"အာဇာနည် ခေါင်းဆောင်ကြီးများ" ၏ တည်းဖြတ်မှု မူကွဲများ

အရေးမကြီး
Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီး (Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ)
အရေးမကြီး (Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ)
{{main | ဗိုလ်ချုပ် အောင်ဆန်း}}
 
၁၉၁၅ ခု၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မကွေးတိုင်း၊ တောင်တွင်းကြီး ခရိုင်၊ နတ်မောက်မြို့၌ အမိန့်တော်ရ ရှေ့နေ ဦးဖာ - ဒေါ်စု တို့မှ နောင်တခေတ်တွင် ဗိုလ်ချုပ် အောင်ဆန်း ဟူ၍ မြန်မာ နိုင်ငံ သမိုင်း၌ တွင်စေမည့် သားရတနာကို ဖွားမြင် ခဲ့သည်။ ဇာတာ အမည်မှာ မောင်ထိန်လင်း ဖြစ်သော်လည်း ငယ်စဉ် ကပင် မောင်အောင်ဆန်းဟု တွင််သည်။တွင်သည်။ ငယ်စဉ်က နတ်မောက်မြို့ ဆရာတော် ဦးသောဘိတ ကျောင်း၌ နေခဲ့သည်။ ၁၉၂၈ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းသို့ ပြောင်းရွှေ့ ပညာ သင်ယူ ခဲ့ပြီး၊ ယင်းကျောင်းမှ မြန်မာ၊ ပါဠိ ၂ ဘာသာ ဂုဏ်ထူးဖြင့် ၁ဝ တန်း အောင်မြင် ခဲ့သည်။ ပညာ ထူးချွန်သူ ဖြစ်၍ အထက်တန်း စကောလားရှစ်နှင့် ဦးရွှေခိုဆု ရရှိခဲ့ ဖူးသည်။ ထိုနောက် ရန်ကုန် တက္ကသိုလ်သို့ တက်ရောက်ပြီး ဆက်လက် ပညာ ဆည်းပူး ခဲ့သည်။ ၁၉၃၅ - ၃၆ ပညာ သင်နှစ်မှ စ၍ ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ အမှုဆောင် အဖွဲ့ဝင် ဖြစ်လာ ခဲ့ပြီး၊ သမဂ္ဂ၏ အာဘော် အိုးဝေ မဂ္ဂဇင်း အယ်ဒီတာလည်း လာခဲ့သည်။ ကိုအောင်ဆန်း အယ်ဒီတာ အဖြစ် ဆောင်ရွက်သော အိုးဝေ မဂ္ဂဇင်းတွင် ယမမင်း အမည် အိုးဝေ ညိုမြ ရေးသားသော “ငရဲခွေးကြီး လွတ်ပြီး သရမ်း နေသည် (The Hell Hound At Large)” ခေါင်းစဉ်ဖြင့် ပေးစာ တစောင် ဖော်ပြခဲ့ မှုသည်လည်း ၁၉၃၆ ဒုတိယ ကျောင်းသား သပိတ် ဖြစ်ပွား စေခဲ့သော အဓိက အကြောင်းရင်း တချက် ဖြစ်သည်။ ၁၉၃၆ ဒုတိယ ကျောင်းသား သပိတ်၏ သပိတ်မှောက် ကောင်စီ အဖွဲ့ဝင် တဦးလည်း ဖြစ်ခဲ့သည်။
 
