မြန်မာနိုင်ငံ ပညာရေး: တည်းဖြတ်မှု မူကွဲများ

စာမျက်နှာအသစ်: မြန်မာနိုင်ငံ ပညာရေး ဆိုသည်မှာ မြန်မာနိုင်ငံ အတွင်းရှိ ...
(ကွဲပြားမှု မရှိ)

၁၇:၂၃၊ ၆ ဇန်နဝါရီ ၂၀၁၁ ရက်နေ့က မူ

မြန်မာနိုင်ငံ ပညာရေး ဆိုသည်မှာ မြန်မာနိုင်ငံ အတွင်းရှိ သင်ကြားနေသော ပညာရေး စနစ်အကြောင်း ဖြစ်သည်။ မြန်မာနိုင်ငံ ပညာရေးကို အဓိကအားဖြင့် အစိုးရအဖွဲ့အတွင်းမှ ပညာရေး ဝန်ကြီးဌာနမှ ထိန်းချုပ်ထားသည်။ မြန်မာနိုင်ငံ ပညာရေးတွင် အဓိကအားဖြင့် အခြေခံပညာနှင့် အဆင့်မြင့်ပညာဟူ၍ ဌာနကြီး (၂) ခုရှိသည်။ အခြေခံ ပညာတွင် ဦးစီးဌာန (၃) ခုရှိသည်။ အောက်မြန်မာပြည် ကျောင်းများအတွက် အမှတ် (၁) အခြေခံပညာ ဦးစီးဌာန အထက်မြန်မာပြည် ကျောင်းများအတွက် အမှတ် (၂) အခြေခံပညာ ဦးစီးဌာနနှင့် ရန်ကုန်တိုင်းရှိ ကျောင်းများအတွက် အမှတ် (၃) အခြေခံပညာ ဦးစီးဌာနတို့ ဖြစ်သည်။ အဆင့်မြင့်ပညာ ဦးစီးဌာနတွင် အဆင့်မြင့်ပညာ ဦးစီးဌာန (အထက်မြန်မာပြည်) နှင့် အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) တို့ဖြင့် ဖွဲ့စည်းထားသည်။