ကြော့၊ ဦး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ကိုးကား
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၁ -
ဒြဗ်ညီးပါဘိ၊ မတ်ကြီးရှင့် ရွှေလရောင်-ချီ ဗိုလ်ကတော်ဖွဲ့သံချိုရေးသူ ဦးကြော့မှာ [[တောင်တွင်းကြီးနယ်]] [[နတ်မောက်မြို့]]တွင် သက္ကရာဇ် ၁၂၀၀-ခန့်လောက်က ဖွားမြင်သည်ဟု ယူဆရသည်။ ဦးကြော့ အသက် ၂၀-အရွယ်သို့ ရောက်လတ်သော် အဘိုးတဝမ်းကွဲတော်စပ်သူ နေမျိုး ဘိသက္ကသူရနော်ရထာ ဘွဲ့ရ သမားတော်ကြီး ဦးကျော်စံက ခေါ်ဆောင်ခဲ့၍ နေပြည်တော် [[မန္တလေး]]သို့ရောက်သောအခါ ဘဝရှင်မင်းတရားကြီးထံ ခစားစေရာ မင်းတရားကြီးက ရွှေတိုက်တော်ဝန်ကြီးလက်သို့ အပ်တော်မူလိုက်သည်။
ဦးကြော့သည် [[မန္တလေးရွှေမြို့]]တော်တွင် နေခိုက် တောင်ပြင်မိုးထားတိုက်ခေါ်ကျီဝန်တိုက်ဦးဝိဇယထံတွင် [[ပိဋကတ်တော်]]လာ လိုအပ်သော အချက်အလက်များနှင့် ကဗျာလင်္ကာများကို လေ့လာမှတ်သားခွင့်ရလေသည်။ ဦးကြော့၏ စာပေအရည်အသွေးကျနသည်ကိုသိ၍ မင်းတရားကြီးက စာတော်ဖတ်အရာ ပေးသနား ထမ်းရွက်စေသည်။ ထိုအခါက မန္တလေးမြို့တွင် ရှာပုံတော်များ ခေတ်စားချိန်ဖြစ်၍ အခြားကဗျာလင်္ကာများအပြင် စုံနံ့သာမြိုင်ရှာပုံတော်ကြီး ရေးသားဆက်သွင်းတင်လျှောက်ဖတ်ကြားသောအခါ မင်းတရားကြီး အားရကျေနပ်နှစ်သက်လှသောကြောင့် ရှေးကထက်တိုးတတ် မြှောက်စား ဆုလပ်များ ပေးသနားတော်မူလေသည််။ပေးသနားတော်မူလေသည်။
ဦးကြော့သည် နန်းတော်တွင်း ထွက်ဝင်ခစားရင်း အိမ်ရှေ့[[ကနောင်မင်းသားကြီး]]၏ ကိုယ်လုပ်တော် မယ်ပရစ်နှင့် ရည်ငံနေသောကြောင့် အပြစ်တော်မရမီ ဦးကြော့ကို လိုလားသော ရေနံချောင်းမင်းကြီးက ယင်းတော်သား ဦးမိတ်ကို မြို့အုပ်ရာထူးဖြင့် [[တောင်တွင်းကြီး]]သို့ အုပ်ချုပ်ရန် စေလွှတ်သောအခါ ဦးကြော့ကို ရှေ့ဖတ်စာရေး အဖြစ်ဖြင့် ထည့်လိုက်သည်။ သို့ဖြင့် စာတော်ဖတ်ဦးကြော့၊ စာရေးတော်ကြီးဦးကြော့၊ တောင်တွင်းကြီးဦးကြော့၊ စုံနံ့သာမြိုင်ဦးကြော့ စသဖြင့်ကျော်ကြားထင်ရှားလေသည်။
<ref>မြန်မာကဗျားရွေးချယ်ချက်နှင့် ရတုရွေးချယ်ချက် H 594_ A (ဟံသာဝတီ)</ref>