ကုလား - ဗမာ အဓိကရုဏ်း ပေါ်ခဲ့သည်။ သမဂ္ဂသည် အဓိကရုဏ်းကြောင့် ဒုက္ခ ရောက်သူ များအား ကယ်ဆယ်ရေး လုပ်ငန်း များကို ဆောင်ရွက် ခဲ့သည်။ ၁၉၃၆ ခု သပိတ် အရေးတော်ပုံတွင် ဖွဲ့စည်း ပေးခဲ့သော ဆာမြဘူး ကော်မတီ အစီရင်ခံစာ ထွက်လာသည်၊ အစီရင် ခံစာကို တကသမှ ကန့်ကွက် ခဲ့သည်။ ဒေါက်တာ ဘမော် အစိုးရ တက္ကသိုလ် အက်ဥပဒေကြမ်း ပြုလုပ်ရန် စီစဉ်သည် ကိုလည်း လက်မခံခဲ့ပေ။ ၁၉၃၆ - ၃၇ ပညာ သင်နှစ်တွင် ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာပြီး၊ ၁၉၃၈ - ၃၉ တွင် ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့သည်။ ၁၉၃၆ တက္ကသိုလ် သပိတ် အပြီးတွင် ပေါ်ပေါက် လာသော ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂကြီးကို ဦးစီး တည်ထောင်သူ တဦးလည်း ဖြစ်ပြီး၊ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂတွင် ပထမဆုံး အတွင်းရေးမှူး ဖြစ်လေသည်။ ၁၉၃၇ - ၃၈ တွင် ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ဝိဇ္ဇာတန်းကို အောင်ပြီး၊ ဥပဒေ ဝိဇ္ဇာတန်းသို့ ဆက်တက် ခဲ့သည်။ ၁၉၃၈ - ၃၉ တွင် တကသ ဥက္ကဋ္ဌ ဖြစ်သည်။ တက္ကသိုလ် အက်ဥပဒေ ပြင်ဆင်ရေး ကော်မတီတွင် အဖွဲ့ဝင် အဖြစ်လည်း တာဝန် ယူခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဖြစ်သည့် တက္ကသိုလ် ကောင်စီဝင်တွင် ပထမဆုံး ကျောင်းသား ကိုယ်စားလှယ် အဖြစ် တာဝန် ပေးအပ်ခြင်း ခံခဲ့ရသည်။ ဗိုလ်ချုပ် အောင်ဆန်းသည် တကသ ဥက္ကဋ္ဌ အဖြစ် သက်တန်း ကုန်သည်ထိ မနေခဲ့ပေ။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ်မှ ထွက်ပြီး သခင် ကိုယ်တော်မှိုင်း ကြီးမှူးသော တို့ဗမာ အစည်းအရုံးသို့ ဝင်ရောက်၍ သခင် အောင်ဆန်း အဖြစ် နိုင်ငံရေး နယ်ပယ်သို့ ခြေစုံပစ် ဝင်ခဲ့သည်။ ၁၉၃၉ တွင် တို့ဗမာ အစည်းအရုံး၏ အတွင်းရေးမှူး အဖြစ် တက်မြောက်ခြင်း ခံရသည်။
သခင် အောင်ဆန်းသည် ဒုတိယ ကမ္ဘာစစ် ဖြစ်လာ၍ မြန်မာ့ လွတ်လပ်ရေး အတွက် စည်းစည်းလုံးလုံး ဆောင်ရွက်နိုင်ရန် ဖွဲ့စည်း ခဲ့သော ဗမာ ထွက်ရပ်ဂိုဏ်းတွင် အတွင်းရေးမှူး အဖြစ်လည်း တာဝန် ယူခဲ့သည်။ မြန်မာ့ လွတ်လပ်ရေး အတွက် လက်နက်ကိုင် တော်လှန်ရေး ဆင်နွဲရန် ပေါ်ပေါက် ခဲ့သော ပြည်သူ့ အရေးတော်ပုံ ပါတီ (နောင် ဆိုရှယ်လစ် ပါတီ) ၏ ပြည်ပ ဆက်သွယ်ရေး ခေါင်းဆောင် တာဝန်ကိုလည်း ယူခဲ့သည်။ ၁၉၄ဝ မတ်လ အတွင်း အိန္ဒိယ နိုင်ငံ ရမ်းဂါးမြို့၌ ကျင်းပသော အိန္ဒိယ အမျိုးသား ကွန်ဂရက် ညီလာခံသို့ တက်ရောက် ခဲ့သည်။ သခင် အောင်ဆန်းအား အင်္ဂလိပ် နယ်ချဲ့ အစိုးရကို ဆန့်ကျင် ဟောပြော မှုဖြင့် ဖမ်းဆီးရန် ဟင်္သာတ ခရိုင် ရာဇဝတ်ဝန် ဆုငွေ ၅ ကျပ်ဖြင့် ဖမ်းဝရမ်း ထုတ်ခဲ့သည်။ ၁၉၄ဝ ဩဂုတ်လ အတွင်း မြန်မာ့ လွတ်လပ်ရေး အတွက် အင်္ဂလိပ် နယ်ချဲ့ အစိုးရအား မြန်မာ့ မြေပေါ်မှ လက်နက် အားဖြင့် မောင်းထုတ် နိုင်ရန် အတွက် နိုင်ငံခြားမှ အကူအညီ ရယူရန် တရုတ်နိုင်ငံသို့ စွန့်စား ထွက်ခွာ ခဲ့သည်။ တရုတ်ပြည် အမွိုင်၌ သောင်တင် နေစဉ် မြန်မာနိုင်ငံမှ ရဲဘော်များ၏ စီစဉ် ဆောင်ရွက် ပေးမှုကြောင့် ဂျပန် အရာရှိ စူဖူကိကေအိချိနှင့် အဆက်အသွယ် ရကာ ဂျပန် နိုင်ငံသို့ ရောက်သွားသည်။ဂျပန်ပြည်တွင် ‘ဗမာ့ လွတ်လပ်ရေး စီမံကိန်း’ စာတမ်း တရပ်ကို ရေးဆွဲကာ ဂျပန် စစ်အာဏာပိုင် များနှင့် ညှိနှိုင်းခဲ့သည်။ ယင်း စီမံကိန်း အရ မြန်မာပြည် အတွင်းမှ မျိုးချစ် လူငယ် များကို စုစည်းကာ အလီလီ ခွဲလျက် ဂျပန်ပြည်သို့ ပို့ပေးခဲ့သည်။ ဤမျိုးချစ် လူငယ် တစုသည် ပင်လျှင် နောင်သော အခါတွင် ဗိုလ်တေဇ (ခေါ်) ဗိုလ်အောင်ဆန်း ခေါင်းဆောင်သည့် ရဲဘော် သုံးကျိပ် ဖြစ်လာ ခဲ့သည်။ ဤမျိုးချစ် လူငယ်များသည် ဗမာ့ လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို ယိုးဒယား (ယခု ထိုင်း) နိုင်ငံ ဘန်ကောက်တွင် ဖွဲ့စည်း တည်ထောင်ကာ မြန်မာနိုင်ငံ အတွင်းသို့ ဂျပန်များ နှင့်အတူ ဝင်ရောက် တိုက်ခိုက် ခဲ့သည်။
 
ဂျပန် တပ်မတော်က မြန်မာနိုင်ငံကို သိမ်းပြီးသော အခါ အင်အား ကြီးထွားပြီး ဗရမ်းဗတာ ဖြစ်လာသော ဗမာ့ လွတ်လပ်ရေး တပ်မတော်ကို အင်အား လျော့ချပြီး ဗမာ့ ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) အဖြစ် ပြန်လည် ဖွဲ့စည်း သည့်အခါ ဗိုလ်ချုပ် အောင်ဆန်းသည် ဘီဒီအေ၏ စစ်သနာပတိ ဖြစ်လာသည်။ ၁၉၄၂ ခု စက်တင်ဘာလတွင် သူနာပြု ဆရာမ ဒေါ်ခင်ကြည်နှင့် လက်ထပ်သည်။ မြန်မာနိုင်ငံကို ဂျပန်က ရွှေရည်စိမ် လွတ်လပ်ရေး ပေးသော အခါ ဗိုလ်ချုပ် အောင်ဆန်းသည် စစ်ဝန်ကြီးနှင့် စစ်သေနာပတိ ဖြစ်လာသည်။ ဖက်ဆစ် ဂျပန် စစ်အုပ်ချုပ်ရေး သမားများသည် မြန်မာ နိုင်ငံနှင့် ပြည်သူတို့အား ဖက်ဆစ်နိုင်ငံ၏ လက်အောက်ခံ နိုင်ငံ တနိုင်ငံ သဖွယ် သဘောထား လာကြသည်။ ထို့ကြောင့် ၁၉၄၄ ခုနှစ် ဩဂုတ်လ အတွင်းမှာ ဗိုလ်ချုပ် အောင်ဆန်းနှင့် သခင် စိုးတို့ ဦးဆောင်ပြီး ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် (ဖတပလ) [ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ)] ကို ဖွဲ့စည်း တည်ထောင်ကာ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဗမာ့ ကာကွယ်ရေး တပ်မတော်သည် ဗိုလ်ချုပ် အောင်ဆန်း၏ တိုက််ရိုက်တိုက်ရိုက် ကွပ်ကဲ ညွှန်ကြားမှုဖြင့် ဖက်ဆစ် ဂျပန် တို့ကို အတိအလင်း စစ်ကြေညာကာ ဖက်ဆစ် တော်လှန်ရေးကို ဆင်နွှဲ ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးနောက်တွင် ဗမာ့ တပ်မတော်ကို ဂန္ဒီ စာချုပ် အရ ဆက်လက် ဖွဲ့စည်း တည်ထောင် ပြီးနောက် ဗိုလ်ချုပ် အောင်ဆန်းသည် တပ်မတော်မှ နှုတ်ထွက်ကာ နိုင်ငံရေး ခေါင်းဆောင် ဖဆပလ ဥက္ကဋ္ဌ အဖြစ် တိုင်းပြည် တာဝန်ကို ဆက်လက် ထမ်းဆောင် ခဲ့သည်။
 
ဒုတိယ ကမ္ဘာစစ် အပြီးတွင် မြန်မာနိုင်ငံ ဘုရင်ခံ ဆာဒေါ်မန်စမစ်က ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် ဖဆပလ ခေါင်းဆောင်များအား ဘုရင်ခံ၏ အမှုဆောင် ကောင်စီတွင် ရာထူး လက်ခံရန် စကား ကမ်းလှမ်းသော်လည်း ဖဆပလမှ ချမှတ်ထားသော စည်းကမ်းချက်များ အတိုင်း မရ၍ ဗိုလ်ချုပ် အောင်ဆန်းတို့က လက်မခံခဲ့ဘဲ၊ ဘုရင်ခံရဲ့ စက္ကူဖြူ စီမံကိန်း တိုက်ဖျက်ရေး ကိုသာ ပြည်သူ လူထုအား စည်းရုံးကာ အင်တိုက်အားတိုက် ဆောင်ရွက် ခဲ့သဖြင့်၊ ပုလိပ် သပိတ် အပါအဝင် အထွေထွေ အမူထမ်း ပေါင်းစုံ သပိတ်ကြီး ပေါ်ပေါက် လာပြီး၊ နယ်ချဲ့ အင်္ဂလိပ် တို့၏ အုပ်ချုပ်ရေး ရပ်တန့် သွားခဲ့ရသည်။ ဗြိိတိန် အစိုးရလည်း ဘုရင်ခံ ဆာဒေါ်မန်စမစ်ကို အင်္ဂလန်သို့ ပြန်ခေါ်ပြီး၊ ဘုရင်ခံ အသစ် အဖြစ် ဆာဟူးဘတ်ရန်စ်ကို ခန့်အပ် လိုက်သည်။ ဘုရင်ခံသစ် ဆာဟူးဘတ်ရန်စ်က ဗိုလ်ချုပ်တို့ အလိုကျ အစိုးရ ဖွဲ့စည်းရန် စကား ကမ်းလှမ်း လာတော့သည်။ ထို ကမ်းလှမ်းချက် များကို ဖဆပလနှင့် ဆွေးနွေး ညှိနှိုင်း ကြပြီးနောက် ဗိုလ်ချုပ် အောင်ဆန်းနှင့် ဖဆပလ ခေါင်းဆောင် များသည် ဘုရင်ခံ၏ အမှုဆောင် ကောင်စီဝင် ရာထူးကို ယူလိုက် ကြသည်။ ထိုကြောင့် ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ မှစ၍ ဗိုလ်ချုပ် အောင်ဆန်းသည် ဘုရင်ခံ၏ အမှုဆောင် ကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာသည်။ ထိုနောက် တနှစ် အတွင်း လုံးဝ လွတ်လပ်ရေး ရရှိရေး ဆောင်ပုဒ် အရ မြန်မာ့ လွတ်လပ်ရေး ကိစ္စ ဆွေးနွေးရန် ဗြိတိသျှ လေဘာ အစိုးရ၏ ဖိတ်ကြားချက် အရ မြန်မာ ကိုယ်စားလှယ် အဖွဲ့ကို ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်ပြီး ၁၉၄၇ ခု ဇန်နဝါရီလတွင် လန်ဒန်သို့ သွားရောက် ခဲ့သည်။ ထိုဆွေးနွေးပွဲမှ မြန်မာနိုင်ငံအား တနှစ်အတွင်း လွတ်လပ်ရေး ပေးမည့် အောင်ဆန်း - အက်တလီ စာချုပ် ချုပ်ဆို နိုင်ခဲ့သည်။
 
သို့သော် မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးရာတွင် ဗြိတိသျှတို့က တောင်တန်း ဒေသများကို ချန်ထား လိုသောကြောင့် ဗိုလ်ချုပ် အောင်ဆန်းက တောင်တန်း ဒေသ ကိုပါ တပါတည်း လွတ်လပ်ရေး ပေးရန် တောင်းဆို ခဲ့ပြီး၊ တောင်တန်း ဒေသနှင့် မြန်မာပြည်ပ ပေါင်းစည်း အတွက် အားသွန် ကြိုးပမ်း ခဲ့ပြန်သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ ကြိုးစား ရိုးသားမှုကြောင့် တောင်တန်း ဒေသ တိုင်းရင်းသား ခေါင်းဆောင်များ၏ ယုံကြည် ကိုးစားမှု ကိုပါ ရရှိခဲ့ပြီး၊ မြန်မာနိုင်ငံ သမိုင်းတွင် အရေးပါသော တိုင်းရင်းသား ပေါင်းစုံ သွေးစည်း ညီညွတ်ရေး သင်္ကေတ ဖြစ်ခဲ့သည့် ပင်လုံ စာချုပ် ချုပ်ဆို နိုင်ခဲ့သည်။ ထိုလုပ်ငန်းများ ပြီးစီး၍ လွတ်လပ်ရေး ရရန် သေချာသော အခြေအနေသို့ ရောက်သော အခါ လွတ်လပ်သော မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲကြမည့် တိုင်းပြု ပြည်ပြု လွတ်တော် အတွက် ရွေးကောက်ပွဲ ကြီးကို ၁၉၄၇ ခု ဧပြီလတွင် အောင်မြင်စွာ ကျင်းပ နိုင်ခဲ့သည်။ ယင်းသို့ မြန်မာ့ လွတ်လပ်ရေး ဗိမာန်ကြီး ပြီးခါနီး အချိန် လွတ်လပ်သော မြန်မာနိုင်ငံ တည်ထောင်ရေး အားသွန် ကြိုးပမ်း နေဆဲတွင် နယ်ချဲ့ လက်ပါးစေ ဦးစောနှင့် အပေါင်းပါ တို့၏ ရက်စက််ရက်စက် ယုတ်မာစွာ လုပ်ကြံ သတ်ဖြတ်မှုကြောင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် အခြားသော လုပ်ဖော်ကိုင်ဖက် တိုင်းပြည် ခေါင်းဆောင် အာဇာနည်ကြီးများ နှင့်အတူ ကျဆုံး ခဲ့ရ ပေသည်။
 
== သခင် မြ (၁၈၉၇ - ၁၉၄၇) ==
၃၂၆၀၈

တည်းဖြတ်မှုများ