအတွက် ဆောင်ရွက်ပေးခဲ့သည်။ နိုင်ငံအနှံ့အပြားတွင် ရေတွင်း၊ ရေကန်များလည်း တူးဖော်လှူဒါန်းခဲ့သည်။ အထူးခြားဆုံးမှာ တစ်ခြားဘာသာများအားလည်း လွတ်လပ်စွာကိုးကွယ်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြားသို့ ဗုဒ္ဓသာသနာပြုများလည်း စေလွှတ်ခဲ့ပြီး သီဟိုဠ်ကျွန်းတွင် ဗုဒ္ဓသာသနာ အထူးပင် စည်ပင်ဖွံ့ဖြိုးခဲ့သည်။ ဘီစီ ၂၂၆ တွင် အသောကမင်းကြီးကွယ်လွန်ခဲ့သည်ဟု အချို့သမိုင်းမှတ်တမ်းများတွင် ဖေါ်ပြကြသည်။ စာရေးဆရာကြီး [[ဝဲလ်၊ အိပ်ချ်၊ ဂျီ| အိပ်ချ်၊ ဂျီ၊ ဝဲလ်]]က သူရေးသားသော ([https://en.wikipedia.org/wiki/The_Outline_of_History The Outline of History]) ဆိုသော စာအုပ်ထဲတွင် အသောကမင်းကြီးအား ဤကဲ့သို့ ချီးကျူးပြောဆိုထားပါသည်။