ရေငုပ်သင်္ဘောစစ်ရေယာဉ် မင်းရဲသိင်္ခသူ: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
→မင်းရဲသိင်္ခသူ ရေငုပ်သင်္ဘော: filled the caption. စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ် |
အရေးမကြီးNo edit summary စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ် |
||
စာကြောင်း ၂ -
{{Infobox ship image
|Ship image= MN-Sub-P-2.jpg
|Ship caption=မင်းရဲသိင်္ခသူရေငုပ်သင်္ဘောအား ၇၃နှစ်မြောက်တပ်မတော်ရေနေ့
}}
{{Infobox ship career
စာကြောင်း ၇၅ -
==သမိုင်း==
မြန်မာ့တပ်မတော်မှ ရေငုပ်သင်္ဘော ပိုင်ဆိုင်ရန် ကြိုးပမ်းနေမှုသည် ၂၀၀၁ ခုနှစ်ကတည်းကဖြစ်သည်။ ထိုအချိန်က နိုင်ငံ ၃ နိုင်ငံလောက်နှင့် ညှိနှိုင်းခဲ့သော်လည်း နိုင်ငံတကာ ပိတ်ဆို့မှုများကြောင့် အရာမထင်ခဲ့ချေ။ ယင်းပိတ်ဆို့မှုများကြောင့် ရေငုပ်သင်္ဘော ဝယ်ယူရန်သာမက လေ့ကျင့်ရန်ပင် ခက်ခဲခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် အိန္ဒိယ ရေငုပ်သင်္ဘောတစ်စင်း မြန်မာရေပိုင်နက်အတွင်း စစ်ရေးလေ့ကျင့်ရန် ရောက်ရှိလာခဲ့သည်။ ထိုအချိန်က မြန်မာ့တပ်မတော်တွင် ရေငုပ်သင်္ဘောမရှိသော်လည်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကြိုတင်လေ့ကျင့်ထားသည့် တပ်မတော်သားများကို အဆိုပါ အိန္ဒိယရေငုပ်သင်္ဘောတွင် ပူးပေါင်းပါဝင် လေ့ကျင့်စေ၏။ ထိုစဉ်က ၎င်းအဖွဲ့အား ဦးစီးခေါင်းဆောင်ခဲ့သူမှာ ဒုတိယဗိုလ်မှူးကြီး မိုးအောင် ဖြစ်သည်။ ထို့ပြင် ရေငုပ်သင်္ဘော ပညာများနှင့် ပက်သက်၍ အိန္ဒိယအပြင် အခြားတိုင်းပြည်များတွင်လည်း လေ့လာစေခဲ့သည်။ ၂၀၀၇ ခုနှစ်အတွင်း ရေငုပ်သင်္ဘောနှင့် ပတ်သက်၍ လေ့ကျင့်ရေး အပြည့်အဝပေးနိုင်စေရန်အတွက် အရာရှိစစ်သည်များကို အိန္ဒိယသို့ စေလွှတ်ခဲ့သည်။ မြန်မာ့ တပ်မတော် ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး [[မင်းအောင်လှိုင်]]သည် ၂၀၁၃ ခုနှစ်တွင် ရုရှားနိုင်ငံသို့ အလည်အပတ်ရောက်ရှိလာခဲ့ပြီး [[ရုရှားနိုင်ငံ]]ထုတ် ကီလို အတန်းစား ရေငုပ်သင်္ဘော ၂ စင်း ဝယ်ယူရန် စိတ်ဝင်စားခဲ့သည်။ ယင်းနောက် ၂၀၁၅ ခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ ထပ်မံသွားရောက်ခဲ့ပြီး ဂိုအာဆိပ်ကမ်းရှိ ရေငုပ်သင်္ဘောများကိုလေ့လာခဲ့သည်။ တရုတ်နိုင်ငံသို့ ၂၀၁၆ ခုနှစ်အတွင်းသွားရောက်လည်ပတ်ကာ [[ရေငုပ်သင်္ဘော]]များအား လေ့လာခဲ့ပြန်သေးသည်။ ဤသို့ဖြင့်၂၀၁၉
အဆိုပါ ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူသည် အိန္ဒိယနိုင်ငံမှ အသုံးပြုပြီးဖြစ်သည့် INS Sindhuvir (S58) အမည်ရှိ သင်္ဘောဖြစ်ပြီး [[ဆိုဗီယက်ပြည်ထောင်စု]]ထံမှ အိန္ဒိယနိုင်ငံက ၁၉၈၀ နှစ်များအတွင်းက ဝယ်ယူထားခဲ့သည့် ရေငုပ်သင်္ဘော တစ်စင်းဖြစ်သည်။<ref>{{Cite news|url=https://economictimes.indiatimes.com/news/defence/taking-it-to-next-level-india-readies-submarine-for-myanmar/articleshow/70442448.cms|title=Taking it to next level, India readies submarine for Myanmar|last=Pubby|first=Manu|date=2019-07-30|work=The Economic Times|access-date=2019-10-06}}</ref> ယင်းသည် ကီလို-အတန်းစား ဒီဇယ် လျှပ်စစ် အမျိုးအစား ရေငုပ်သင်္ဘောဖြစ်ပြီး အိန္ဒိယနိုင်ငံ [[ဟိန္ဒူစတန် သင်္ဘောကျင်း]]၌ အဆင့်မြှင့်တင်ကာ မြန်မာ့တပ်မတော်သို့ ၂၀၂၀ ခုနှစ်တွင် လွှဲပြောင်းပေးအပ်ခဲ့သည်။<ref>[https://thevoicejournal.com/archives/4586 မြန်မာ့တပ်မတော်၏ ရေငုပ်သင်္ဘောအိပ်မက် | The Voice Journal<!-- ဘော့က ထုတ်ပေးသော ခေါင်းစဉ် -->]</ref><ref>[https://news-eleven.com/article/195568 တပ်မတော်က တိုက်ခိုက်ရေး ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူ အားထုတ်ဖော်ပြသ | Eleven Media Group Co., Ltd<!-- ဘော့က ထုတ်ပေးသော ခေါင်းစဉ် -->]</ref>
|