ကြည့်မှန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ce
အရေးမကြီးNo edit summary
စာကြောင်း ၁ -
'''ကြည့်မှန်''' ({{lang-en|'''mirror'''}}) သည် ရှုကြည့်ရန် မှန်ကို ဆိုလိုသည်။ ယခုခေတ် တွင် ကြည့်မှန်အမျိုးမျိုး လုပ်နိုင်ကြသော်လည်း၊ သမိုင်းမစမီ ရှေးပဝေဏီအခါကမူ ကြည့်မှန်များကို မပြုလုပ်တတ်ကြသေးချေ။ ထိုခေတ်လူများသည် မိမိတို့အရိပ်ကို ကြည့်မြင်လိုက ရေအိုင်များ၌သာလျှင် မြင်နိုင်ကြသည်။ တဖြည်းဖြည်း ယဉ်ကျေးလာသောအခါ ကြေးပြားကြီးများကို ချောမွတ် ပြောင်လက်အောင် တိုက်ချွတ်အရောင်တင်၍ မိမိတို့၏ အရိပ်ကို ကြည့်ကြသည်။ အီဂျစ်၊ ဂရိ၊ ရောမလူမျိုးတို့သည် ထိုကြေးပြားကြီးမျိုးကို [[ကြေးနီ]]နှင့် [[သံဖြူ]] ရောစပ်ပြုလုပ်၍ အချောပွတ်ကာ သုံးစွဲခဲ့ကြသည်။ ယင်းသို့ အရိပ်ထင်အောင် အချောပွတ်ထားသော ကြေး စသည့်သတ္တုပြားကို မြန်မာတို့က '[[ကြေးမုံ]]'ဟု ခေါ်ဆိုကြသည်။
 
မှန်ချပ်၏တစ်ဖက်တွင် ခဲရည်၊ သို့မဟုတ် သံဖြူရည်သုတ်ထားသော ကြည့်မှန်များသည် ၁၃ ရာစု အတွင်းတွင်မှ ပေါ်ပေါက်လာခဲ့၏။ ကြည့်မှန် ပြုလုပ်ပုံနည်းသည် အဆင့်ဆင့် တိုးတက်လာရာ၊ ၁၇ ရာစုသို့ ရောက်သောအခါ