ဗိဿနိုးမြို့ဟောင်း: တည်းဖြတ်မှု မူကွဲများ

KaungKhantNaing03 (ဆွေးနွေး) ၏ တည်းဖြတ်မူ 574906 ကို ပြန်လည်ပယ်ဖျက်လိုက်သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
၁၂မိုင်
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၅ -
 
 
'''ဗိဿနိုးမြို့ဟောင်း'''သည် [[မကွေးခရိုင်]] [[တောင်တွင်းကြီးမြို့]]၏ အနောက်ဖက် ၁၁ မိုင်ခန့်ကွာဝေးသော၁၂မိုင်ခန့်ကွာဝေးသော [[ကုက္ကိုခွရွာ]]၏ မြောက်ဖက်တွင် ကပ်လျက်တည်ရှိသော [[ပျူမြို့ပြနိုင်ငံများ|ပျူမြို့ဟောင်း]]တစ်ခုဖြစ်သည်။ တောင်တွင်းကြီးမှ [[မကွေးမြို့]]သို့သွားသော မော်တော်ကားလမ်းသည် ဗိဿနိုးမြို့၏ အရှေ့တောင်ထောင့်၌ ရှိသည့် မြို့ရိုးနှစ်ဖက်ကို ဖောက်ထွင်းသွားသည်။ ၅ ပေခန့် အမြင့်သာလျှင် ကျန်ရစ်သော အုတ်မြို့ရိုးသည် ဗိဿနိုးမြို့၏ မြောက်ဖက်၊ အရှေ့ဖက်နှင့် တောင်ဖက်တို့၌သာ စတုရန်း မကျတကျ ဝိုင်းရံလျက်ရှိသည်။ မြို့ရိုးတစ်ဖက်၏ အလျားသည် ၁ မိုင်နှင့် ၆ ဖာလုံခန့်မျှ ရှည်လျားသည်။ အနောက်ဖက်၌ကား မြို့ရိုးအစအနကိုမျှ မတွေ့ရချေ။ ယခုအခါ တွေ့ရသော အင်းကြီးနှင့် ကြိုးကြာကန်တို့သည် ရှေးယခင်က ဆက်စပ်နေ၍ အနောက်ဖက်မှ ရေကျုံးသဖွယ် တည်ရှိခဲ့ဟန်တူသည်။ မြို့တွင်း၌ ကုန်းမြေသည် အရှေ့မှ အနောက်သို့ အတန်ငယ် လျောဆင်းနေသည်မှ အပ ပတ်ဝန်းကျင်တဝိုက်မှာ ပြန့်ပြူးလျက်ရှိသည်။ မြို့ရိုးအတွင်း၌ကား အနောက်မြောက်ထောင့်၌ တည်ရှိသော အင်းရွာကြီးသာလျှင် လူနေရပ်ကွက်အဖြစ် မြင်ရလေသည်။ မြို့ရိုးမှာ မူလ၌ တဖက်တွင် မြို့ပေါက် ၃ ပေါက်စီရှိသော်လည်း ယခုအခါ လှည်းလမ်းကြောင်းများ ဖောက်ထားသော အပေါက်ငယ်များကြောင့် ပျက်စီးပိုင်းပြတ်လျက် ရှိသည်။ မြို့၏ အလယ်ဗဟိုမှ အနောက်မြောက်သို့ အနည်းငယ်ယွန်းသော နေရာတွင် တောင်မြောက် အလျား ကိုက် ၅၀၀ ခန့်နှင့် အရှေ့အနောက် အနံ ကိုက် ၄၀၀ ခန့်ရှိသည့် အုတ်ရိုးဟောင်းမို့မို့ ဝိုင်းရံနေသော နေရာမှာ နန်းတော်ကုန်း ဖြစ်သည်ဟု အဆိုရှိသည်။ နန်းတော်ကုန်းပေါ်၌ အုတ်ရိုးအကန့်များနှင့် အဆောက်အအုံဟောင်း နေရာများဖြစ်သော အုတ်ကုန်းနိမ့်နိမ့် အနည်းငယ်ရှိ၍ မြို့ရိုးကြီးအတွင်းတွင် နေရာအနှံ့အပြား၌ အဆောက်အအုံ အပြိုအပျက်များဖြစ်သည့် ကုန်းဟောင်းဦးရေ (၁၀၀)နီးပါးရှိလေသည်။
 
==သမိုင်း အထောက်အထား==