ဂျက်လန်ဒန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၆၄ -
‘ဂွျန်လန်ဒန်’ က အိုဟိုင်ယိုပြည်နယ်က လယ်သမားကြီးတဦး ဖြစ်သည်။ စီးပွားရေးပျက်ကပ်ကြီးများ၏ဒဏ်အား ကြိမ်ဖန်များစွာခံရပြီးနောက် … … လယ်ယာလုပ်ငန်းအား စွန့်လွှတ်ရတော့သည်။ တရွာပြီးတရွာပြောင်းရင်း ဆန်ဖရန်စစ္စကိုသို့ရောက်ခဲ့ပြီး ‘ဂျက်’ မိခင်နှင့် အိမ်ထောင်ကျခြင်းဖြစ်၏။
‘ဂျက်လန်ဒန်’ လူဖြစ်ကြီးပြင်းခဲ့ရသည့် အချိန်ကာလက … အမေရိကန်လက်ဝါးကြီးအုပ် အရင်းရှင်စံနစ်အတွင်း လူနေမှုစံနစ်များ ဖောက်လွဲဖောက်ပြန်နှင့် ဝရုန်းသုန်းကား ဖြစ်ပွားနေသောကာလ … …။
‘ဘဏ္ဍာအရင်း’ နှင့် ‘လုပ်အား’ တို့၏ပဋိပက္ခသည် အထွတ်အထိပ်သို့ တတ်နေသည့်အချိန် … …၊ ဆင်ဒီကိတ်၊ ထရပ်(စ်)၊ ကာတဲ(လ်)တို့က အမြတ််ရရေးတခုတည်းအပေါ်ကြည့်ပြီးအမြတ်ရရေးတခုတည်းအပေါ်ကြည့်ပြီး အရာရာကို လည်မျိုညှစ် ဝါးမျိုနေသည့် ခေတ် … …။ ဤသို့သော … … လူမှုဒုက္ခ ဝဲကယက်ကြီးအတွင်း ဂျက်လန်ဒန်တို့ မိသားစုသည်လည်း မြုပ်ချီ … ပေါ်ချီနှင့် စီးမျော၍နေခဲ့ကြရမည်။
‘ဂျက်လန်ဒန်’ သည် ဆန်ဖရန်စစ္စကိုမြို့အနီးရှိ ဥက္ကလန်သဒ္ဒါကျောင်း၌ အတန်းပညာအားစ၍ သင်ကြားခဲ့၏။ ‘ဂျက်’ ၏ ထမင်းဗူးတွင် ‘အသား’ ဟင်းလျာဟူ၍ မည်သည့်အခါမှျမပါ … ပေါင်မုန့်နှင့် အားလူးပြုတ်သည် သာ ‘ဂျက်’ ၏ နေ့စဉ်မှီဝဲရသည့် အာဟာရ …။ နေ့ခင်းထမင်းစားလှျင် ‘ဂျက်’ သည် အတန်းတူ အခြားကလေးများနှင့် ရောနှော၍ ထမင်းမစားဝံ့ …။ အသား၊ ငါးဟင်းအမယ်များနှင့် ဖွယ်ဖွယ်ရာရာ ထမင်းဗူးများအကြား၌ ‘ဂျက်’ ၏ ထမင်းဗူးသည် သိမ်ငယ်၍ … …။ လူကြားမတိုး …။ ဝတ်ဆင်ရာတွင်လည်း ‘ဂျက်’ ၌ ကျောင်းဝတ်စုံ နှစ်စုံသာရှိ၏။ နှစ်စုံသော ဝတ်စုံသည်လည်း အရောင်မပေါ် … မွဲမွဲခြောက်ခြောက် …။ သစ်သစ်လွင်လွင်နှင့် တောက်တောက်ပြောင်ပြောင် ကလေးငယ်များအကြားတွင် ဂျက်သည် ခွေးဖြူတော မတိုးဝံ့ … ဖြစ်နေခဲ့ရမည်။ စာမေးပွဲတခုတွင် ‘ဂျက်’ သည် ပထမတန်းဂုဏ်ထူးနှင့် အောင်မြင်ခဲ့၏။ သို့သော် … ဆုပေးပွဲအခမ်းအနားသို့ ‘ဂျက်’ မသွားရောက်ခဲ့ …။ အခမ်းအနားသို့ တတ်ရောက်ရန် သူ့တွင် အဝတ်အစားမရှိ၍ ဖြစ်သည်။
‘ဂျက်’ ၁ဝ နှစ်သားအရွယ်တွင် သတင်းစာပို့သည့်အလုပ်အား လုပ်ကိုင်ခဲ့ရ၏။ တဖက်က ကျောင်းတတ်ရင်း သတင်းစာပို့ခဲ့ခြင်းဖြစ်သည်။ မနက် ၃ နာရီတွင် အိပ်ယာမှထရပြီး တလမ်းဝင် တလမ်းထွက် သတင်းစာ ပို့ခဲ့ရသည်။ ကျောင်းချိန်အမှီ ကတိုက်ကရိုက်နှင့် ကျောင်းတတ် …။ ကျောင်းကပြန်လာလှျင်လည်း … ကတိုက်ကရိုက်ပင် …။ အဆာပြေ တခုခုစားရန်က ပေါပေါနှင့် အမြဲရှိသည့် ‘ရေ’ …။ ရေတဝသောက်ပြီး ညနေပိုင်း သတင်းစာအား ပို့ရပြန်၏။ နေဝင်မိုးချုပ်မှ အိမ်သို့ပြန်ရောက်ရ၏။