လားဟူလူမျိုး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-၀ပမ် +ဝမ်, -ဥ် +ဉ်, -ဩ +ဩ, -ဪ +ဪ, -့် + ့်, -စျ +ဈ, -၀ေ +ဝေ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ို +ဝို, -၀ူ +ဝူ, -၀ဲ +ဝ
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၁၁ -
#ကောက်သစ်စားပွဲ (စက်တင်ဘာအကုန် အောက်တိုဘာအချိန်တွင် ကျင်းပလေ့ရှိသည်။)
 
ကောက်နှံများ ရင့်မှည့်လာသောအချိန်မှာ ရပ်ရွာလူကြီးများက ကောက်သစ်စားပွဲ ကျင်းပမည့် နေ့ရက်ကို သတ်မှတ်ကြရ၏။ လားဟူလူမျိုးတို့၏ ပြက္ခဒိန်ရက် သတ်မှတ်မှုသည် တရုတ်လူမျိုးများနှင့် ဆင်တူသည်။ တစ်ပတ်တွင် နေ့ရက် ၁၂ ရက်ရှိပြီး ရက်များကို ခွေး၊ နွား၊ မြွေ စသည့် တိရစ္ဆာန်အမည်များဖြင့််တိရစ္ဆာန်အမည်များဖြင့် သတ်မှတ်ထားပါသည်။ ထိုရက်များထဲမှ ယုန်ရက်၊ ကျားရက်နှင့် နဂါးရက်များမှာ နေ့ထူးနေ့မြတ်များ ဖြစ်သောကြောင့် ရွေးချယ်ကြခြင်း ဖြစ်သည်။ ထိုသို့ ရက်သတ်မှတ်ပြီးလျှင် ရပ်ရွာရှိ လမ်းများကို သေချာပြင်ဆင်ပြီး တစ်ရွာလုံး သန့်ရှင်းရေး လုပ်ကြရသည်။ ရွာသူရွာသားများက ကောက်သစ်စားပွဲအတွက် စပါးကို သေချာရိတ်သိမ်းပြီး ဆန်အဖြစ် ထောင်းကြရသည်။ ကောက်သစ်နှင့်အတူ တောင်ယာတွင် စိုက်ထားသော ပြောင်းဖူး၊ ငရုတ်၊ သခွား စသည့် ဟင်းသီးဟင်းရွက်များနှင့် ဟင်းခပ် အမွေးအကြိုင်များကိုပါ ဆွတ်ခူး ယူလာကြရပါသည်။ ကောက်သစ်စားပွဲနေ့ မနက်တွင် ခရစ်ယာန်ဘာသာ ကိုးကွယ်သူက တောင်ယာထွက် ကောက်သစ်နှင့် သီးနှံများနှင့် ဘုရားသခင်ကို ဆက်ကပ်ကြပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီး ဝတ်ပြု ဆုတောင်းကြပါသည်။
 
နတ်ကိုးကွယ်သူများမှာ သူတို့၏ ဘာသာရေးခေါင်းဆောင် ရှိပြီး ယောက်ျားအား '''သိုဗို''' ဟုခေါ်ပြီး အမျိုးသမီးကို '''သာလာမာ''' ဟုခေါ်သည်။ ထွက်လာသော ဦးဦးဖျားဖျား ဆန်ဖြစ်ဖြစ်၊ တစ်ခြား အသီးအနှံဖြစ်ဖြစ် ဘုရားကျောင်းကဲ့သို့ သီးသန့်ပူဇော်သည့် နေရာ၌ သွားရောက် ပူဇော်ကြပါသည်။ ထိုကဲ့သို့ ပူဇော်ပြီးနောက် ကောက်သစ်စားပွဲကို ကျင်းပလေ့ရှိပါသည်။ ကောက်သစ်စားပွဲကို အများအားဖြင့် စုပေါင်းကျင်းပကြသည်။ ရွာအလိုက် ကျင်းပကြသည်လည်း ရှိသည်။ လားဟူများမှာ အချင်းချင်း နီးနီးနားနား နေထိုင်ကြသည်က များသည်။ ဟိုဖက်ရွာ၌ ကောက်သစ်စားပွဲရှိလျှင် ဒီဖက်ရွာမှလည်းသွားကြသည်။ အလည့်ကျ ခေါ်ဖိတ်ပြီး ဆင်နွှဲကြသဖြင့် ပွဲကြီးမှာ စည်ကား၍နေပေသည်။
စာကြောင်း ၁၉ -
ဖိတ်ကြားထားသော ဧည့်သည်များအတွက် ရွာတွင် စုပေါင်းပြီး ချက်ထားတတ်ပါသည်။ ချက်ပြုတ်ထားသည့် အစားအသောက်များ အားလုံး တစ်နေရာတွင် စုပေါင်းထားပြီး ဧည့်သည်များရော ရွာသူရွာသားများပါ အတူတူ လက်ဆုံစားကြသည်။
 
လားဟူရိုးရာအရ ကောက်သစ်စားပွဲ ပြင်ဆင်ရာ၌ ထမင်းနှင့်ဟင်းကို လားဟူဘာသာဖြင့် '''အာဖရှ'''ခေါ် သစ်ရွက်ရှည် တစ်မျိုးဖြင့့်တစ်မျိုးဖြင့် ထုတ်ပြီး ပေါင်းရပါသည်။ ထိုသို့ ပေါင်းရာမှာလည်း အရွယ်တူ သစ်ရွက်နှစ်ရွက်ကို ကြက်ခြေခတ်ထုတ်ပြီး နှီးနှင့်ချည်ကာ ပေါင်းရပါသည်။ ဧည့်သည်များအား ထိုထမင်းပေါင်း ဟင်းပေါင်းများနှင့် ဧည့်ခံရသည်။ ကောက်သစ်စားပွဲမှာ ရိုးရာအရဆိုလျှင် ပန်းကန်ခွက်ယောက်များ လုံးဝမသုံးရပါ။ ကောက်သစ်စားပွဲမှာ မလုပ်မဖြစ်သည့့်မလုပ်မဖြစ်သည့် ရိုးရာတစ်ခုပါသည်။
 
မပါမဖြစ်သည့် ရိုးရာတစ်ခုက '''ဟွန်တောင်ထီး'''ဟု ခေါ်သော ရိုးရာဟင်းဖြစ်သည်။ ထိုဟင်းသည် အသားကို ဟာကြား ဟုခေါ်သော ဆီးဖြူခေါက်၊ ဂျူးမြစ်၊ နံနံပင်၊ ကြက်သွန်မြိတ်စသည့် ဟင်းခတ် အမွေးအကြိုင်များနှင့် ရော၍ တောက်တောက်စင်း ဖက်နှင့်ထုတ်ပြီး ပေါင်းထားသော ဟင်းတစ်မျိုးဖြစ်သည်။