ကျန်စစ်သား: တည်းဖြတ်မှု မူကွဲများ

→‎ကျန်စစ်သား: သဒ္ဒါပြင်ခဲ့သည်, လင့်ခ်များပေါင်းထည့်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
→‎ငယ်စဉ်ဘဝ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၃၅ -
 
== ငယ်စဉ်ဘဝ ==
ကျန်စစ်သားမင်းသည် အဖဘက်မှ အာဒိစ္စဝံသနေမျိုးဖြစ်၍ အမိဘက်မှ ဝါးပင်အတွင်းမှ သန္ဓေတည်မွေးဖွားလာသောသူဖြစ်သည်ဟု ကျောက်စာတစ်ချို့တွင် ဖေါ်ပြထားသည်။ ကျန်စစ်သားမင်း၏ ဘွဲ့တော်မှာ သင်္ကကရိုက်ဘာသာဖြင့် ဂြီ့ဗကြဘရဏတြိဘူပတိ ဖြစ်၍ အဓိပ္ပါယ်မှာ ငယ်ရွယ်ပျိုမြစ်သောမင်းဟု ကောက်ယူနိုင်သည်။ ထိလိုင်မင်းဟုလည်းနာမည်ရှိပြီး ကျန်စစ်သားသည် ရှေးမင်းဆက်မှ ဆင်းသက်လာသူမဟုတ်ပဲဆင်းသက်လာသူမဟုတ်ဘဲ အရည်အချင်းကြောင့် ထီးနန်းဆက်ခံနိုင်ခဲ့ခြင်းဖြစ်လေသည်။ ကျန်စစ်သားမင်း၏ အခြားဘွဲ့ ဖြစ်သော ထိလိုင်မင်း ဟုလည်းခေါ်သောကြောင့် ယခုဝမ်းတွင်းမြို့နယ်ရှိ ထီးလှိုင်အရပ်ကို အုပ်ချုပ်ရသောသူတစ်ယောက် ဖြစ်မည်ဟု ထင်ရသည်။ ရာဇဝင်အချို့တွင် အနော်ရထာမင်းက နန်းအရာကို လုယူမည်သူဟုလုယူမည့်သူဟု အထင်ရှိသဖြင့် အသက်အရွယ်အလိုက် ကွပ်မျက်ခဲ့သည်ဟု ဆိုကြသည်။ ဘုန်းရှင်၊ ကံရှင်ဖြစ်သဖြင့် အသက်မသေပဲရှိသော် အနော်ရထာမင်းက မိမိလက်အောက်တွင် အမှုထမ်းစေခဲ့သည်ဟု ဆိုသည်။ မြန်မာသမိုင်းစာအုပ်တစ်ချို့တွင် ကျန်စစ်သားနှင့် အခြားသူရဲကောင်းသုံးယောက်ဖြစ်သည့် [[ငထွေရူး]]၊ [[ငလုံးလက်ဖယ်]] နှင့် [[ညောင်ဦးဖီး]] တို့အား ပုဂံပြည့်ရှင် အနော်ရထာမင်း၏ သူရဲကောင်းလေးယောက်ဟု ဖေါ်ပြကြသည်။ဖော်ပြကြသည်။
 
ဟံသာဝတီ(ပဲခူး)ကို ဂျွမ်းစစ်သည်များ လာရောက်တိုက်ခိုက်ရာတွင် စစ်သည်လေးသိန်းအားနှင့် ညီမျှသောသူရဲကောင်းလေးယောက်နှင့် ပြန်လည်တိုက်ခိုက်နိုင်ခဲ့သည်ဟုလည်း ပါသည်။ ပဲခူးဘုရင်က ကျေးဇူးတုံ့ပြန်သောအားဖြင့် သမီးတော် [[မဏိစန္ဒာ]] ကို ပုဂံဘုရင်အနော်ရထာမင်းထံဆက်သရာတွင် လမ်းခရီး၌ ကျန်စစ်သားနှင့် သံယောဇဉ်ငြိတွယ်ခဲ့ကြသည်ဟု မြန်မာရာဇဝင်များတွင် ဆိုကြသည်။ သို့သော် ထိုအကြောင်းအရာများကို ကျန်စစ်သားမင်းရေးထိုးခဲ့သော မည်သည့်ကျောက်စာတွင်မှ မတွေ့ရှိခဲ့ရပေ။ ထိုသို့ သံယောဇဉ်တွယ်သဖြင့် ဘုရင်က အမျက်တော်ရှရာတွင် တစ်ဖက်ကမ်းသို့ ထွက်ပြေးလေရာ မန္တလေးတောင်တွင် ကျန်စစ်သားခြေရာဆိုသော ကျောက်တုံးပေါ်မှခြေရာတစ်ခုလည်း ဒဏ္ဍာရီအဖြစ် ရှိပေသည်။ မင်းဒဏ်သင့်နေစဉ်ကာလအတွင်းတွင် [[သမ္ဘူလ]] နှင့် လက်ထပ်ခဲ့၍ သားတော် ရာဇကုမ္မာ ထွန်းကားသည်။ အချို့ကလည်း ထို ရာဇကုမ္မာမင်းသားမှာ ကျန်စစ်သား၏ သားမဟုတ်ဟုလည်း ဆိုကြသည်။ ထိုမင်းသားသည် နောင်တွင် မြန်မာစာပေနှင့် သမိုင်းအတွက် အရေးပါသော ရာဇကုမ္မာကျောက်စာရာဇကုမ္မာကျောက်စာကို ကိုရေးထိုးခဲ့သည်။ရေးထိုးခဲ့သည်။ ရာဇဝင်များနှင့် သမိုင်းကျောက်စာများအရ အမျိုးမျိုးသော အယူများကွဲပြားနေသော်လည်း ကျန်စစ်သားမင်းသည် အနော်ရထာလက်ထက်တွင် အလွန်အရေးပါသော လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံသည့် သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့မည်မှာ အမှန်ပင်ဖြစ်လေသည်။
 
== ထီးနန်းကိုရခြင်း ==