"ဆင်ဝါးနောင်၊ ဆမားဒူးဝါ" ၏ တည်းဖြတ်မှု မူကွဲများ

အရွယ်အစားများ ပြောင်းလဲမှု မရှိ ,  ပြီးခဲ့သည့် ၉ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး (Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ)
ဆမားကြီးသည် မျိုးချစ်စိတ် ပြင်းထန်သူ တယောက် ဖြစ်သည်။ [[ဗိုလ်ချုပ်အောင်ဆန်း]]တို့နှင့် အတူ လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့သူ တယောက် ဖြစ်သည်။ [[ပင်လုံစာချုပ်]] လက်မှတ် ရေးထိုးရာတွင် ပါဝင်ခဲ့သော ရှေ့တန်းရောက် ပြည်နယ် ခေါင်းဆောင် တစ်ဦးလည်း ဖြစ်သည်။ ၁၉၄၇ ခုနှစ်တွင် အကြံပေး အဖွဲ့ဝင်အဖြစ် ဗိုလ်ချုပ် အောင်ဆန်း တို့နှင့် အတူ ဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်)၏ ခန့်အပ်ခြင်း ခံရသော ပုဂ္ဂိုလ်များတွင် တဦး အပါအဝင်လည်း ဖြစ်သည်။
 
ဆမားကြီးသည် ၁၉၄၈ ခုနှစ်မှ ၁၉၅၂ ခုနှစ် အထိ ကာလအတွက် ကချင်ပြည်နယ် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက် ဖဆပလ အစိုးရ လက်ထက် ၁၉၅၄ ခုနှစ်၊ ၁၉၅၅ ခုနှစ်တွင် လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေး ဝန်ကြီး အဖြစ် ဆောင်ရွက် လုပ်ကိုင်ခဲ့ရသည်။ ၁၉၅၆ ခုနှစ်တွင် တာဝန်များကို မယူဘဲ ခေတ္တမှျခေတ္တမျှ အနားယူခဲ့သည်။
 
ဆမားကြီးသည် ၁၉၅၇ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပသော အခါ [[ဦးနု]] ခေါင်းဆောင်သော [[သန့်ရှင်းဖဆပလ]] ဘက်မှ ဝင်ရောက် အရွေးခံသည်။ ယင်း ၁၉၅၇ ခုနှစ်မှ ၁၉၅၈ ခုနှစ်များတွင် အထက် ဖော်ပြခဲ့ပြီးသော ဝန်ကြီး နေရာ၌ပင် ပြန်လည် တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ဆမားကြီးသည် ၁၉၄၇ ပြည်ထောင်စု မြန်မာနိုင်ငံ အခြေခံဥပဒေ အရ ပြည်နယ် အလိုက် သမ္မတ တင်မြှောက်ရာတွင် သမ္မတကြီး အဖြစ် လျာထားခြင်း ခံခဲ့ရသော ပုဂ္ဂိုလ်ကြီးလည်း ဖြစ်သည်။
၂၄၉၂၆

တည်းဖြတ်မှုများ