ကျော်ဇော၊ ဗိုလ် (ရဲဘော်သုံးကျိပ်): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၁၅ -
၁၉၇၆ ခုနှစ်မှာ အစိုးရရဲ့ တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေတဲ့ ကြားကပဲ ဗမာပြည် ကွန်မြူနစ် ပါတီ ထိန်းချုပ်ရာ နယ်မြေဆီ ရှောင်ထွက် နိုင်ခဲ့တယ်။ ကွန်မြူနစ် ပါတီ ဗဟို ကော်မတီနဲ့ စစ်ကော်မရှင် အဖွဲ့ဝင် ဖြစ်လာခဲ့တယ်။ ပါတီတွင်း ပြိုင်ဆိုင်မှုတွေကြောင့် ပါတီပြိုကွဲခဲ့တဲ့ ၁၉၈၉ ခုနှစ်မှာတော့ ဗိုလ်ကျော်ဇော တရုတ်ပြည်ထဲ ဝင်ရောက် ခိုလှုံခဲ့ရတယ်။
 
အခုအခါ အသက် ၉ဝ ရှိပြီ ဖြစ်တဲ့ ဝါရင့် တပ်မှူးကြီး ဗိုလ်ကျော်ဇောဟာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ နေထိုင်လျက် ရှိပါတယ်။ ဧရာဝတီ မဂ္ဂဇင်းနဲ့ တွေ့ဆုံ မေးမြန်းခန်း တခုမှာ ဒီနေ့ခေတ် တပ်မတော်ကို 'ကြေးစားတပ်' လို့ ပြောဆိုခဲ့တယ်။ တိုင်းပြည် အကျိုးအတွက် စစ်တိုက်ခဲ့တဲ့ သူတို့ခေတ်က တပ်မတော် ခေါင်းဆောင်တွေနဲ့ မတူတဲ့ "ဒီနေ့ခေတ် စစ်ခေါင်းဆောင်တွေရဲ့ တခုတည်းသော ရည်ရွယ်ချက်က စစ်အာဏာရှင် စနစ်ကို ထိန်းသိမ်း ကာကွယ်ဖို့" လို့ ပြောခဲ့ပါတယ််။ပြောခဲ့ပါတယ်။<ref>(၆၄) နှစ်မြောက် တပ်မတော်နေ့ (တော်လှန်ရေးနေ့) အထိမ်းအမှတ် ဧရာဝတီ မဂ္ဂဇင်း၊ ၂ဝဝ၉ မတ်လ ၂၇ ရက်၊</ref>