ရွှေစာရံ စေတီတော် (မန္တလေး): တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၉၀ -
နတ်ကတော် အချို့နှင့် [[စီးပွားရေး]]အကွက်ထွင်သူများက အယုံလွယ်သူများကို လိမ်လည်လှည့်စားရန် စောမွန်လှအား သိုက်နန်းရှင်၊ ဂူနန်းရှင် စသောအနိမ့်စား ပရလောကသားအဖြစ် လုပ်ကြံဖန်တီးနေခြင်းသာ ဖြစ်တော့သည်။ <ref>သန်းနိုင်စိုး။ သီပေါကိုလတ်၏ သမိုင်းဝင် သစ္စာ အဓိဋ္ဌာန် ရွှေစာရံစေတီတော်မြတ်ကြီး၏ ဘုရားသမိုင်း</ref>
 
ရွှေစာရံဘုရားပွဲမှာ ရှမ်းအမျိုးသား၊ အမျိုးသမီးတွေရဲ့ ဈေးဆိုင်တန်းတွေကို ဘုရားခြေတော်ရင်း ပတ်ပတ်လည်မှာ နေရာပေးတဲ့အပြင် ရှမ်းဈေးသည်တွေဟာ မြန်မာဈေးသည်တွေ ဈေးလာရောက် မရောင်းခင် ဟိုးယခင်မတိုး တက်မီခေတ်ကတည်းက ဆင်းရဲဒုက္ခခံပြီး ဘယ်လောက်ပဲ ခေတ်ပျက်ပျက် မပျက်မကွက် လာရောက်ရောင်းချ ကြတဲ့အတွက် မျက်နှာဖွင့် ၆ ပေ၊ အရှည်ပေ ၂၀-၃ဝ ရှိတဲ့ ဆိုင်ခန်း တစ်ခန်းကို ခုနစ်ထောင်ကျပ် သတ်မှတ်ထားပေမဲ့ ၎င်းတို့အတွက် သုံးထောင်ကျပ်သာ ပေးဆောင်စေပါတယ်။ ရွှေစာရံအတွက် ကားလမ်းဘေး တစ်လှျောက်နှင့်တစ်လျှောက်နှင့် ဘုရားဝင်းအတွင်းမှာ ဆိုင်ခန်းပေါင်း တစ်ထောင်ကျော် ရှိပြီး အဆိုပါဈေးသည်တွေဟာ ဆိုင်ခန်းတစ်ခန်း ၁၅ ကျပ်ခေတ် ကတည်းက မျိုးရိုးစဉ်ဆက်ရောင်း ချလာကြတဲ့သူတွေဖြစ်ပြီး အသစ် လာရောက်ရောင်းချ လိုသူတွေအတွက် နေရာမပေးနိုင်ပါဘူး။
ရွှေစာရံဘုရားပွဲတော်မှာ ရှမ်းဈေးသည်တွေ လာရောက်ရောင်းချ ကြတဲ့ပစ္စည်းတွေဟာ အမြတ်များများထွက်တဲ့ ပစ္စည်းတွေ မဟုတ်ကြပါဘူး။ ကိုယ့်ခြံ ကိုယ်စိုက်၊ ကိုယ့်မုန့် ကိုယ်လုပ်ပြီး ဘုရားဖူးရင်း ကုသိုလ်လည်းယူရင်း ဈေးသက်သက်သာသာနဲ့ ရောင်းတဲ့ ဒေသထွက် သစ်ဥသစ်ဖု၊ ဆေးမြစ်စုံ၊ နနွင်းဖြူ၊ နနွင်းဝါ၊ နနွင်းတိမ်ပြာ၊ နနွင်းနီ၊ နနွင်းနက်၊ နနွင်းခါး၊ ကြက်သွန်ဖြူ၊ တရော်ကင်ပွန်း၊ မှျစ်ချဉ်၊မျှစ်ချဉ်၊ နှီး၊ ဝါး၊ ရှမ်းတံမြက်စည်း၊ ဘူးခါးသီး၊ ကြိတ်စေ့ပုတီး၊ ကောက်ညှင်း ကျည်တောက်(ပေါင်းတင်း)၊ မုန့်ခေါင်းဦး စတဲ့ ပစ္စည်းမျိုးစုံ ဖြစ်ပါတယ်။ မြန်မာဈေးသည်တွေကလည်း စားသောက်ဆိုင်၊ ဖျာဆိုင်၊ အိုးခွက် ပန်းကန်ဆိုင်၊ အရုပ်ဆိုင် စသည်ဖြင့် တည်ခင်းရောင်းချကြပါတယ်။
 
