ရူပဗေဒ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး robot Adding: bo:དངོས་ཁམས་རིག་པ།
No edit summary
စာကြောင်း ၅ -
 
'''ရူပဗေဒ''' (Physics) သည် [[ဒြပ်ဝတ္တု]]များ နှင့် လှုပ်ရှားမှု များကို လေ့လာသော ဘာသာရပ်ဖြစ်သည်။ ရူပဗေဒ နေရာ နှင့် အချိန်ကိုလည်း လေ့လာသည်။ ရူပဗေဒသည် [[စွမ်းအင်]]၊ [[အား]]၊ [[ဝတ္တု]] နှင့် [[လျှပ်စစ်ဓာတ်]] ကိုအသုံးပြုသည်။ ခြုံငုံ ပြောရလျှင် ရူပဗေဒသည် သဘာဝ ကို လေ့လာ ဆန်းစစ်မှု ဖြစ်ပြီး ကျွန်ုပ်တို့၏ ပါတ်ဝန်းကျင် အားလုံး ကို နားလည်ရန်ပင်ဖြစ်သည်။
 
'''ရူပဗေဒ'''၏ အဓိပ္ပါယ်ကို မြန်မာလို တိုက်ရိုက်ဖွင့်ဆိုပါက (ရူပ = ရုပ်ဝတ္တု ၊ ဗေဒ = ခွဲခြမ်း စိတ်ဖြာသော ပညာ) ရုပ်ဝတ္တုများကို ခွဲခြမ်းစိတ်ဖြာ၍ လေ့လာသော ပညာရပ်ဟု ဆိုလိုပါသည်။ တနည်းအားဖြင့် သဘာဝသိပ္ပံပညာ ဖြစ်သည်။
 
 
တစ်နည်းမဟုတ် တစ်နည်းဖြင့် ရူပဗေဒသည် ရှေး အလွန်ကျလှပြီး နက္ခတ္တဗေဒထက်ပင် ရှေးကျပေလိမ့်မည် ဖြစ်ပြီး တစ်ခါတစ်ရံ [[ဖီလိုဆိုဖီ]]၊ [[ဓာတုဗေဒ]] တို့ အသွင်ဆောင်ကာ နောက်ပိုင်း ကာလများတွင် [[သင်္ချာ]] နှင့် [[ဇီဝဗေဒ]] တို့၏ ဂိုဏ်းကွဲ ပင် ဆောင်ပြီးနောက် ၁၆ ရာစုတွင် ရူပဗေဒသည် ခေတ်သစ် ရူပဗေဒ အဖြစ် ပေါ်ပေါက်လာခဲ့ပြီး ယခုတွင် ရူပဗေဒ ဘာသာရပ် အဖြစ် သီးသီးခြားခြား ကန့်သက်နိုင်သော အဆင့်ရောက်သော်လည်း အခြားဘာသာရပ်များ၏ လေ့လာမှု ကဏ္ဍနှင့်ကား ကွဲခြားရန် ခက်ခဲလှပေသေးသည်။