ဂျွန် တိုင်လာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၄၃ -
|}
 
[[အမေရိကန် ပြည်ထောင်စု]]၏ ၁ဝဦးမြောက် သမ္မတ ဂျွန်တေလာသည် ထူးခြားသည့် သမ္မတဖြစ်သည်။ သူသည် သမ္မတများအနက် ပထမများစွာကို စတင်ခဲ့သူအဖြစ် ထူးခြားသည်။ သမ္မတသေဆုံးသဖြင့် ဒုသမ္မတမှ သမ္မတဖြစ်ရာတွင် ပထမဆုံး၊ ထို့ကြောင့် အရွေးကောက်မခံရပဲ သမ္မတဖြစ်ရာတွင်လည်း ပထမဆုံး၊ တိုင်းပြည်လွတ်လပ်ရေးရပြီးနောက်မှ မွေးဖွားသည့် မျိုးဆက်၏ ပထမဆုံးသမ္မတဖြစ်လာသူ စသည်တို့ဖြစ်သည်။ ထို့အပြင် အိမ်ဖြူတော်တွင် တာဝန်ထမ်းဆောင်စဥ်အတွင်းတာဝန်ထမ်းဆောင်စဉ်အတွင်း ဇနီးကွယ်လွန်သူ၊ အိမ်ဖြူတော်တွင်ပင် နောက်အိမ်ထောင်ပြုသူ၊ အိမ်ထောင်နှစ်ဆက်ဖြင့် သားသမီး ၁၅ဦးထွန်းကားသည်။
 
==မရွယ်ပဲ စော်ကဲမင်းဖြစ်သူ==
[[မြန်မာ့သမိုင်း]]၊[[အင်းဝခေတ်]]တွင် မရည်ရွယ်ပါပဲ မင်းဖြစ်သည့် [[စွာစော်ကဲ]]အတွက် “မရွယ်ပဲ စော်ကဲမင်းဖြစ်” ဟူသော စကားပုံအတိုင်းပင် တေလာသည်လည်း နဝမမြောက် သမ္မတ [[ဝီလီယံ ဟင်နရီ ဟယ်ရီဆန်]] တစ်ယောက် ရာထူးလက်ခံပြီးတစ်လအကြာတွင် ကွယ်လွန်သွားသည့်အတွက် ဒုသမ္မတ နေရာမှ သမ္မတအဖြစ်သို့ရောက်ရခြင်းဖြစ်သည်။ တောင်ပိုင်းသာ တေလာကို အရည်အချင်းကြောင့် ဒုသမ္မတနေရာပေးခြင်းမဟုတ်ဘဲ ခွဲထွက်လိုကြသည့် တောင်ပိုင်းသားများကို နိုင်ငံရေးအရ ဆွယ်သည့်အနေဖြင့် ထိုနေရာပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် တေလာတစ်ယောက် သမ္မတရာထူးရယူရေးသည် လွယ်လင့်တကူမဖြစ်ခဲ့ပေ။ အထူးသဖြင့် လွှတ်တော်တွင်း အာဏာကြီးလှသည့် [[ဟင်နရီ ကလေး]] တို့အုပ်စုက သမ္မတအစစ်ဖြစ်လာမည်ကို မလိုလားကြပေ။ အခြေခံဥပဒေတွင် သမ္မတကွယ်လွန်ပါက ဒုသမ္မတက သမ္မတတာဝန်ကို ထမ်းဆောင်ရမည်ဟုသာည အကြမ်းဖျင်း ပြဌာန်းထားသည်ကို ထောက်ပြပြီး တေလာအနေဖြင့် ဒုသမ္မတရာထူးမှပင် သမ္မတတာဝန်များကို ထမ်းဆောင်ရန် အဆိုဝိုင်းပြုကြသည်။ သို့သော် တေလာက ခေါင်းမာမာဖြင့် သမ္မတဖြစ်မှသာလှျင် သမ္မတတာဝန်ထမ်းဆောင်ခြင်းကသာ အဓိပ္ပါယ်ရှိမည်ဟု ဆိုကာ သမ္မတအဖြစ် ကျမ်းကျိန်ဆိုပြီး [[အိမ်ဖြူတော်]]သို့ တက်သည်။ ဤသို့ပြုခဲ့ခြင်းကြောင့် နောင်တွင် သမ္မတတာဝန်ထမ်းဆောင်စဥ်ကွယ်လွန်လှျင်သမ္မတတာဝန်ထမ်းဆောင်စဉ်ကွယ်လွန်လှျင် ဒုသမ္မတက သမ္မတရာထူးကိုဆက်ခံသည့် အစဥ်အလာဖြစ်သွားပြီးအစဉ်အလာဖြစ်သွားပြီး အငြင်းပွားဖွယ်မရှိကြတော့ပေ။
 
==သမ္မတဘဝ==
တေလာကို အထင်ကြီးခြင်းမရှိဘဲ ဒုသမ္မတရာထူးပေးခဲ့ကြသော်လည်း ဂျွန်တေလာသည် ဟယ်ရီဆန်ထက်ပို၍ သြဇာသုံးတတ်သူ၊ဩဇာသုံးတတ်သူ၊ ဥပဒေရေးရာကို ကျွမ်းကျင်သူ အဖြစ်တွေ့ကြရသည်။ ဟယ်ရီဆန်က ဆုံးဖြတ်ချက်တိုင်းအတွက် အစိုးရအဖွဲ့အတွင်း တစ်ယောက်တစ်မဲစနစ်ဖြင့် ဆုံးဖြတ်မည်ဟု ဆိုခဲ့သော်လည်း တေလာက ထိုချက်ကို ပယ်သည်။ ဟယ်ရီဆန်၏ဝန်ကြီး အဖွဲ့ကို ဆက်ခန့်ထားသော်လည်း တစ်ဖွဲ့လုံးက နုတ်ထွက်သည်။ ဝှစ်ပါတီကလည်း သမ္မကို ပါတီမှ ထုတ်ပယ်ကြောင်း ကြေညာသည်။ အောက်လွှတ်တော်မှ အမတ်များက သမ္မတကို ဖြုတ်ချ(Impeach) ရန်အတွက် အဆိုတင်သွင်းသော်လည်း မအောင်မြင်သဖြင့် တေလာရာထူးဆက်ထမ်းဆောင်ခွင့်ရသည်။ အမေရိကန် သမိုင်းတွင် ဖြုတ်ချရန် အဆိုတင်သွင်းခံရသည့် သမ္မအဖြစ် စံချိန်ရပြန်သည်။ ထို့အပြင် ဝန်ကြီးအဖွဲ့ကို အသစ်ပြန်လည်ဖွဲ့စည်းရသဖြင့် ရာထူးတာဝန်ထမ်းဆောင်ချိန်အတွင်း အစိုးရအဖွဲ့အပြောင်းအလဲ အများဆုံးအဖြစ်လည်း စံချိန်တင်သည်။ နောက်မှတ်တမ်းတစ်ခုမှာ သူ့ရာထူးသက်တမ်းကုန်ခါနီးတွင် သမ္မတ၏ ဗီတိုအာဏာကို အောက်လွှတ်တော်က ကျော်လွှားသွားနိုင်ခြင်းဖြစ်သည်။
 
==ဗီတို သမ္မတ==