ရွှေစာရံဘုရားအနီး ဒုဋ္ဌဝတီမြစ်မှာ ဟိုယခင်က ငါးကြီးဆိပ်ဆိုတဲ့ ငါးထွေ၊ ငါးရွေးကြီးများ ဘုရားဖူးလာရာ ဆိပ်ကမ်းရှိခဲ့ပေမဲ့ နောက်ပိုင်း ဂျပန်ခေတ်အတွင်းမှာ မိုင်းတွေနဲ့ခွဲလို့ ရေအဆိပ်သင့်တာလိုလို၊ လူတွေ ကလူတွေက တဝုန်းဝုန်းနဲ့ ရေဆင်းကစားကြလို့ပဲ ငါးတွေ မလာတော့သလိုလိုနဲ့ ငါးတွေကို မတွေ့ရတော့တာ နှစ်ပေါင်းငါးဆယ်ခန့်ရှိပြီလို့ သိရပါတယ်။ အဆိုပါငါးတွေကို အစွဲပြုပြီး ရွှေစာရံဘုရားပွဲတော်မှာ ထန်းရွက် ငါးရုပ် ရောင်စုံလေးတွေကို ကျောက်ဆည်နယ်ဘက်က ပြုလုပ်ပြီး လာရောက် ရောင်းချကြပါတယ်။ တန်ဖိုးအားဖြင့်မများလှတဲ့ ထန်းရွက် ယပ်တောင်၊ ထန်းရွက်ပုတီး၊ ထန်းရွက်ငါး၊ ထန်းရွက်အိတ်၊ ထန်းဖူးစတဲ့ ရွှေစာရံ ဘုရားပွဲအထိမ်းအမှတ် ချစ်စရာပစ္စည်းလေးများကို ရွှေစာရံအပြန် လက်ဆောင်အဖြစ် လူတိုင်း တမြတ်တနိုး ဝယ်ယူသယ်ဆောင်လို့ ထန်းရွက်ပုတီး ရောင်စုံလေးတွေကို လည်မှာဆွဲလို့ ပြန်ကြစမြဲပါ။ `ဘူးတစ်လုံးဆောင် အိုတောင်မဆင်းရဲ’ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဘူးခါးသီး လေးတွေကို ခြင်းယက်ပြီး ရောင်းကြတာဟာလည်း ရွှေစာရံရဲ့ သင်္ကေတ တစ်ခုပါပဲ။
 
ဈေးသည်တွေထဲမှာ နှီးသည်တွေကလည်း တစ်မူထူးပါတယ်။ နှီးဟာ ရှမ်းကုန်တစ်မျိုးပါပဲ။ ပြင်ဦးလွင်ခရိုင်၊ လိပ်ကျ၊ သံတောင်၊ မြေပုံပေါ်(အပေါ်စခန်း) ရွာသူ ရွာသားတွေဟာ တန်ဆောင်မုန်းလ ကတည်းက ရွှေစာရံဘုရားပွဲမှာ လာရောက်ရောင်းချဖို့ ဝါးခုတ်နှီးဖြာ အခြောက်လှမ်းပြီး မိုးလုံနေလုံအရိပ်ထဲမှာ သိမ်းဆည်းသိုလှောင်ထား ကြရပါတယ်။ နှီးဖြာရာမှာ ပေါင်းတင်းဖုတ်ရတဲ့ တင်းဝါးကို ဖြာလေ့မရှိပါဘူး။ တင်းနှီးဟာ သဘာဝကိုက ပေါင်းတင်း နံ့မွှေးနေတာကြောင့် ပိုးထိုးလို့အထားမခံတဲ့အတွက် သိုက်ဝါးကို နှီးဖြာကြပါတယ်။ သိုက်ဝါးတောရယ်လို့လည်း သီးသန့်မရှိဘဲ ဝါးမျိုးစုံရောနှော ပေါက်ရာ နေရာက ရွေးချယ် ခုတ်ယူကြရတာပါ။ သိုက်နှီးဟာ သုံးနှစ်အထားခံပြီး ပျိုးထုံး၊ နှမ်းစည်း၊ အမိုးချည်၊ ဝင်းထရံချည် စတာတွေ အတွက် မန္တလေးတစ်ဝိုက်ကတောင်သူတွေက ရွှေစာရံ ဘုရားပွဲတော်မှာ တစ်နှစ်စာ လာရောက်ဝယ်ယူလေ့ ရှိကြပါတယ်။
 
==ဘုရားဒါယိကာမ စောမွန်လှ ==
မိုင်းမောဝ် ရှမ်းစော်ဘွားကြီးရဲ့သမီးတော် ရှမ်း မင်းသမီးလည်း ဖြစ်၊ ဘုန်းမီးနေလ အင်မတန်တောက်ပ ခဲ့တဲ့ မြန်မာဘုရင် အနော်ရထာရဲ့ မိဖုရားတစ်ပါးလည်း ဖြစ်တဲ့အပြင်၊ ဆုတောင်းပြည့်ရွှေစာရံ စေတီတော်မြတ်ကြီးရဲ့ ဘုရားဒါယိကာမ လည်းဖြစ်တဲ့ စောမွန်လှကို သူ့ရဲ့အဆင့် အတန်းနဲ့အညီ တခမ်းတနား ထားချင်တဲ့အတွက် ရွှေစာရံ ဂေါပကအဖွဲ့ဟာ ရှမ်းရိုးရာအစဉ် အလာအတိုင်း ဟော်နန်း ဆောက်လုပ်ပြီး စောမွန်လှရုပ်တုကို အဆောင်အယောင် များနဲ့ ထားရှိခဲ့ပါတယ်။