သင်္ဂါယနာ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-၏ ။ +၏။)
စာကြောင်း ၁၆၆ -
*လာအိုနိုင်ငံ အိမ်ရှေ့မင်းသား စဝန်ဝတ္တန (H.R.H Prince Savang Vatthana) နှင့် ဝန်ကြီးချုပ် ကောင်အဘေး (H.E Kou Abhay)တို့ဖြစ်ကြပြီး တရုတ်၊ဂျပန်၊ကိုရီးယား၊ မွန်ဂိုလီးယား၊ဖော်မိုဆာ(ယခု-ထိုင်ဝမ်)၊ ရုရှားစသည့်နိုင်ငံများမှ မဟာယာနဗုဒ္ဓဘာသာခေါင်းဆောင်များပါတက်ရောက်ခဲ့ကြသည်။{{sfn|သီတဂူဆရာတော် - သင်္ဂီတိ(သင်္ဂါယနာသမိုင်းအကျဉ်း)|p=၃၆}}
 
သဝဏ်လွှာများကို ဗြိတိသျှဘုရင်မ အဲလိဇဘက်၊ အိန္ဒိယသမ္မတ ဒေါက်တာ ရာဂျိန္ဒရာပရာဆာဒ် နှင့် ဝန်ကြီးချုပ် ဂျဝါဟလာနေရူး၊ ထိုင်းဘုရင် ဘူမိဘောလ် နှင့် နိုင်ငံခြားသံရုံးများမှ သံအမတ်များက ပေးပို့ခဲ့ကြ၏ ။ပေးပို့ခဲ့ကြ၏။{{sfn|သီတဂူဆရာတော် - သင်္ဂီတိ(သင်္ဂါယနာသမိုင်းအကျဉ်း)|p=၃၆}}
 
မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူပြည်သားများ၊ သီရိလင်္ကာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား စသော ထေရဝါဒနိုင်ငံများနှင့် အခြားနိုင်ငံပေါင်း ၂၅ နိုင်ငံတို့ကလည်း အဘက်ဘက်မှ ကူညီပံ့ပိုးပေးခဲ့ကြသည်။ ဗုဒ္ဓသာသနာထွန်းကားဆုံးဖြစ်သော မြန်မာနိုင်ငံသည် သူ့ကျွန်ဘဝ နှစ် ၁၀ဝ ခန့် ကြာမြင့်ခဲ့ပြီး သာသနာတော် လွန်စွာညှိုးနွမ်းလာခဲ့သည်။ သူ့ကျွန်ဘဝမှ လွတ်မြောက်လာသည်နှင့် သာသနာနှစ် ၂၄၉၈ နှစ်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတွင် ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ရသည်။ ဖဆပလ ဦးနုအစိုးရဦးဆောင်သော မင်းထုနှင့် သာသနာဝင်များ ပြည်သူလူထုစသော ထု ၃ ထု ပူးပေါင်းဆောင်ရွက်ပြီး ယခင် ပိဋကတ်တော်များကို ကျောက်ပြားပေါ်မှာ ဖတ်နေရာမှ အလွယ်တကူ ဖတ်မှတ်လေ့လာနိုင်ရန် ပိဋကတ်တော်များကို စာအုပ်များပေါ်တွင် ကူးပြောင်းရိုက်နှိပ်ပြီး ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ကြသည်။ ပိဋကတ်သုံးပုံကို တည်းဖြတ်ရာ၌ မန္တလေးပဉ္စမမူကို အခြေပြု၍ ထိုင်းမူ၊ ကမ္ဗောဒီးယားမူ၊ လာအိုမူ၊ သီဟိုဠ်မူ၊ လန်ဒန်ပီတီအက်စ်မူတို့နှင့် ညှိနှိုင်းတိုက်ဆိုင်၍ တည်းဖြတ်သုတ်သင်ကြသည်။ ထိုမူခြောက်ခုစလုံး၏ မူကွဲများကို သီခြားမှတ်တမ်းတင်၍ ပြုစုခဲ့လေသည်။{{sfn|သီတဂူဆရာတော် - သင်္ဂီတိ(သင်္ဂါယနာသမိုင်းအကျဉ်း)|p=၃၇}}