ရဝမ်လူမျိုး: တည်းဖြတ်မှု မူကွဲများ

၇၀၆၇ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁၁ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
No edit summary
No edit summary
[[File:Yawan.jpg|thumb|ရဝမ်လူမျိုး]]
'''ရဝမ်လူမျိုး''' များသည် [[ကချင်လူမျိုး]]နွယ်စုဝင် ၆ မျိုးတွင် တစ်မျိုးအပါအဝင်ဖြစ်ပြီး [[ပူတာအိုချိုင့်ဝှမ်းလွင်ပြင်ဒေသ]] [[နောင်မွန် (ကဆန်ချောင်း) ချိုင့်ဝှမ်း]] [[ခေါင်လန်ဖူးဒေသ]][[မေခချိုင့်ဝှမ်း]] နှင့် [[ခရန်ခူး]]စသည့် [[ခါကာဘိုရာဇီ]] တောင်ခြေဒေသများတွင် နေထိုင်ကြသည်။ ရဝမ်လူမျိုးကို နုံလူမျိုးဟုလည်း ခေါ်ကြသည်။ တိဗက်မြန်မာအနွယ်ဝင် ဖြစ်၍၊ လိုလိုမူဆို အုပ်စုတွင် ပါဝင်၏။ မြန်မာနိုင်ငံ
အထက်ပိုင်း၊ ပူတာအိုနယ်တစ်ဝိုက်၊ တိဆန်၊ တမိုင်၊ တရုန်၊ အင်မိုင်ခ မြစ်ဝှမ်းတစ်လျှောက်နှင့် အကျန် မြစ်ဝှမ်းအောက်ပိုင်း တို့တွင် နေထိုင်ကြသည်။
 
ရဝမ်လူမျိုးတို့ကို ကချင်နှင့် ရှမ်းတို့က နုံ၊ သို့မဟုတ် ခနုံဟူ၍ ခေါ်လေသည်။ ခနုံမှာ ရှမ်းဘာသာဖြင့် တစ်ပါးသူ
စွန့်ထားသော အဝတ်ကို ဝတ်သူဟူသော အနက်ရ၏။ နုံတို့က ဤမည်ကို မနှစ်သက်ချေ။ ရဝမ်ဟူ၍သာ ခေါ်တွင်စေလို၏။
ရဝမ်ဟူသည်မှာ ဖြူစင်သော အဝတ်ကို ဝတ်သည့် လူမျိုးဟူ၍ အဓိပ္ပါယ် ရသည်။ [[မရူလူမျိုး]]တို့က ယင်းတို့ကို နိုင်ဗောင်းဟု
ခေါ်၏။ တရုတ်တို့ကမူ ကျူးဇီဟု ခေါ်လေသည်။ ကျူးဇီမှာ ဧရာဝတီမြစ်ကမ်း၌ နေသူများဟု အနက်ရ၏။ ရဝမ်လူမျိုးတို့သည် ကိုယ်ကာယ ကြီးထွားတုတ်ခိုင်၍၊ အသားလတ်၏။ မေးရိုးကြီး၏။ နှာတံပေါ်၏။ ယောကျ်ားရောမိန်းမပါ အဝတ်ဖြူဝတ်ကြသည်။ နုံလူမျိုးအကြီးအကဲများသည် ကြိမ်ဖြင့် ရက်၍၊ ဝက်စွယ်ဖြင့် တန်ဆာဆင်ထားသော ဦးထုပ်များကို ဆောင်းလေ့ရှိ၏။ လှံရှည်ကြီးများနှင့် ဓားလွယ်များကို ကိုင်ဆောင်ကြသည်။
 
