မြန်မာ ယူနီကုဒ်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၄၆ -
သို့ရာတွင် ထိုစဉ်က မြန်မာယူနီကုတ်စနစ်မှာ Virama စနစ်ပေါ်တွင်အခြေခံထားသောကြောင့် မြစေတီယူနီကုတ်စနစ်မှာ ယူနီကုတ်စံကို အပြည့်အဝလိုက်နာထားသော စနစ်ဟု မဆိုနိုင်ပေ။ ထိုပြင် ထိုစဉ်က မြစေတီယူနီကုတ်စနစ်မှာ အဆမတန်ဈေးကြီးခြင်း အသုံးပြုခွင့်လိုင်စင်မှာလည်း ယခုလက်ရှိပေါ်ထွက်လာသော လိုင်စင်များကဲ့သို့ Open Source လိုင်စင်များ မဟုတ်ခြင်း စသည့် အချက်များကြောင့် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ခဲ့ခြင်း မရှိခဲ့ပါ။
 
2002 ခုနှစ်တွင် မြန်မာနိုင်ငံ၌ အတည်မပြုနိုင်သေးသည့် ယူနီကုတ်စနစ်ကို မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ တာဝန်ယူ လုပ်ဆောင်ကြရန် ဝိုင်းဝန်း တိုက်တွန်းကြပါသည်။ ယူနီကုတ်စနစ်ကို နိုင်ငံတော်စံတစ်ခုအနေဖြင့် အသုံးပြုနိုင်ရေးအတွက် လုပ်ငန်းစတင်ရန် ဘဏ္ဍာရေးအထောက်အပံ့များ စတင်ရှာဖွေခဲ့ကြသည်။ နိုင်ငံတော်အကြီးအကဲများသည် မြန်မာ့စံယူနီကုတ်ဖြစ်မြောက်ရေးအတွက် ကျပ်သိန်း ၅၀ ကို စတင်ထောက်ပံ့ပေးခဲ့ပါသည်။ ဤသို့ဖြင့် [[NLP|ကွန်ပျူတာသုံး မြန်မာစာစနစ် အကောင်အထည်ဖော်ခြင်းအဖွဲ့ ]] Myanmar Unicode and NLP Research Centre သည် မြန်မာနိုင်ငံ ကွန်ပျူတာ သင်းချုပ်ကြီး၏ အစီအမံဖြင့် ဖွဲ့စည်းနိုင်ခဲ့သည်။ [[ကွန်ပျူတာသုံး မြန်မာစာစနစ် အကောင်အထည်ဖော်ခြင်းအဖွဲ့ |NLP]] အဖွဲ့ကြီးသည် 2002 ခုနှစ်မှစပြီး နိုင်ငံတော်အတွက် ယူနီကုတ်တာဝန်များကို အချိန်ပြည့် စတင်တာဝန်ယူ လုပ်ဆောင်ခဲ့သည် ဟု ဆိုနိုင်သည်။