ကျင်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
 
စာကြောင်း ၁ -
[[File:mufa.jpg|ရခိုင်ကျင်ပွဲတစ်ခု|thumb]]ကျင် ဆိုသည်မှာ '''[[ကျား]]''' နှင့် '''[[ယင်]]''' ဆိုသော စကားနှစ်လုံး ပေါင်းစပ်ရာမှ '''ကျင်'''ဟူ၍ ဖြစ်လာသည်။ ကျင်အားကစားတွင် ယှဉ်ပြိုင်သူ အမျိုးသား နှစ်ဦးပါရှိပြီး တစ်ဦးက အဖမ်း တစ်ဦးက အခံဖြစ် သည်။ အဖမ်းသမားသည် ကျားကဲ့သို့ လျင်မြန်ဖြတ်လတ်ပြီး၊ အခံသမားသည် ယင်ကောင်ကဲ့သို့ လျင်မြန်သည်ဟု တင်စားရာမှ ကျားနှင့်ယင် ကစားနည်း ဖြစ်တည်ကာ နောက်ပိုင်းတွင် ကျင်ကစားနည်း ဖြစ်လာသည်။ ရခိုင်ဒေသ အခေါ်အဝေါ်အားဖြင့် ကျင်ကိုင်သည် ဟု သုံးနှုံးသည်။ အားခွန်ဗလ သန်မာမှုကို အဓိက ထားကစားသော ကစားနည်း ဖြစ်ပြီး၊ အခြားသော ကမ္ဘာ့နိုင်ငံများမှ နပန်းကဲ့သို့သော ကစားနည်းမျိုးနှင့် ကွာခြားသည်မှာ တစ်ဦးနှင့်တစ်ဦး တိုက်ခိုက် သတ်ပုတ်ခြင်း မဟုတ်ဘဲ အားအင်နှင့် ပရိယာယ်ကို အသုံးပြုပြီး အဖမ်းသမားမှ ယှဉ်ပြိုင်ဖက် အခံသမားကို မြေပြင်သို့ လှဲချနိုင်စေရေး ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ ရှေးရိုးရခိုင့် ရိုးရာ ကစားနည်း တစ်နည်းဖြစ်ပြီး ယခုထက်တိုင် ပျော်ပွဲရွှင်ပွဲ ကျင်းပတိုင်း ထည့်သွင်း ကျင်းပကြသည်။
[[File:Rakhine Kyin Wrestling in Mrauk-U 2017.ogg|thumb|မြောက်ဦး ၂၀၁၇ ရခိုင်သင်္ကြန် ကျင်ပွဲ]]
 
အားခွန်ဗလပြည့်ဝသော ကျင်အားကစား ကစားသူများကို [[ကျင်သန်]]ဟုခေါ်ဆိုပြီး၊ အားခွန်ဗလနှင့် ပြည့်စုံသူများ ဖြစ်ရကား [[ရခိုင်ပြည်နယ်]] တစ်ဝှမ်းလုံးမှ ကျင်ပွဲပါဝင်သော မည်သည့်ပွဲလမ်းသဘင်မဆို အထူးတလည် ဖိတ်ကြားခံရသူများ ဖြစ်သည်။
"https://my.wikipedia.org/wiki/ကျင်" မှ ရယူရန်