မြို(ခမိ)လူမျိုး: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သည် ။ +သည်။)
စာကြောင်း ၁၆၄ -
သင်္ချိုင်းသို့မရောက်မီရွာအပြင်လမ်းခုလပ် (အမြဲသတ်မှတ်ထားသောနေရာ) တွင် စကောတစ်ချပ်ကို ပူးချည်ထားသော ဝါးကျည်တောက်နှစ်လုံးနှင့် အလယ်တွင် ငုတ်ရိုက်စိုက်ကာ ဗုဒွတ်လုပ်သူက ကြက်သားတစ်ဖုံနှင့် စပါးစေ့အနည်းငယ်ကို စုထားရသည်။ မိန်းမဖြစ်လျှင် မုန့် ( ၆ )ချပ် ၊ ယောက်ျားဖြစ်လျှင်မုန့် ( ၇ ) ချပ် တို့ကို အိမ်၌ တစ်ချပ်(အသုဘထားရာနေရာ) လမ်းခုလပ်စကာရိုက်ရာတွင် တစ်ချပ်ထားရသည်။ ကျန်မုန့်များကိုသချိုင်းသို့ ယူသွား၍ ဝိညာဉ်တဲအိမ်ကလေးဆောက်ပြီး ပန်းကန်၊ ခွက်တို့နှင့်တင်ထားရသည်။
 
မီးသင်္ဂြိုလ်ရန်ထင်းပုံစီနည်းမှာ အရှေ့နှင့်အနောက်ကိုအလျားပြုပြီး မိန်းမ ဖြစ်လျှင်ထင်းစီးခြောက်ထပ် ၊ ယောက်ျားဖြစ်လျှင်ယင်းစီးခုနှစ်ထပ်စီ၍ ပုံရသည်။ ထင်းပုံထက်သို့ အလောင်းကို တင်သောအခါတွင်လည်း ယောက်ျားဖြစ်လျှင်နေထွက် ကြည့်ဟန်ဦးခေါင်းကို အနောက်ဖက်တွင်ထားသည် ၊ မိန်းမဖြစ်လျှင် နေဝင်ကြည့်ဟန် ဦးခေါင်းကိုအရှေ့ဖက်သို့ ထားရသည် ။ထားရသည်။ နန်းတော် ဦးတိုက် ၊ နန်းတော်ကြည့်ဟူ၍လည်းခေါ်သည်။
 
ထို့နောက်ဗုဒွတ်ဆိုသူ သည် အလောင်းကို မီးရှို့ သဂြိုလ်မှုပြုရသည်။ လူကြီး၊ ဘိုးဘွားစသော ဂုဏ်သရေရှိသူတို့ဖြစ်မူအရိုးမကျွမ်းမီ ဗုဒွတ်ဆိုသူက ရေလုံအိုးဖြင့်မီးငြိမ်းရသည်။ အရိုး ကိုကိုးဖြင့်ကောက်ယူထားကြသည်။ သို့မဟုတ် အရိုးဂူ တည်ထားကြသည်။ စဉ့်အိုးတစ်လုံးတည်းတွင် လူသေအရိုး ဟူသမျှကို စုပေါင်းထည့်ထားကြရ သည်ဟူ၏။ ယခုခေတ်၌လူငယ်များသေ၍ မီးသင်္ဂြိုလ်လျှင် ပြာဖြစ်သည်အထိ မီးကျွမ်း သဂြိုလ်ပြီးမှ မီးသတ်ကြသည်။ ထိုသို့အသုဘအလောင်းကိုမီးငြိမ်းသတ်ပြီးသောအခါ ထိုသင်္ချိုင်းတွင် (တပေါင်) ခေါ် ဝိညာဉ်တဲအိမ်ကလေးကို အလျား ၊ အနံ ( ၂ )တောင်ပတ်လည် ဆောက်လုပ်ထားရသည်။ ဝိညာဉ် တဲအိမ်ပေါ်တွင် သေသွားသူ အသက်ရှင်စဉ်က အသုံးအဆောင်ပစ္စည်း တို့ကိုထားသကဲ့သို့ နေရာတကျထားပေးရသည်။