နုံလူမျိုးများသည် အလုပ်နှင့်လက် ပြတ်သည်ဟူ၍ မရှိအောင် ဝိရိယကောင်း၏။ တောင်ယာခုတ်၊ စပါးထောင်း၊ ရက်ကန်းရက်နှင့် တစ်နေကုန် အလုပ်လုပ်လေ့ရှိသည်။ အဝတ်အစားအတွက် အဇီးအီးခေါ် ဂုံလျှော်ပင်တစ်မျိုးမှ ခြည်မျှင်ထုတ်၍ ရက်လုပ်ယူကြ၏။ စားသုံးရန်အတွက် တောင်ယာတွင် စပါးစိုက်ပျိုးရုံ သာမက၊ တောင်စောင်းတွင် လှေကားထစ်သဖွယ် အဆင့်ဆင့် မြေကို ထွင်၍၊ အာလူး၊ မြေပဲ၊ မုန်ညင်း၊
နှမ်းစသည်တို့ကို စိုက်ပျိုးလေ့ရှိကြသည်။ ရှေးအခါက နုံလူမျိုးတို့သည် သံလွင်မြစ်ဝှမ်းတွင် နေထိုင်ခဲ့ကြ၏။ မူလကပင် ထိုဒေသ၌ အိုးအိမ်အခြေစိုက်၍၊ အတည်အမြဲ နေထိုင်ရန် ရည်သန်ရင်း ရှိဟန်တူသည်။ သို့ရာတွင် [[လီဆူးလူမျိုး]]တို့ကြောင့် တဖြည်းဖြည်း အနောက်ဘက်သို့ ရွှေ့လာရာမှ၊ ယခုနေထိုင်သော နေရာတို့ကို ရောက်ရှိ လာခြင်းဖြစ်သည်ဟု ယူဆရန် ရှိလေသည်။ ယခုအခါ၌မူ လီဆူးတို့
နှင့်ပင် ရောနှောနေထိုင်လျက်ရှိလေသည်။ အောက်ပိုင်းနမ့် တမိုင်၊ မတ်ဝမ်နှင့် အကျန်မြစ်ဝှမ်းတို့၌ နုံလူမျိုးနှင့် လီဆူးတို့၏ ရွာပေါင်း ၁၇၅ ရွာခန့်ရှိ၍၊ ရဝမ် အိမ်ခြေပေါင်း ၂ဝဝဝ ခန့်နှင့် လီဆူး အိမ်ခြေပေါင်း ၆ဝဝ ခန့်ရှိလေသည်။ စုစုပေါင်း လူဦးရေမှာ ၁၅ဝဝဝ ခန့်ဟု ခန့်မှန်းရသည်။
 
ရဝမ်လူမျိုးတို့တွင် အမျိုးအနွယ်ပေါင်း ၈ဝ ခန့်ရှိသည်။ ရှေးအခါက တစ်စုနှင့်တစ်စု သီးသန့်နေလေ့ ရှိလေရာ၊ နေထိုင်ရာဒေသ၏ လမ်းပန်းအခြေအနေ မပြေပြစ်မှုကြောင့်၊ တစ်မျိုးနှင့်တစ်မျိုးပြောဆိုသောစကားတွင် အနည်းငယ် ကွဲလွဲမှုများ ရှိလေသည်။ များသောအားဖြင့် ရဝမ်စကားသည် ဂျင်းဖောစကားနှင့် တူသည်။ သို့သော် စကားအစီအစဥ်မှာ မြန်မာစကားကဲ့သို့ပင် ဖြစ်၏။
ရဝမ်လူမျိုးတို့သည် ကချင်တို့နှင့် စကားတွင်သာမက၊ ယဥ်ကျေးမှုနှင့် လူမှုရေးရာတို့၌လည်း တူညီပေသည်။
ကချင်များ၊ မနောပွဲကသကဲ့သို့၊ နုံမနောပွဲကိုလည်း ကျင်းပလေ့ရှိ၏။ ကကြိုးကပုံသာလျှင် အနည်းငယ် ကွဲလွဲသည်။ ကျင်းပပုံမှာ အတူတူပင်တည်း။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၆)</ref>
 
 
== ရဝမ်လူမျိုးကွဲများ ==
|ထမ်း
|}
==ကိုးကား==
 
<references/>
{{မြန်မာပြည် လူမျိုးများ}}
 
၂၆၄၄၀

တည်းဖြတ်မှုများ