မာတင် ဗန် ဗျူရင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.5.2) (robot Adding: af, ang, ar, arz, az, bcl, be, be-x-old, bg, bn, bs, ca, ceb, co, cs, cy, da, de, dv, eo, es, et, eu, fa, fi, fr, fy, ga, gd, gl, gv, he, hr, hu, id, io, is, it, ja, ka, ko, ksh, la, lt, lv, mr, ms, nds, ne, nl, nn, no, oc, pam
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၄၈ -
 
== သမ္မတ ဘဝ ==
ဗန် ဗျူရင်၏ သမ္မတဘဝမှာ စိတ်ချမ်းမြေ့ဖွယ်မရှိခဲ့ပေ။ နိုင်ငံရေးကစားကွက်တွင် ကျွမ်းကျင်သော်လည်း ရှေ့လူ အင်ဒရူး ဂျက်ဆန် ၏လောင်းရိပ်ကြောင့် အာဏာလျော့ပါးရသည်။ ဗျူရင်မှာ ဂျက်ဆန်ကဲ့သို့ လူရှေ့တွင် ရဲရဲတင်းတင်းဖြင့် အာဏာပေးတတ်သူမဟုတ်ပေ။ အတွင်းကျိတ်ဆွေးနွေးဖြေရှင်းတတ်သည့် သဘောရှိသည်။ ထိုသို့ အနေအထိုင် ရိုးကုတ်သဖြင့် အများပေါ်တွင် သြဇာသက်ရောက်မှုနဲတော့သည်။ဩဇာသက်ရောက်မှုနဲတော့သည်။ လူပုံကလည်း ပုပျက်ပျက်နှင့် ဟိတ်ဟန်ကောင်းလှသည်မဟုတ်ပေ။
 
သတ္တမမြောက် သမ္မတ အင်ဒရူးဂျက်ဆန်က ဒုတိယ အမေရိကန်ဘဏ်တွင် အပ်နှံထားသော အစိုးရငွေကြေးဓနများကို ပယ်နုတ်လိုက်သဖြင့် တိုင်းပြည်၏ စီးပွားအခြေအနေမှာ ယိုယွင်းနေခဲ့ပြီဖြစ်သည်။ အနောက်ဖတ်တစ်လွှားမှ ပျံနှံလာသည့် အဆိုပါ မြေယာစျေးကွက်မြေယာဈေးကွက် ပြိုလဲမှုသည် အမေရိကန် အရှေ့ဖျားသို့ပင် ရောက်လာခဲ့ပြီဖြစ်သည်။ သို့သော် ဗျူရင်က အစိုးရအနေဖြင့် လွတ်လပ်သောစျေးကွက်ကိုလွတ်လပ်သောဈေးကွက်ကို ဝင်ထိန်းသိမ်းရန် မသင့်ဟုယူဆကာ ဝင်ရောက်ဖြေရှင်းပေးခြင်းမရှိသဖြင့် အခြေအနေမှာ ပို၍ဆိုးရွားလာသည်။ ၁၈၄ဝတွင် ပေါ်ပေါက်လာသည့် လွတ်လပ်သော ငွေတိုက် အက်ဥပဒေမှာ ဗျူရင့်လက်ရာဖြစ်သော်လည်း [[စီးပွားပျက်ကပ်]]အတွင်းမှ တိုင်းပြည်ကို အချိန်မီဆည်တင်နိုင်ခြင်းမရှိခဲ့ပေ။ သို့ဖြင့် ခြောက်နှစ်ကြာသော စီးပွားပျက်ကပ်ကြီးသည် ဗျူရင်၏ သမ္မတသက်တမ်းကို ဝါးမြိုသွားခဲ့တော့သည်။
 
သို့ဖြင့် နောက်တစ်ကြိမ်ရွေးကောက်ပွဲကြီးတွင် ဗျူရင် မရှုမလှရှံူးနှိမ့်ပြီး သမ္မတရာထူးကို လက်လွတ်ရတော့သည်။ နိုင်ငံရေးသမားတစ်ဦးအနေဖြင့် လည်ပတ်ကျွမ်းကျင်သော်လည်း ခေတ်ကာလအရ ခေတ်ဆိုးကြီးတွင် ကြားညှပ်ခံရရှာသော သမ္မတတစ်ဦးအဖြစ် နှောင်းလူတို့က သတ်မှတ်ကြပါသည်။ ၁၈၆၂တွင် ဗျူရင်ကွယ်လွန်သည်။ ကျန်ရှိသော ရုပ်အလောင်းကို ဇာတိ ကင်ဒါဟွတ်ခ်ရွာတွင်ပင် မြုပ်နှံခဲ့သည်။