ကြောင် (တိရစ္ဆာန်): တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁၄ -
| ပရိယာယ် = ''Felis catus domestica''<br/>''Felis silvestris catus''
}}
'''ကြောင်'''
ရှေးနှစ်ပေါင်းများစွာကတည်းက ကြောင်များသည် လူတွေရဲ့ ချစ်မြတ်နိုးမှု ၊ ဦးစားပေးမှု ၊ ရက်စက်စွာညှင်းပန်းနှိပ်စက်မှု တို့ကိုခံရပြီး ကြောင်များ၏ ကံကြမ္မာဟာ အတက်အကျ အနိမ့်အမြင့်တွေနဲ့ စိတ်ဝင်စားစရာကောင်းလှပါတယ်။ ကြောင်များဟာ အသိရခက်ခြင်းကြောင့် ကြောင်ချစ်သူ ကြောင်ပိုင်ရှင်များအဖို့တော့ စိတ်အနည်းငယ်ရှုပ်ထွေးစေပါတယ်။ ခွေးများက သူတို့ပိုင်ရှင် သူတို့ရဲ့ သခင်ကိုချစ်လျှင်ချစ်ကြောင်း သိသာထင်ရှားစွာပြတတ်ကြပေမယ့် ကြောင် များကိုတော့ ဘယ်အရာကိုမှအတင်းအကြပ်စေခိုင်းလို့မရပါဘူး။ သူတို့ဘာသာ သူတို့စိတ်ဆန ္ဒ ရှိမှသာလျှင် သူတို့လုပ်ချင်ရာကိုလုပ်တတ်ကြတဲ့ အိမ်မွေးတိရစ ္ဆာန်အမျိုးအစားများပါပဲ။ ကြောင်ပိုင်ရှင် သခင်ကိုလည်း တွယ်ကပ်မနေကြဘဲ လွတ်လွတ်လပ်လပ်နေတတ်ကြပါတယ်။ ကြောင်ချစ်သူများသိကြပြီးတဲ့အတိုင်းပါပဲ အိမ်မှာ ကြောင်မွေးထားပြီဆိုလျှင် ကြောင်ပိုင်ရှင် ကြောင်သခင်များက ကြောင်ကိုပိုင်ဆိုင်ထားခြင်းမျိုးမဟုတ်ဘဲ ကြောင်များကသာ ကြောင်ချစ်သူ ကြောင်ပိုင်ရှင်ကို ပိုင်ဆိုင်သွားကြပါတယ်။ ကြောင်ချစ်သူတွေက အလိုအလျောက်ပဲ ကြောင်များ
ရဲ ့ အလိုကျ လိုက်လုပ်ပေးနေရတော့ပါတယ်။