မြင့်သိန်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၈ -
သားကြီး ဩရသမှာ ပထမဆုံး မြန်မာ အိုင်စီအက်စ်၊ ပထမဆုံး ယူကေနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်လောင်း၊ ပထမဆုံး ဘဏ္ဍာရေး ဝန်ကြီး၊ တတိယမြောက် နိုင်ငံခြားရေး ဝန်ကြီး၊ ဒုတိယမြောက် နိုင်ငံရေး လုပ်ကြံခံရသူ ဦးတင်ထွဋ် ဖြစ်၏။ ဒုတိယသားမှာ စာသံ ပေသံ မပါဘဲ ဉာဏ်အကောင်းဆုံး တရားလွှတ်တော်ချုပ် တရားသူကြီး ဦးကျော်မြင့် ဖြစ်၏။ စတုတ္ထသားက ကလောင် နာမည်ဖြင့် စာရေးပြီး ဒီဂရီဘွဲ့များ ရရှိ၍ ရန်ကုန် တက္ကသိုလ်၏ ပထမဆုံး ပါမောက္ခ၊ သီဟိုဠ်နိုင်ငံ ဆိုင်ရာ ပထမဆုံး သံအမတ်ကြီး ဖြစ်လာသူ ဒေါက်တာ ထင်အောင် ဖြစ်၏။ ၎င်းတို့ အားလုံးထက် အသက်ရှည်သူမှာ ၁၉ဝဝ ခုနှစ် မွေး၍ ၉၂ နှစ် အထိ အသက် မှတ်ရလွယ်သော တတိယသား ဦးမြင့်သိန်း ဖြစ်၏။ မိန်းကလေး သုံးဦး အနက် အကြီးဆုံး ဒေါ်မြမူမှာ မြန်မာစာ ပါမောက္ခ ဦးဧမောင်၏ ဇနီး ဖြစ်၍ အလတ် ဒေါ်ခင်စောမူမှာ အိုင်စီအက်စ် ဦးဘတင့်၏ ဇနီး ဖြစ်၏။ အငယ်ဆုံး ဒေါ်တင်စောမူမှာ အင်္ဂလိပ်စာ ပါမောက္ခ ဖြစ်၏။
 
အထက်ပါ ညီအစ်ကို မောင်နှမ ခုနှစ်ယောက်သည် မြန်မာပြည်တွင် အစည်းလုံး အညီညွတ်ဆုံး ဆွေမျိုးစု ဖြစ်၍ ဘဝ အောင်မြင််ရေးအောင်မြင်ရေး အတွက် တယောက်နှင့် တယောက် ကူညီ ယိုင်းပင်းကြသည်ဟု မလိုသူ အချို့က ပြောကြ၏။ ထိုအချက် မှန်တောင်မှ၊ ပင်ကိုယ်ဉာဏ် ကောင်း၍ တိုးတက်လိုစိတ် ပြင်းထန်သော ဦးမြင့်သိန်း ကြောင်း အနည်းငယ် ရေးသား ဖော်ပြပါမည်။
 
မိမိကိုယ်မိမိ နှိမ့်ချ၍ မောင်ဘယ်သူ ဘယ်ဝါဟု ခေါ်တွင် လက်မှတ်ထိုးသော ခေတ်ပေါက် မောင်မြင့်သိန်းသည် နောင်တော်ကြီး ဦးတင်ထွဋ်ကဲ့သို့ Cambridge တက္ကသိုလ်မှ ဘီအေဘွဲ့နှင့် Inns of Court ဝတ်လုံတော်ဘွဲ့ တို့ကို ဆွတ်ခူး၍ ပြည်တော် ပြန်ခဲ့၏။ သူ ရှေ့ဆက်နင်းသော လုပ်ငန်းမှာ ၁၉၂ဝ နှစ်များတွင် ပေါ်ပေါက်ခဲ့သော အမျိုးသား စိတ်ဓာတ်တို့ကြောင့် အစ်ကိုကြီးကဲ့သို့ မိုးကျရွှေကိုယ် အိုင်စီအက်စ် ရာထူး မမှန်းတော့ဘဲ မြို့မ အမျိုးသားကျောင်း၏ စေတနာ့ ဝန်ထမ်း ကျောင်းအုပ် အဖြစ် ထမ်းရွက်လေသည်။ ၁၉၂၉ - ၃ဝ ကျောင်းအုပ်ချုပ်ရေး အဖွဲ့ ဓာတ်ပုံထဲကတွင် ဦးမြင့်သိန်းကို ဇနီးသည် ဝတ်လုံတော်ရ ဒေါ်ဖွားမှီ၏ နောက်မှ ရပ်နေသည်ကို တွေ့ရ၏။ သူ့အစ်ကို ဦးကျော်မြင့်က အဖွဲ့၏ ဒု-ဥက္ကဋ္ဌ အဖြစ် ပါဝင်ပြီး၊ ကျွန်တော် ဖခင် ဦးဘိုးသောင်က စေတနာ့ ဝန်ထမ်း ကျောင်းအင်ဂျင်နီယာ အဖြစ် ဆောင်ရွက်ကြပုံကို တွေ့ရ၏။ (ဦးမြင့်သိန်းသည် ကျွန်တော့် ဖခင်ကို လေးစား၍လား မသိ၊ နောက် အနှစ် ၃ဝ အကြာ အိုင်စီအက်စ် ဦးအုန်း၏ သမီး ခင်ခင်အုန်းအား တောင်းရမ်းပွဲ၌ ကျွန်တော့် အတွက် စကားပြောပေးလေသည်)