ဧရာဝတီတိုင်းဒေသကြီး: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၇၇ -
'''ဧရာဝတီတိုင်းဒေသကြီး'''သည် မြန်မာပြည်၏ ဆန်စပါးအဓိကထွက်ရှိရာ ဒေသဖြစ်သည်။ ဧရိယာစတုရန်းမိုင် ၁၃,၅၆၆ ကျယ်ဝန်းသည်။ လူဦးရေ ၆.၅ သန်းခန့်ရှိပြီး လူနေသိပ်သည်းမှုမှာ တစ်စတုရန်းမိုင်လျှင် ၄၆၆ ယောက် ဖြစ်သည်။ [[ဗမာလူမျိုး|ဗမာ]]နှင့်[[ကရင်လူမျိုး]]တို့ အဓိကအားဖြင့် နေထိုင်ကြပြီး အနောက်ဘက်က ကမ်းရိုးတန်းတလျောက် ရခိုင်လူဦးရေအနည်းငယ် နေထိုင်ကြသည်။ အများစုမှာ [[ဗုဒ္ဓဘာသာ]]ဖြစ်ကြပြီး [[ခရစ်ယာန်ဘာသာ]]ဝင်၊ [[အစ္စလာမ်ဘာသာ]]ဝင် အနည်းငယ် နေထိုင်ကြပါသည်။ ဗမာဘာသာစကားသည် အဓိကဘာသာ‌စကား ဖြစ်ပါသည်။
 
== သမိုင်းကြောင်း ==
== ပထဝီဝင် တည်နေရာ ==
ဧရာဝတီတိုင်းဒေသကြီးသည် ရှေးအခါက ရာမညတိုင်းတွင်ပါဝင်ခဲ့သည်။မွန်သုံးရပ်ဖြစ်သော မွန်တိ၊မွန်စ၊မွန်ညတွင် မွန်ညဒေသ၌ ပါဝင်ခဲ့သည်။ကိုလိုနီခေတ် ၁၈၂၄ ဩဂုတ် ၁၃ရက်ဖြင့် ထုတ်ပြန်သော ပြန်တမ်းများအရ ပဲခူးတိုင်းကို ဟံသာဝတီ၊ဟင်္သတနှင့် ပုသိမ်ခရိုင်ဟူ၍ ဖွဲ့စည်းခဲ့သည်။၁၈၈၁တ့င် ပဲခူးတိုင်းမှခွဲထုတ်၍ ဧရာဝတီတိုင်းဖြစ်လာမည့် ဧရာဝတီခရိုင်ကို ဖွဲ့စည်းခဲ့သည်။ထိုစဉ်က ဒီဝိဇံ(Division ခရိုင်)ဟု ဘာသာပြန်ဆိုသည်။၁၉၄၇ အခြေခံဥပဒေအရ ဧရာဝတီတိုင်း ဒေသခရိုင်ကို ပုသိမ်၊ဟင်္သတ၊မြောင်းမြ၊မအူပင်၊ဖျာပုံခရိုင်များဖြင့် ဖွဲ့စည်းသည်။<ref name=history>{{cite web | url=https://www.ayeyarwadyregion.gov.mm/ignite/page/22 | title=History| accessdate= | publisher=[[ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့]]}}</ref>နောက်ပိုင်းတွင် အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့ရာ ၂၀၂၀ပြည့်နှစ်တွင် ဧရာဝတီတိုင်း၌ ခရိုင် (၆)ခရိုင်၊မြို့နယ် (၂၆)မြို့နယ်၊ မြို့ (၄၅)မြို့၊ ရပ်ကွက်(၃၀၀)၊ကျေးရွာအုပ်စု (၁၉၁၄)၊ ကျေးရွာပေါင်း (၁၁၆၈၄)ရွာ ပါဝင်သည်။<ref>{{cite web | url=http://www.gad.gov.mm/my/content/အချက်အလက်များ| title=အချက်အလက်များ | accessdate= | publisher=[[အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန]]}}</ref>
== တည်နေရာနှင့် အကျယ်အဝန်း ==
ဧရာဝတီတိုင်းဒေသကြီးသည် [[ဧရာဝတီမြစ်]]၏ မြစ်ဝကျွန်းပေါ်ဒေသဖြစ်ပြီး မြန်မာပြည်၏ အနောက်တောင်ဘက်တွင် တည်ရှိသည်။ နယ်နိမိတ်ချင်း ထိစပ်နေသော ပြည်နယ်နှင့်တိုင်းများမှာ လက်ျာရစ်အားဖြင့် အနောက်မြောက်တွင် [[ရခိုင်ပြည်နယ်]]၊ မြောက်ဘက်နှင့် အရှေ့ဘက်တွင် [[ပဲခူးတိုင်းဒေသကြီး]] နှင့် အရှေ့ဘက်တွင် [[ရန်ကုန်တိုင်းဒေသကြီး]] တို့ဖြစ်သည်။ တောင်ဘက်နှင့် အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော် ရှိသည်။ မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၄၀ မိနစ် မှ ၁၈ ဒီဂရီ ၃၀ မိနစ် ကြား၊ လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၁၅ မိနစ် မှာ ၉၆ ဒီဂရီ ၁၅ မိနစ် ကြားတွင်တည်ရှိသည်။
 
ဧရာဝတီတိုင်းဒေသကြီးသည် ၁၃,၅၆၇ စတုရန်းမိုင် ကျယ်ဝန်းပြီး မြေပြန့် မြေကျယ်ပေါများ၍ မြစ်ချောင်းများလည်း ကွန်ချာသဖွယ် ယှက်သန်းနေ ကြသည်။ သို့သော် ရခိုင်ကမ်းမြောင်ဒေသအောက်ပိုင်းနှင့် ရခိုင်ရိုးမတောင်ထိပ်ကြောင့်အရှေ့
ဘက်ပိုင်းတို့လည်း တစ်စိတ်တစ်ဒေသပါဝင်သည်။