ခေါက်ဆွဲ: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[File:Wantan.jpg|thumb|300px|ကွမ်တုန်းဟန် ခေါက်ဆွဲတစ်မျိုး]]
 
ခေါက်ဆွဲသည်'''ခေါက်ဆွဲ'''သည် လူမျိုးတိုင်းလိုပင် နှစ်သက်သည့် [[တရုတ်အစားအစာ]] တစ်မျိုးဖြစ်သည်။ ခေါက်ဆွဲကို ချက်ပြုတ်သောအခါ အသား၊ ဟင်းသီးဟင်းရွက်နှင့် ဘဲဥတို့ကို ရောထည့်၍ ချက်ပြုတ်ကြော်လှော်လေ့ရှိသည်။
 
မြန်မာနိုင်ငံ၌[[မြန်မာနိုင်ငံ]]၌ ခေါက်ဆွဲဆိုင်များကို မြို့တိုင်း၌လိုပင် တွေ့နိုင်သည်။ ခေါက်ဆွဲသည် မူလက မြန်မာနိုင်ငံ၌ ရှိခဲ့ဟန် မတူပေ။ နိုင်ငံခြားသားများ ဝင်ရောက်လာမှပင် ခေတ်စားလာပုံ ရသည်။ သို့သော် မည်သည့်ခေတ်အခါက စတင်သုံးဆောင်လာသည်ကိုမူ မပြောနိုင်ပေ။ အများအားဖြင့် ခေါက်ဆွဲကို ဂျုံဖြင့် လုပ်လေ့ရှိသည်။ ဆန်ဖြင့်လုပ်သော ခေါက်ဆွဲလည်းရှိသည်။ ယင်းကို ဆန်ခေါက်ဆွဲဟု ခေါ်သည်။
 
ခေါက်ဆွဲလုပ်ပုံသည် ပထမ ဂျုံမှုန့်ကို ရေနွေးသင့်ရုံနှင့် နယ်ပေးရသည်။ ကောင်းစွာနယ်ပေး၍ ဂျုံအစေးပေါက်လာသောအခါ ယင်းကို အလုံးကြီးများ လုပ်ရသည်။ ထိုနောက် အောက်ခြေ၌ အပေါက်ငယ်များဖောက်ထားသော ခွက်တွင်ထည့်၍ ခွက်နှင့် အံကိုက်လုပ်ထားသော ကျည်ပွေ့ဖြင့် ဂျုံစေးကို ဖိချသည်။ ထိုအခါ ဂျုံစေးသည် အပေါက်ကလေးများ၏ ပုံစံအတိုင်း အချောင်းကလေးများ ဖြစ်၍ထွက်လာသည်။ ခွက်အပေါက်ကလေးများမှ ထွက်လာသော ခေါက်ဆွဲဖတ်များသည် အနည်းငယ် ပျော့နေသေးသဖြင့် မာသွားစေရန် ရေနွေးဖျောပေးရသည်။ အပူဖြင့် အနည်းငယ်မာသွားသောအခါ ထုတ်ယူ၍ နေဖြင့် အခြောက်လှန်းရသည်။ ထို့နောက် အလိုရှိသလိုဖြတ်ပြီး စက္ကူများနှင့်ပတ်၍ ရောင်းချကြသည်။ ခေါက်ဆွဲနည်းနည်း လုပ်လိုသောအခါ ဂျုံကို နယ်၍ အပြားများ လုပ်ပြီးလျှင် အမျှင်ကလေးများ ရအောင် ဓားဖြင့်လှီးပေးလေ့ရှိသည်။ ထိုနည်းသည် ခေါက်ဆွဲဆိုင်ကလေးများတွင် လုပ်လေ့ရှိသော နည်းဖြစ်သည်။ ခေါက်ဆွဲကို အလိုရှိသလို ပုံစံအမျိုးမျိုး လုပ်ယူတတ်ကြသည်။
စာကြောင်း ၉ -
မြန်မာနိုင်ငံရှိ ခေါက်ဆွဲဆိုင်များတွင် တွေ့ရသော ခေါက်ဆွဲလုပ်နည်းမှာ လူ့ခါးတစ်ရပ်ခန့်မြင့်သော စားပွဲပေါ်တွင် တစ်လံကျော်မျှ ရှည်လျားသော ဒလိမ့်ဖြင့် ဂျုံကို နယ်သည်။ အကြိမ်ကြိမ် အဖန်ဖန် နယ်ပြီးနောက် ဂျုံသားကို ပါးပါးဖြစ်အောင် ဒလိမ့်ဖြင့် လှိမ့်ပေးရသည်။ ထိုဂျုံသားပါးပါးကို အလိုရှိသလို ခေါက်၍ ဂျုံခေါက်ကို ဓားဖြင့် အကွင်းလိုက် လှီးသောအခါ အမျှင်တန်းနေသော ခေါက်ဆွဲကို ရလေသည်။
 
ခေါက်ဆွဲကို ချက်ပြုတ် စားသောက်ရာ၌ ခေါက်ဆွဲကြောင်၊ခေါက်ဆွဲကြော်၊ ခေါက်ဆွဲပြုတ်၊​ ဆီချက်ခေါက်ဆွဲ၊ ကော်ရည်ခေါက်ဆွဲ၊[[ကော်ရည်ခေါက်ဆွဲ]]၊ ပန်းသေးခေါက်ဆွဲ၊ ဗမာခေါက်ဆွဲဟူ၍ စီမံယူသော နည်းအလိုက် အမျိုးမျိုးရှိသည်။ အချို့ဟိုတယ်ကြီးများတွင် အထူးစီမံထားသော ခေါက်ဆွဲများရှိသည်။ ခရုအသားများ ထည့်ထားသော ခရုခေါက်ဆွဲနှင့် ဂျုံကို ကြက်ဥနှင့်ရော၍ ပြုလုပ်ထားသော ကြက်ဥခေါက်ဆွဲတို့သည် ပို၍ အရသာထူးသဖြင့် ဈေးကြီးပေးဝယ်ရသည်။
 
{{မြန်မာအစားအသောက်}}
 
[[ar:شعرية]]
[[ca:Fideus xinesos]]