ကျိန့်ဟော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.5.2) (robot Adding: ur:ژینگ ہی
အရေးမကြီး →‎ငယ်စဉ်ဘဝ
စာကြောင်း ၇ -
၁၃၈၁ ခုနှစ်တွင် သူ၏ ဖခင်ကွယ်လွန်သည်။ ထိုနောက် မင်မင်းဆက်၏ စစ်တပ်များ ယွင်နန်အထိ ထိုးဖောက်ဝင်ရောက်လာသည်။ ထိုအချိန်တွင် အသက် ၁၁ နှစ်သာ ရှိသေးသည့် မာဆန်းပေါင်သည် အဖမ်းခံရပြီး နန်းတွင်း၌ ခစားရန် အပို့ခံရသည်။ ​နောက်ဆုံးတွင် မာဆန်းပေါင်သည် ယုံလော့ ဧကရာဇ် (၁၄၀၃ - ၁၄၂၄) ယုံကြည်စိတ်ချရသည့် လက်ရုံးတော် ဖြစ်လာသည်။ မင်မင်းဆက်၏ ဒုတိယမြောက် မင်းဆက် ကျန့်ဝန် ဧကရာဇ်အား နန်းချရေးတွင် ကူညီပေးခဲ့သောကြောင့် ဧကရာဇ် ဖြစ်လာသည့် ယုံလော့ နန်းတက်ပြီးနောက် မာဆန်းပေါင်အား ‘ကျိန့်’ ဟူသည့် မျိုးရိုးအမည်ကို ချီးမြှင့်ခဲ့ပြီး ‘ဟော်’ဟု အမည်ပြောင်းခဲ့သည်။<ref name="Mills 1970, p. 5"/><ref name="China p. 621"/><ref>Levathes (1994), pp. 61-63.</ref>
 
၁၄၂၅ ခုနှစ်တွင် ဟုန်ရှီးဧကရာဇ်က ကျိန့်ဟော်အား နန်ကျင်းမြို့ကို ကာကွယ်ရန် ခန့်အပ်ခဲ့သည်။ ၁၄၂၈ ခုနှစ်တွင် ရွှမ်းတယ်ဧကရာဇ်က [[နန်ကျင်းမြို့]]၌ ဆောက်လုပ်ဆဲ အထပ် ၉ ထပ်ရှိသည့် [[နန်ဂျင်းမှကြွေမျှော်စင်|တပေါင်အန်းတာ့ပေါင်အန်း]]ဘုရားကျောင်းအား အပြီးသတ် ဆောက်လုပ်ရန် ကျိန့်ဟော်အား တာဝန်ပေးခဲ့သည်။ ၁၄၃၀ ခုနှစ်တွင်မူ ‘အနောက် သမုဒ္ဒရာ’သို့ သတ္တမအကြိမ်မြောက် စွန့်စားခန်းထွက်ရန် တာဝန်ပေးခဲ့ပြန်သည်။ <ref>Mills (1970), p. 6.</ref> ကျိန့်ဟော်သည် သတ္တမအကြိမ်မြောက်လည်း ဖြစ်သည့် နောက်ဆုံးအကြိမ် ရေကြောင်းခရီးစဉ်၏ အပြန်လမ်း ၁၄၃၃ ခုနှစ်တွင် ကွယ်လွန်သည်။
<!--
===Religious views===