"ဆိုကရေးတီး" ၏ တည်းဖြတ်မှု မူကွဲများ

၆၅ ဘိုက် ဖယ်ရှားခဲ့သည် ,  ပြီးခဲ့သည့် ၉ နှစ်
အရေးမကြီး
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး ([r2.5.2] robot Adding: sco:Socrates)
အရေးမကြီး
== ဆိုကရေးတီး ==(la langue des ordinateurs)
 
ဘီစီ ၅၀ဝ ပြည့်နှစ်ခန့်က ဂရိနိုင်ငံ အက်သင်းမြို့တော်၌ ဆိုကရေးတီးအမည်ရှိသော ပညာရှင်တစ်ဦးပေါ်ပေါက်ခဲ့သည်။ ထိုခေတ်က အက်သင်းမြို့သားများသည် ပညာကို အထူးလိုလား ကြသဖြင့် အကြောင်းသင့်ရာသင့်ရာ စုဝေးတိုင်ပင်ဆွေးနွေးလေ့ရှိကြသည်။ ထိုသို့စုဝေးကြသော လူတစ်စုကို “ ဆိုးဖစ် ” ဟုခေါ် ၏။ ဆိုးဖစ်တို့သည် စကား၏ပရိယာယ်၌ လိမ်မာ၍၊ ဆွေးနွေးရာတွင် အကျိုးသင့်အကြောင်းသင့် ငြင်းခုံသည်ထက် စကားနိုင်လု၍ ငြင်းခုံလေ့ရှိကြသည်။
 
ဆိုကရေးတီးသည် ကိုယ်ကျင့်တရားကိုသာ ဂရုစိုက်၍ ကြံဆသော ပညာရှိပုဂ္ဂိုလ်ကြီးမဟုတ်၊ လက်ရုံးရည်နှင့်ပြည့်စုံသော စစ်သည်တော်လည်း ဖြစ်ခဲ့ဘူး၏။ စစ်ပွဲပေါင်းများစွာ အောင်ပန်းဆွတ်ခူးခဲ့ဘူးသူလည်း ဖြစ်၏။ သို့ရာတွင် စစ်တိုက်ခြင်းသည် သူ၏ ကိုယ်ကျင့်တရား ကောင်းမွန်ရေးဝါဒနှင့် ဖီလာဖြစ်နေသည်ဟု ယူဆလာသောအခါ၊ အက်သင်းမြို့သားများက မည်မျှပင် တိုက်တွန်းသော်လည်း စစ်ကိုကြဉ်လိုက်လေသည်။ သူ၏ ကိုယ်ကျင့်တရား အယူအဆများသည် မတရားမှုများကို လက်သင့်မခံယူသဖြင့် ဆိုကရေးတီးသည် အက်သင်းအစိုးရ၏ မုန်းထားငြိုငြင်ခြင်းကို ခံရလေသည်။ ဤသို့ဖြင့် ဆိုကရေးတီးသည် အက်သင်းအစိုးရနှင့်တကွ မာနခက်ထန်၍
ကိုယ်ကျင့်တရားမရှိသော လူထုနှင့် အရာရာတွင် ဆန့်ကျင်ဖက် ဖြစ်နေရကား၊ နောက်ဆုံး၌ သူ့အား အလွန်မုန်းထားသည့်
ရန်သူသုံးဦးခေါင်းဆောင်သော လူတစ်စုသည် ဆိုကရေးတီး၏ အယူအဆသည် လူငယ်တို့၏ ကိုယ်ကျင့်တရားကို ပျက်ပြါးစေပျက်ပြားစေ
သည်သာမက၊ လူတို့၏လက်ရှိယုံကြည်ကိုးကွယ်မှုကို စော်ကားသည်ဟု တရားစွဲဆိုခဲ့သည်။ ဆိုကရေးတီး၏ တပည့်များက
ရှေ့နေငှားရမ်း၍ တရားဆိုင်ရန် ပြေါသော်လည်း၊ပြောသော်လည်း၊ ရှေ့နေမငှားဘဲ သူကိုယ်တိုင် သူ၏ အယူအဆများကို ရှင်းလင်းဖြေဆိုခဲ့
သည်။ ထိုသို့ရှင်းပြချက်ကို ဆိုကရေးတီး၏ လျှောက်လဲချက် များဟု ယခုတိုင်အောင် ထင်ရှားလျက်ရှိသည်။ ရုံးတော်က
သူ့အားအပြစ်ရှိသည်ဟု တစ်ဖက်သတ်ဆုံးဖြတ်ပြီးလျှင် သေဒဏ်အပြစ်ပေးခဲ့သည်။ သို့ရာတွင် ဆိုကရေးတီးကား အနည်း
၃၅၂၆

တည်းဖြတ်မှုများ