အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁ -
'''အင်းဝ-ဟံသာဝတီ နှစ်လေးဆယ်စစ်''' သည် ၁၄ ရာစုအလယ်တွင် အထက်ဖက်[[အင်းဝ]]မှ မြန်မာတို့နှင့် အောက်ဖက်[[ဟံသာဝတီ]]မှ မွန်တို့ နှစ်ဖက်က ဂုဏ်သတင်းကျော်ဇောလိုမှု၊ အနိုင်ယူရန်လိုမှု တို့ကြောင့်တစ်ဖက်နှင့်တစ်ဖက် အဆက်မပြတ်တိုက်ခိုက်ကြသည့်စစ်ပွဲ ဖြစ်သည်။မဖြစ်သည်။ နှစ်လေးဆယ်စစ်ဟုခေါ်ရသည်မှာလည်း အဓိကစစ်ဘုရင်နှစ်ပါးဖြစ်သည့် [[ရာဇာဓိရာဇ်]]နှင့် [[ပထမမင်းခေါင်|မင်းခေါင်]]တို့နှစ်ဦး၏ နန်းသက်ကာလကိုသာ ရည်ရွယ်ခြင်းဖြစ်သည်။ သို့သော် အမှန်တကယ်တွင် ထိုပဒေသရာဇ် စစ်ဘုရင်နှစ်ပါး နောက်တွင် အစဉ်အဆက်နန်းတက်ကြသည့် မွန်-မြန်မာဘုရင်များကလည်း အစဉ်အလာမပျက် စစ်ကိုခင်းကျင်းကြပြန်သဖြင့် ၁၄ ရာစုလယ်မှ စသည့်စစ်သည် ၁၅ ရာစုဦးအထိ ရာစုနှစ်တစ်ခု၏ သုံးပုံနှစ်ပုံကျော်မျှ တိုက်ခိုက်ခဲ့ကြသည်။ နှစ်ဖက်စစ်ပွဲများမရှိသည် ကာလများတွင် သက်ဆိုင်ရာ ပဒေသရာဇ်များသည် မိမိပိုင်နက်အတွင်းရှိ ပုန်ကန်သူများကို နှိမ်နှင်းနေသောကြောင့် လည်းကောင်း၊ နန်းတွင်းအရှုပ်တော်ပုံများနှင့် လုံးပမ်းနေရသည်ကြောင့် လည်းကောင်း စစ်ခင်းနေသည်နှင့် များစွာခြားနားသည်မရှိပေ။ ထို့ပြင် စစ်၏ဒဏ်ရာဒဏ်ချက်များကြောင့် နှစ်ဖက်စစ်ပန်းချိန်၊ ခြေကုန်လက်ပန်းကျချိန်၊ ဩဇာမှေးမှိန်ချိန် အရောက်တွင် [[သုရှင်တကာရွတ်ပိ]]အုပ်စိုးသည့် ဟံသာဝတီသည် အင်အားကြီးလာသည့် တောင်ငူဘုရင်[[တပင်ရွှေထီး]] လက်အောက်သို့လည်းကောင်း၊ အင်းဝသည်လည်း မြောက်ဖက်တစ်လွှားမှ အင်အားကြီးလာသည့် ရှမ်းစော်ဘွားတို့၏ရန်စစ်ကို ခံရပြီး နောက်ဆုံးဘုရင်ဖြစ်သည့် [[ရွှေနန်းကျော့ရှင် နရပတိ]]လက်ထက်တွင် [[မိုးညှင်းစလုံ]] လက်ထဲသို့လည်းကောင်း အသီးသီးကျဆင်းသွားရတော့သည်။
 
ဤသို့ဖြင့် တိုင်းပြည်စစ်ဘေးမှ ကင်းဝေးရန်မျှော်လင့်ချက်မှာ ဒုတိယပြည်ထောင်စု တည်ထောင် ကြသည့် တပင်ရွှေထီး၊ [[ဘုရင့်နောင်]] တို့လက်ထက်တွင် ပျောက်ကွယ်နေစဲဖြစ်ပြီး ဘုရင့်နောင်၏ နန်းသက်နောက်ဆုံးအချိန်များတွင် အတန်အတင့်အေးချမ်းသည်ဟုသာ ဆိုနိုင်ပေသည်။ ဘုရင့်နောင် လွန်၍ သားတော် [[နန္ဒဘုရင်]] နန်းစံလျှင် လက်နက်နိုင်ငံကြီးမှာ လက်အောက်ခံ နယ်စားပယ်စားများ၊ဘုရင်ခံများ၏ ပုန်ကန်မှုတွေကြောင့် လွယ်လွယ်နှင့် ပြိုကွဲကာ တိုင်းပြည်မှာ စစ်မီးလျှံများအတွင်း သက်ဆင်းရပြန်သည်။ထိုနောက် တစ်နယ်တစ်တစ်မင်း ထူထောင်ကြသည့် ပဒေသရာဇ်ငယ်များ၏ ရန်စစ်များ၊ စစ်ပွဲများမှာ အသောမသတ်နိုင်အောင်ပင် ဖြစ်ပွားခဲ့ပြီးနောက်ဆုံး [[ညောင်ရမ်းမင်းဆက်]]၏ တတိယမြောက်ဘုရင်ဖြစ်သည့် [[သာလွန်မင်း]]လက်ထက်ရောက်မှသာ တိုင်းပြည်အေးချမ်းပြီဟု ဆိုနိုင်သည့် အနေအထားသို့ ရောက်တော့သည်။ထိုမင်းလက်ထက်တွင်မှ မြန်မာ့သမိုင်းတစ်လျှောက် ပထမဆုံးသော စာရင်းဇယားကောက်ယူမှုများကို ပြုလုပ်ပြီး အုပ်ချုပ်ရေး၊နိုင်ငံရေး၊လယ်ယာစီးပွား အစရှိသည့် ကဏ္ဍကြီးများမှာ ပြန်လည်တည်ငြိမ်မှု ရှိလာခဲ့သည်။