ဓဇဂ္ဂသုတ်: တည်းဖြတ်မှု မူကွဲများ

→‎ဓဇဂ္ဂသုတ် ပါဠိတော်: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
→‎မြန်မာပြန်: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁၈၆ -
##သို့ဖြစ်၍ "အရဟံ" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေသည်။
##မြတ်စွာဘုရားသည် ကောင်းမွန်လှစွာ သယမ္ဘူဉာဏ် မြတ်မဟာဖြင့် မိမိအလိုလို သစ္စာလေးပါး တရားမြတ်ကို ထိုးထွင်း၍ သိတော်မူ၏။ သို့ဖြစ်၍ "သမ္မာသမ္ဗုဒ္ဓ" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။
##မြတ်စွာဘုရားသည် ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏ တစ်ဆယ့်ငါးပါးတို့နှင့် လုံးဝဥဿုံ ပြည့်စုံတော်မူပါပေ၏။ သို့ဖြစ်၍ "ဝိဇ္ဇာစရဏသမ္ပန္နောဝိဇ္ဇာစရဏသမ္ပန္န" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။
##မြတ်စွာဘုရားသည် နိဗ္ဗာန်သို့သာလျှင် ဖြောင့်ဖြောင့်မတ်မတ် ကောင်းစွာသွားတော်မူ၏။ စကားဆိုရန် ခွန်းခြောက်တန်တို့တွင် ဟုတ်မှန်ကျိုးကြောင်း စကားကောင်းကိုသာ ဆိုတော်မူတတ်၏။ သို့ဖြစ်၍ "သုဂတောသုဂတ" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။
##မြတ်စွာဘုရားသည် ကာမလောက၊ ရူပလောက၊ အရူပလောက ဟူသော လောကသုံးပါး၊ တစ်နည်းအားဖြင့် သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောက ဟူသော လောကကြီးသုံးပါးတို့ကို မဖောက်မပြန် သယမ္ဘူဉာဏ်ဖြင့် အမှန်ထိုးထွင်း အလင်းထင်ပေါ် သိမြင်တော်မူ၏။ သို့ဖြင့်၍ "လောကဝိဒူ" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။
##မြတ်စွာဘုရားသည် မိမိကိုယ်တိုင်လည်း အတုမရှိ သူတစ်ပါးတို့အားလည်း အတုမရှိသော မိမိ၏တရားဖြင့် ဆုံးမတတ်၏။ ဆုံးမထိုက်သောလူ၊ နတ်၊ ဘီလူး၊ တိရိစ္ဆာန်ကြမ်းများကိုပင် သေဝပ် ငြိမ်သက်အောင် နိုင်နင်းစွာ ဆုံးတော်မူနိုင်၏။ သို့ဖြစ်၍ "အနုတ္တရော ပုရိသဒမ္မသာရထိ" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။
##မြတ်စွာဘုရားသည် လူအပေါင်း နတ်အပေါင်းတို့အား ကောင်းစွာ သွန်သင်ဆုံးမတတ်သော လူနတ်တို့၏ ဆရာကောင်း ဖြစ်တော်မူ၏။ သို့ဖြစ်၍ "သတ္ထာဒေဝမနုဿာန" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။
##မြတ်စွာဘုရားသည် တရားအားလုံးကို ကိုယ်တိုင်လည်း ထိုးထွင်းသိမြင်တော်မူ၏။ သူတစ်ပါးတို့အားလည်း သစ္စာလေးပါး တရားကို သိမြင်အောင် ဟောပြော ပြသနိုင်၏။ သို့ဖြစ်၍ "ဗုဒ္ဓေါဗုဒ္ဓ" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။
##မြတ်စွာဘုရားသည် အစိုးရခြင်း၊ တရားရှိခြင်း၊ အခြံအရံမျာခြင်း၊ ကျက်သရေရှိခြင်း၊ အလိုအတိုင်း ဖြစ်ခြင်း၊ လုံ့လ စွမ်းအား အပြည့်ရှိခြင်း ဟူသော ဘုန်းတော် ခြောက်ပါးနှင့်လည်း ပြည့်စုံတော်မူပါပေ၏။ သို့ဖြစ်၍ "ဘဂဝါ" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။
# ဤကဲ့သို့ ငါဘုရား၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို ဆင်ခြင်အောက်မေ့ကြလော့။ ဘုရားဂုဏ်ကို ဆင်ခြင် အောက်မေ့မိသည် ရှိသော် သင်တို့အား ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်း ဟူသမျှ ပျောက်ကင်းသွားပေလိမ့်မည် ။